ပင်လုံမြို့ နာနတ်သီးဈေးသည် သတ်ခံရ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့တွင် နာနတ်သီးရောင်းသူ အမျိုးသား တစ်ဦး နာနတ်သီး သွားပို့စဥ် သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ပင်လုံမြို့

ပြီးခဲ့သည့် ဇူလိုင် (၂၄) ရက်တွင် အသက် (၃၀) အရွယ် အမျိုးသားသည် နာနတ်သီး သွားပို့စဥ် သတ်ဖြတ်ခံရပြီး ဇူလိုင် (၂၅) ရက်တွင်ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

“သူ နာနတ်သီးသွားပို့စဥ်မှာ ဖြစ်သွားတာထင်တယ်။ သေဆုံးသူ ရုပ်အလောင်းကို ကြည့်ရတာ သူ့ရင်ဘတ်တွေ နောက်ကြောတွေမှာ ဓားဒဏ်ရာ နဲ့ သေဆုံးထားတာ တွေ့ရတယ်။ နှာဖူးမှာလည်း ရိုက်နှိက်ထားတဲ့ ဒဏ်ရာ တွေလည်းရှိတယ်” ဟု ပင်လုံဒေသခံ တစ်ဦး ကပြောသည်။

အဆိုပါ သေဆုံးသွားသူ စီးသွားသည့် ကား နှင့် ဖုန်းများလည်း ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

အလားတူ ပင်လုံမြို့ရှိ ရပ်ကွက်ရှိ လောင်းကစားရုံ နှင့် စျေးရောင်းပွဲတော် ရှိထားသည့်အတွက် ဒေသခံ ဆိုင်ကယ် မကြာခဏ ပျောက်ဆုံးမှုလည်း ရှိနေကြောင်း သိရသည်။

“စျေးရောင်းပွဲတော် နဲ့ လောင်းကစားဝိုင်းရှိ လာရင် ဆိုင်ကယ် ခနခနပျောက်တယ်။ ဒီလအတွင်း စျေးထဲမှာ (၃) စီးလောက်ပျောက်သွားပြီ။ ကျနော်တို့အိမ်ဘက်မှာ ၂ စီး နဲ့ စျေးအနောက်ဘက်မှာ ၁ စီး ပျောက်သွားပြီ။ တစ်စီးက သူ့ဆိုင်ကယ်ပေါ်မှာ ကြက်သွန်နီတွေ ခရမ်းချဥ်သီးတွေ တင်ထားတာကို သူခိုးက တင်ထားတဲ့ ပစ္စည်းကို ချပေးပြီးတော့ ဆိုင်ကယ် ခိုးယူသွားတယ်” ဟု ပင်လုံ ဒေသခံ တစ်ဦး ကပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း စျေးရောင်းပွဲတော် အများအပြားရှိလာြခင်း၊ လောင်းကစားဝိုင်း ရှိလာခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များပြားလာသည့်အတွက် ဒုစရိုက်လည်း များပြားလာခဲ့သည်။

စစ်တပ်မှ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလတွင် ပင်လုံမြို့အတွင်း နေထိုင်သည့် ပါညို ဆိုသူကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အမည်မသိ လူတစ်စုက အိမ်ထိလာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့ဖူးသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...