Tuesday, January 27, 2026

ဇွဲထက်ဗုံးပေါက်ကွဲမှု အပြီး လားရှိုး ဒေသခံ နှစ်ဦးထက် မနည်း ဖမ်းဆီးခံရ

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့မဈေးအတွင်း ဖွင့်လှစ်ထားသည့် “ဇွဲထက်” ရွှေဆိုင်ရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး သည့်နောက်တွင် ဒေသခံ အမျိုးသား နှစ်ဦးထက်မနည်း ဖမ်းဆီးခံရမှု ရှိနေကြောင်း စုံစမ်းသိရသည်။

ဇွဲထက်ရွှေဆိုင်

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ ဗုံးပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီ တပ်သားများက အမှတ် (၁၀) ရပ်ကွက်၊ နယ်မြေ (၄) တွင် နေထိုင်သည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်ပြီး ဖမ်းတာတော့ မဟုတ်လောက်ပါဘူး။ တခြား အကြောင်းအရာနဲ့ ဖမ်းတယ်လို့ပဲ ထင်တယ်။ ဘာကြောင့် အဲ့လိုထင်ရလဲဆိုရင် ဒီ ဗုံးပေါက်ကွဲမှုက ပြည်သူတွေ လုပ်နိုင်မှာမှ မဟုတ်တာ။ လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေကပဲ အဲ့လို လက်နက်ရှိတာလေ။ ဒါတော့ တခြားက ကိစ္စကြောင့် ဖမ်းတာ ဖြစ်နိုင်တယ်” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ နှစ်ဦးသည် လားရှိုးမြို့ ရပ်ကွက် ၁၀ ၊ နယ်မြေ ၄ တွင် နေထိုင်သည့် လုံးအိုက်ခမ်း နှင့် လုံးအိုက်ရွှေတို့ ဖြစ်ကြပြီး စစ်ကောင်စီ စစ်ကား ၂ စီးဖြင့် လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“တစ်ယောက် တစ်နေရာစီ သွားဖမ်းကြတာပါ၊ သူတို့ အပြင် တခြားသူတွေလည်း ဖမ်းဆီးခံရတာတွေ ရှိတယ်။ အဲ့တာတွေတော့ စာရင်း မသိရဘူး၊ ဒါကြောင့် ဖမ်းဆီးခံရတဲ့ သူတွေက နှစ်ဦးထက်တော့ ပိုတယ်။” ဟု အထက်ပါ လားရှိုးဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုးမြို့မှ ဇွဲထက် ရွှေဆိုင် ဗုံးပေါက်ကွဲမှုတွင် ဆိုင်ဝန်ထမ်း တစ်ဦး သေဆုံးရသည့်အပြင် ထိခိုက်ဒဏ်ရာ ပြင်းထန်သည့် ဝန်ထမ်း ၃ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၃ ဦး ရှိနေကြောင်းလည်း သိရသည်။

ယင်းပေါက်ကွဲမှု နှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းမှ အခွန်ဆက်ကြေး တောင်းယူမှု နှင့် ဆက်စပ် ပတ်သက်နိုင်ကြောင်းလည်း ဒေသခံများက ပြောဆို ဝေဖန်နေကြသည်။

ပြီးခဲ့သည့် ဇွန်လတွင်လည်း လားရှိုးမြို့ရှိ Fully Light Hotel မှ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ Golden Hill Hotel တွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ် နှင့် အသောက စက်သုံးဆီပန့် ဆီဆိုင်တွင် ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...