ဇွဲထက်ဗုံးပေါက်ကွဲမှု အပြီး လားရှိုး ဒေသခံ နှစ်ဦးထက် မနည်း ဖမ်းဆီးခံရ

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့မဈေးအတွင်း ဖွင့်လှစ်ထားသည့် “ဇွဲထက်” ရွှေဆိုင်ရှေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး သည့်နောက်တွင် ဒေသခံ အမျိုးသား နှစ်ဦးထက်မနည်း ဖမ်းဆီးခံရမှု ရှိနေကြောင်း စုံစမ်းသိရသည်။

ဇွဲထက်ရွှေဆိုင်

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ ဗုံးပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီ တပ်သားများက အမှတ် (၁၀) ရပ်ကွက်၊ နယ်မြေ (၄) တွင် နေထိုင်သည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်ပြီး ဖမ်းတာတော့ မဟုတ်လောက်ပါဘူး။ တခြား အကြောင်းအရာနဲ့ ဖမ်းတယ်လို့ပဲ ထင်တယ်။ ဘာကြောင့် အဲ့လိုထင်ရလဲဆိုရင် ဒီ ဗုံးပေါက်ကွဲမှုက ပြည်သူတွေ လုပ်နိုင်မှာမှ မဟုတ်တာ။ လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေကပဲ အဲ့လို လက်နက်ရှိတာလေ။ ဒါတော့ တခြားက ကိစ္စကြောင့် ဖမ်းတာ ဖြစ်နိုင်တယ်” ဟု လားရှိုးမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ နှစ်ဦးသည် လားရှိုးမြို့ ရပ်ကွက် ၁၀ ၊ နယ်မြေ ၄ တွင် နေထိုင်သည့် လုံးအိုက်ခမ်း နှင့် လုံးအိုက်ရွှေတို့ ဖြစ်ကြပြီး စစ်ကောင်စီ စစ်ကား ၂ စီးဖြင့် လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“တစ်ယောက် တစ်နေရာစီ သွားဖမ်းကြတာပါ၊ သူတို့ အပြင် တခြားသူတွေလည်း ဖမ်းဆီးခံရတာတွေ ရှိတယ်။ အဲ့တာတွေတော့ စာရင်း မသိရဘူး၊ ဒါကြောင့် ဖမ်းဆီးခံရတဲ့ သူတွေက နှစ်ဦးထက်တော့ ပိုတယ်။” ဟု အထက်ပါ လားရှိုးဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုးမြို့မှ ဇွဲထက် ရွှေဆိုင် ဗုံးပေါက်ကွဲမှုတွင် ဆိုင်ဝန်ထမ်း တစ်ဦး သေဆုံးရသည့်အပြင် ထိခိုက်ဒဏ်ရာ ပြင်းထန်သည့် ဝန်ထမ်း ၃ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၃ ဦး ရှိနေကြောင်းလည်း သိရသည်။

ယင်းပေါက်ကွဲမှု နှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းမှ အခွန်ဆက်ကြေး တောင်းယူမှု နှင့် ဆက်စပ် ပတ်သက်နိုင်ကြောင်းလည်း ဒေသခံများက ပြောဆို ဝေဖန်နေကြသည်။

ပြီးခဲ့သည့် ဇွန်လတွင်လည်း လားရှိုးမြို့ရှိ Fully Light Hotel မှ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ Golden Hill Hotel တွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ် နှင့် အသောက စက်သုံးဆီပန့် ဆီဆိုင်တွင် ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...