ပင်လုံမြို့နယ် ဘုန်းကြီးကျောင်း မီးလောင်

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ ဝမ်နောင်ကျေးရွာရှိ ဆောက်လက်စ ဘုန်းကြီးကျောင်း ယနေ့ (ဇူလိုင် ၂၁) ရက် နံနက်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

Photo – Credit (မီးလောင်သွားသည့် ဘုန်းကြီးကျောင်း)

ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင် ၂၁) ရက် နံနက်အစောပိုင်း အချိန်၌ ပင်လုံမြို့နယ် ဝမ်နောင်ကျေးရွာရှိ ဆောက်လက်စ ဘုန်းကြီးကျောင်းဆောင်သည် မီးလောင်မှု ဖြစ်ပွားပြီး ကျောင်းဆောင် ၁ ဆောင်လုံး မီးလောင် ပျက်စီးဆုံးရှုံးမှုရှိပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၃၀၀ ခန့် ရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ဦးဇင်းက ဘုရားရှိခိုးနေတုန်း ကျောင်းမှာ မီးလောင်နေတာတွေ့တော့ ကျနော်ဆီကို ဖုန်းဆက် အကြောင်းကြားလာတာ။ တိုင်ခြေတစ်လုံး ရဲ့ အောက်ကနေစပြီး တိုင်ထိပ်ပြီး မီးစလောင်တာ။ တိုင်ရဲ့ အောက်မှာက သစ်သား အမှိုက်စ တွေ ရှိတယ်လေ။ ထင်တာတော့ ဆေးလိပ်သောက်ပြီး မီးကို သေချာမငြိမ်းခဲ့လို့ အဲ့သစ်သား အမှိုက်စကနေပြီး မီးလောင်တာပဲလို့ ထင်တာပဲ “ ဟု ၎င်းက ပြောသည်။

မီးလောင်သွားသည့် ဘုန်းကြီးကျောင်း

အဆိုပါ မီးလောင်မှုကြောင့် ဆောက်လက်စ ကျောင်းဆောင် ၁ ဆောင်လုံး မီးလောင်ပျက်စီးဆုံးရှုံး သွားခဲ့ကြောင်း သိရသည်။

လက်ရှိ ဆောက်လက်စ ကျောင်းဆောင်အသစ်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ ဆောက်လုပ်ခဲ့ရာ ၅ နှစ်ခန့် ကာလအတွင်း ၈၅ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ကျောင်းကတော့ ဆောက်လုပ်နေတာ ကြာပါပြီ။ ၄ နှစ်ကျော် ၅ နှစ်လောက် ရှိနေပြီ။ ဆောက်နေတာ အတော်လေးကို ပြီးနေပြီ။ ၈၅ ရာခိုင်နှုန်းလောက် ဆောက်လုပ်ပြီးစီးပြီး ၁၅ ရာခိုင်နှုန်းလောက်တာ ကျန်တယ်။ အခုတော့ ဒီလိုဖြစ်လာတာ ခေါင်းရှုပ်တာပေါ့။ ၄ ပုံ ၁ ပုံမှာသာ ပြန်ယူလို့ရတယ် “ ဟု ၎င်းက ထပ်လောင်း ပြောသည်။

ထို့အပြင် မီးလောင်မှုကြောင့် ပျက်စီးသွားခဲ့သည့် ကျောင်းဆောင်များကို ပြန်လည်ပြုပြင်ရန် လက်ရှိမှာ ငွေရေးကြေးရေး အခက်ခဲရှိနေကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ ၁၃ ရက်တွင်လည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကိုရင်တစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်သွားခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...