သျှမ်းပြည်တွင်း အိမ်ခြေမဲ့သူ တစ်လကို ၃ ဦးနှုန်း သေဆုံး

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူများပြားလာရာမှ တစ်လကို အနည်းဆုံး ၃ ဦးနှုန်း သေဆုံးနေပြီး အိမ်ခြေမဲ့ နေထိုင်သူကို ပြန်လည်နေရာ ချထားရေး ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

သဂြိုလ်ခွင့် အမှတ်စဥ်

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် နှင့် ဇူလိုင် ၁၆ ရက်တွင် လားရှိုးမြို့နယ် လွိုင်လွမ့်ကျေးရွာရှိ ဘောလုံးကွင်း နှင့် လားရှိုးမြို့ ရေကန်တောင် အမှတ် (၄) နှင့် (၅) ကြား၌ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလားတူ ဇူလိုင် ၁၈ ရက်တွင် သိန္နီမြို့ အမှတ် ၃ ရပ်ကွက် ပိန်းအွယ်ကုန်းရှိ လူမနေသည့် နေအိမ်တစ်လုံးထဲ၌ အမည် နှင့် နေရပ်လိပ်စာ မသိရှိရသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ အလောင်းကို ထပ်တွေ့ရှိခဲ့ကြောင်း ၎င်းကိုသွားရောက် ကူညီခဲ့သည့် အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း သိန္နီမြို့နယ်တွင် ပိုင်ရှင်မဲ့ အလောင်း ၁၀ ဦးခန့် တွေ့ရှိရပြီး သေဆုံးသူ အများစုသည် မူးယစ်ဆေးဝါးကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

“သိန္နီမှာတော့ အိမ်ခြေရာမဲ့ များတယ်။ ပြီးခဲ့တဲ့ အရင်လတွေကလည်း သေတယ်။ ဒီနှစ်ထဲမှာဆိုရင် ၈ ယောက်၊ ၉ ယောက်လောက် ရှိနေပြီ။ အဲ့လို အိမ်ခြေမဲ့ နေထိုင်သူတွေကလည်း တစ်မြို့နယ်လုံးမှာ ၁၀၀ ဝန်းကျင်လောက် ရှိတယ်။ ကားလမ်းဘေးမှာရှိတဲ့ လူမနေအိမ်တို့၊ လူလွတ်တဲ့ နေအိမ်တို့မှာ နေကြတာများတယ် “ ဟု ၎င်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးကြောင့် အိမ်ခြေမဲ့အဖြစ် နေထိုင်သူ များပြားလာပြီး မကြာခဏ သေဆုံးခြင်း နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းမှ တာဝန်ယူပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုများ၊ အိမ်ခြေမဲ့ နေထိုင်သူများကို ပြန်လည်နေရာချထားရေး ပြုလုပ်စေလိုကြောင်း ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

“မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ၊ အိမ်ခြေမဲ့ နေထိုင်တဲ့ သူတွေကို ထိန်းပြီး ပြန်လည်နေရာချထားရေး၊ ပြုပြင်ရေး စခန်းတို့ လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ ဟိုမှာတစ်လောင်းတွေ့တယ်၊ ဒီမှာတစ်လောင်းတွေ့တယ် မဖြစ်တော့ဘူး။ ပြီးတော့ ပြည်သူတွေအနေနဲ့လည်း သွားလာတဲ့အခါကြရင် ပိုပြီးစိတ်ချရတော့ရမယ်။ သူတို့ကတော့ ဘာမှမလုပ်ပါဘူး။ မူးယစ်ဆေးဝါးသုံးတဲ့သူတွေဆိုတော့ ကြောက်တယ်လေ “ ဟု ၎င်းဒေသခံ တစ်ဦးက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း လားရှိုးမြို့နယ်အတွင်း ယာဉ်တိုက်မှုများ၊ ဓားခုတ်မှုများ နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...