Thursday, May 2, 2024

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ အရာရှိ နှင့် တပ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

Must read

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် ကွတ်ခိုင်မြို့နယ်ရှိ တိုးဂိတ်အနီးတွင် စစ်ကောင်စီ လက်အောက်ခံ အရာရှိ တစ်ဦး နှင့် တပ်သားတို့က အရက်တူတူသောက်ရာမှ စကားများပြီး အချင်းချင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အရက်အတူတူ သောက်နေတဲ့ အချိန် တပ်သားက အရာရှိရဲ့ ခြေထောက်ကို နင်းမိလို့တဲ့။ အဲ့ကနေ စကားတွေ များပြီး တပ်သားအဆင့် နဲ့ တစ်ယောက်က အရာရှိရဲ့ သေနတ်ကို ဝင်လုလိုက်တာ။ အဲ့သေနတ် နဲ့ အရာရှိရဲ့ ခြေထောက်ကို ပစ်လိုက်တာ အရိုးထိ သွားတယ်လို့ ပြောတယ်။ ခုထိ ဆေးရုံက မဆင်းရသေးဘူး” ဟု ကွတ်ခိုင်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် အရာရှိသည် ခြေထောက် တစ်ဖက် ကျိုးသွားပြီး၊ အရာရှိကို ပစ်သည့် တပ်သားကိုလည်း စစ်ကောင်စီတပ်မှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

လက်ရှိတွင် သေနတ်ပစ်ခံရသည့် အရာရှိသည် ဆေးရုံမှ မဆင်းရသေးကြောင်း၊ ပစ်လိုက်သည့် တပ်သားကိုလည်း အမှုစစ် မပြီးသေးသဖြင့် မိသားစုဝင် နှင့်တွေ့ခွင့် မပေးသေးကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး / လက်နက်ငယ် ထိတွေ့ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယင်းကဲ့သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article