တာချီလိတ်မြို့ အိမ်ခြေမဲ့ နေထိုင်သူ ၃ ဦး မတော်တဆ ကားတိုက်ခံရပြီး ၂ ဦးသေဆုံး

သျှမ်းပြည် တာချီလိတ်မြို့ အထွက်ရှိ ဗျူဟာကုန်း လမ်းအဆင်း လမ်းဘေးတွင် အိမ်ခြေမဲ့နေထိုင်သူ ၃ ဦး ထိုင်နေစဉ် ကားတစ်စီးမှ မတော်တဆ ဝင်တိုက်မိခဲ့ပြီး ၂ ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့

ယမန်နေ့ (ဇူလိုင် ၁၉) ရက် ည ၁၀ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ အထွက်ရှိ ဗျူဟာကုန်း လမ်းအဆင်းမှ လမ်းဘေးတနေရာတွင် ထိုင်နေသည့် အိမ်ခြေမဲ့ နေထိုင်သူ ၃ ဦးကို ကားတစ်စီးမှ မတော်တဆ ဝင်တိုက်မိပြီး ၂ ဦး သေဆုံးခဲ့ရာ ဝင်တိုက်သည့် ကားက ထွက်ပြေးသွားကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် ဦးလှမိုးတာချီလိတ် လူမှုကူညီရေးအသင်းက ပြောသည်။

“သူတို့က ပျံကျနေထိုင်တဲ့သူတွေ၊ ကားက လမ်းကနေလျော်ပြီး အရှိန်လွန် ဝင်တိုက်သွားတာ။ ကားလည်း ထွက်ပြေးတယ်။ အခုယာဉ်ထိန်းတွေက လိုက်နေတာပေါ့၊ မတွေ့သေးဘူး။ သူတို့ ၃ ယောက်ထဲက ၂ ယောက် သေတယ်။ အမျိုးသမီးတစ်ယောက် နဲ့ အမျိုးသားတစ်ယောက် တာချီလိတ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ် “ ဟု ၎င်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ မတော်တဆ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသည် မည်သည့် ဒေသမှလာသော ဒေသခံဖြစ်ကြောင်း မသိရသလို နာမည် နှင့် အသက်ကိုလည်း မသိရှိရကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် တာချီလိတ်မြို့သည် နယ်စပ်ဒေသ နှင့်နီးစပ်သည့် မြို့ကြီးဖြစ်သောကြောင့် ရွှေ့ပြောင်းအလုပ်သမားများ၊ လူနေထူထပ်မှု များပြားလာရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ခြင်း မရှိတော့သဖြင့် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“အဓိကတော့ ဆိုင်ကယ်မောင်းတဲ့သူက ဆိုင်ကယ် ဦးထုပ်ဆောင်းရင် အသက်အန္တရာယ်ကတော့ ၉၀ ရာခိုင်နှုန်း မစိုးရိမ်ရဘူး။ သူတို့က ဦးထုပ် မဆောင်းတဲ့အခါ ဖမ်းတုန်းခဏ၊ ပညာပေးတုန်းခဏ ပြီးရင် ပြန်ချွတ်ကြတာ။ တချို့ မော်တော်ပီကယ်မြင်မှ ဦးထုပ်ဆောင်းတယ်။ အဲ့လိုမျိုးဖြစ်နေတော့ မပြောကောင်း၊ မဆိုကောင်း လက်ကျိုးရင် စတီးပြန်ထည့်လို့ရတယ်။ ဦးထုပ်မဆောင်းတဲ့ အခါကြတော့ သတိလှစ်မယ်။ မတော်တဆ အသက်ဆုံးရှုံးမယ် “ ဟု တာချီလိတ်မြို့ ယာဉ်ထိန်းရဲ သမားတစ်ဦးက ပြောသည်။

အလားတူ ယာဉ်တိုက်မှုများ လျော့ပါးသွားစေဖို့ ရဲတပ် နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ပေးခြင်းဖြင့် မကြာခဏ ပြုလုပ်ပေးစေလိုကြောင်း ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်မှ ယနေ့ (ဇူလိုင် ၂၀ )ရက်အထိ တာချီလိတ်မြို့တွင် မတော်မဆ ယာဉ်တိုက်မှုများ၊ တိမ်းမှောက်မှုများသည် စုစုပေါင်း ၁၁ ကြိမ် ဖြစ်ပွားနေပြီး ၃ ဦးသေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...