Monday, May 6, 2024

လားရှိုးမြို့ တစ်ပတ်အတွင်း ရုပ်အလောင်း ၂ လောင်းတွေ့

Must read

သျှမ်းပြည် လားရှိုးမြို့နယ်တွင် တစ်ပတ်အတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၂ လောင်း တွေ့ရှိကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းထံမှ စုံစမ်းသိရသည်။

လားရှိုးမြို့

ယမန်နေ့ ဇူလိုင် ၁၆ ရက် ညပိုင်းအချိန်တွင် လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရှိ ဘောလုံးကွင်းအတွင်း၌ သေဆုံးနေသည့် အမျိုးသား၏ အလောင်းကို တွေ့ရခြင်းဖြစ်ပြီး သေဆုံးသူသည် ပြင်ဦးလွင်မြို့မှ ဒေသခံ ဖြစ်ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်တွင်လည်း လားရှိုးမြို့ ရေကန်တောင်၊ ရေကန်အမှတ် (၄) နှင့် (၅) ကြားတွင် သေဆုံးနေလျက်ရှိသည့် အမျိုးသား၏ အလောင်းကို တွေ့ရှိထားသည်။

“များသောအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲပြီး နေစရာမရှိတဲ့ လူတွေပါ။ အလုပ်တွေလည်း မလုပ်နိုင်ဘူးပေါ့။ လားရှိုးမှာ ဒီလိုနေနေတဲ့သူတွေ အရမ်းများလာတယ်။ ဘယ်သူမှ တာဝန်မယူနိုင်ဘူး၊ ဘာမှလည်း မလုပ်ပေးနိုင်ဘူး “ ဟု လားရှိုးမြို့ဒေသခံ တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၊ လူနေထူထပ်များပြား လာသောကြောင့် ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုများလည်း မကြာခဏ ဖြစ်ပွားနေသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လတွင်လည်း လားရှိုးမြို့တွင် ယာဉ်တိုက်မှုများ၊ ဓားခုတ်မှုများနှင့် မူးယစ်ဆေးသုံးစွဲမှုများကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article