Saturday, January 31, 2026

ပင်လုံမြို့ နာနတ်သီးဈေးသည် သတ်ခံရ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့တွင် နာနတ်သီးရောင်းသူ အမျိုးသား တစ်ဦး နာနတ်သီး သွားပို့စဥ် သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ပင်လုံမြို့

ပြီးခဲ့သည့် ဇူလိုင် (၂၄) ရက်တွင် အသက် (၃၀) အရွယ် အမျိုးသားသည် နာနတ်သီး သွားပို့စဥ် သတ်ဖြတ်ခံရပြီး ဇူလိုင် (၂၅) ရက်တွင်ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

“သူ နာနတ်သီးသွားပို့စဥ်မှာ ဖြစ်သွားတာထင်တယ်။ သေဆုံးသူ ရုပ်အလောင်းကို ကြည့်ရတာ သူ့ရင်ဘတ်တွေ နောက်ကြောတွေမှာ ဓားဒဏ်ရာ နဲ့ သေဆုံးထားတာ တွေ့ရတယ်။ နှာဖူးမှာလည်း ရိုက်နှိက်ထားတဲ့ ဒဏ်ရာ တွေလည်းရှိတယ်” ဟု ပင်လုံဒေသခံ တစ်ဦး ကပြောသည်။

အဆိုပါ သေဆုံးသွားသူ စီးသွားသည့် ကား နှင့် ဖုန်းများလည်း ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

အလားတူ ပင်လုံမြို့ရှိ ရပ်ကွက်ရှိ လောင်းကစားရုံ နှင့် စျေးရောင်းပွဲတော် ရှိထားသည့်အတွက် ဒေသခံ ဆိုင်ကယ် မကြာခဏ ပျောက်ဆုံးမှုလည်း ရှိနေကြောင်း သိရသည်။

“စျေးရောင်းပွဲတော် နဲ့ လောင်းကစားဝိုင်းရှိ လာရင် ဆိုင်ကယ် ခနခနပျောက်တယ်။ ဒီလအတွင်း စျေးထဲမှာ (၃) စီးလောက်ပျောက်သွားပြီ။ ကျနော်တို့အိမ်ဘက်မှာ ၂ စီး နဲ့ စျေးအနောက်ဘက်မှာ ၁ စီး ပျောက်သွားပြီ။ တစ်စီးက သူ့ဆိုင်ကယ်ပေါ်မှာ ကြက်သွန်နီတွေ ခရမ်းချဥ်သီးတွေ တင်ထားတာကို သူခိုးက တင်ထားတဲ့ ပစ္စည်းကို ချပေးပြီးတော့ ဆိုင်ကယ် ခိုးယူသွားတယ်” ဟု ပင်လုံ ဒေသခံ တစ်ဦး ကပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း စျေးရောင်းပွဲတော် အများအပြားရှိလာြခင်း၊ လောင်းကစားဝိုင်း ရှိလာခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များပြားလာသည့်အတွက် ဒုစရိုက်လည်း များပြားလာခဲ့သည်။

စစ်တပ်မှ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလတွင် ပင်လုံမြို့အတွင်း နေထိုင်သည့် ပါညို ဆိုသူကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အမည်မသိ လူတစ်စုက အိမ်ထိလာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့ဖူးသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...