တပ်ကနေ ထွက်ပြေးတဲ့ တပ်သားကို ပြန်ဖမ်းမိ၊ သေဆုံးသည်အထိ ရိုက်နှက်မှုဖြစ်ပွား

သျှမ်းပြည် ပင်လောင်းမြို့ တောင်ဘက် အထွက်နားရှိ စစ်ကောင်စီ၏ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းမှ ထွက်ပြေးသည့် တပ်သားတစ်ဦးကို ပြန်လည်ဖမ်းမိပြီး သေဆုံးသည်အထိ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။

Photo – Credit (ပုံ – ဟောင်း/ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းက အခြေခံတပ်သားသစ် သင်တန်းဆင်းပွဲ)

ပြီးခဲ့သည့် ဇူလိုင်လ (၁၂) ရက်တွင် ကိုကြွက်နီ (အပေါင်းအသင်းများမှ ခေါ်သောနာမည်၊ နာမည်အရင်းမသိရ) အပါအဝင် တပ်သား ၅ ဦး ထက်မနည်းသည် စစ်ကောင်စီ၏ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းမှ ထွက်ပြေးခဲ့ရာ ကိုကြွက်နီက ပြန်လည်ဖမ်းဆီးခံရပြီး သေဆုံးသည် အထိ ရိုက်နှက်ခံရကြောင်း အတူထွက်ပြေးလွတ်မြောက် သည့် တပ်သား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထွက်ပြေးခဲ့တုန်းကတော့ ကျနော်တို့ အတူတူ ထွက်ပြေးခဲ့ကြတာပါ၊ ဒါပေမဲ့ ကိုကြွက်နီက လူစုနဲ့ ကွဲပြီး လမ်းမှား သွားတာ၊ သူ့ကို ပြန်ဖမ်းမိသွားတယ်၊ သူ့ကို ရိုက်နှက် စစ်ဆေးကြတာပေါ့ဗျာ၊ သူဆုံးသွားပြီ” ဟု ကိုကြွက်နီ နှင့် အတူ အတူထွက်ပြေးလွတ်မြောက်သည့် တပ်သား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit (ပုံ – ဟောင်း/ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းက အခြေခံတပ်သားသစ် သင်တန်းဆင်းပွဲ)

ကိုကြွက်နီ သေဆုံးမှု နှင့် ပတ်သက်ပြီး ဇူလိုင်လ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့က မိသားစုဝင်များကို နှလုံးသွေးကြောကျဉ်းမှုကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု အကြောင်းကြားခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် သေဆုံးသည့် ကိုကြွက်နီ၏ ရုပ်အလောင်းကို ကလောမြို့ရှိ ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံသို့ ပို့ဆောင် ထားပြီး မိသားစုဝင်များက တွေ့ခွင့်တောင်းထားကြောင်းလည်း သိရသည်။

“သူ့မိသားစုဝင်တွေကို နှလုံးသွေးကြောကျဥ်းရောဂါ နဲ့ သေသွားတယ်လို့ အကြောင်းကြားလိုက်တယ်။ ခုလည်း ကုတင် ၁၀၀ ဆံ့ စစ်ဆေးရုံက ရင်ခွဲရုံကို ပို့ထားနေတယ်ဆိုလို့ မိသားစုဝင်တွေက တွေ့ခွင့်၊ အလောင်းပြန်ရခွင့် တောင်းနေတယ်။ ရ၊ မရတော့ မသိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ ကိုကြွက်နီသည် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် တစ်ဦးဖြစ်ပြီး အမှတ် (၄) စစ်ကောင်စီ လေ့ကျင့်ရေး တပ်စခန်းအတွင်း ရောက်လာသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်းလည်း တပ်နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ အမှတ် (၄) လေ့ကျင့်ရေး တပ်စခန်းအတွင်းတွင် သင်တန်းသား ၂၀၀ နီးပါး ရှိနေပြီး အများစုက အဓမ္မ စစ်သားစုဆောင်းခံရသူများ ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...