မြန်မာနယ်စပ် အွန်လိုင်းရာဇာဝတ်မှု နှိမ်နင်းရန် တရုတ်အစိုးရ တိုက်တွန်း

မြန်မာပြည်နယ်စပ် သျှမ်းပြည်အတွင်း အများအပြားရှိသည့် အွန်လိုင်းရာဇာဝတ်မှုများကို နှိမ်နင်းရန် တရုတ်အစိုးရ က စစ်ကောင်စီကို တိုက်တွန်းပြောဆိုလိုက်သည်။

“ဝ” ဒေသ မိုင်းပေါက်မြို့

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai သည် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် ဇူလိုင် ၂၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံချိန်တွင် တရုတ်သံအမတ်က မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် မြန်မာနယ်စပ်ဒေသများတွင် အွန်လိုင်းရာဇာဝတ်မှုများ ဆက်လက်များပြားနေပြီး၊ တရုတ် – မြန်မာနှစ်နိုင်ငံ ပြည်သူများ၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ဆိုးရွားစွာ ထိခိုက်နေသဖြင့် ဆက်သွယ်ရေး လိမ်လည်မှု ရာဇာဝတ်မှုများကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းမည်ဟု ဆွေးနွေးခဲ့ကြသည်။

လောက်ကိုင်မြို့

အဆိုပါ ရာဇာဝတ်မှုများ ပျံ့နှံ့နေမှုအတွက် တရုတ် – မြန်မာ နှစ်နိုင်ငံ၊ တရုတ် – မြန်မာ – ထိုင်း သုံးနိုင်ငံ ပူးပေါင်း တိုက်ဖျက် နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ထို့အပြင် ဆက်သွယ်ရေးလိမ်ညာမှု ရာဇာဝတ်မှု ဆက်လက်ပျံ့နှံနေသဖြင့် အိမ်နီးချင်းများနှင့် ပူးပေါင်းနှိမ်နင်းမှု လုပ်သင့်ကြောင်း၊ ဆက်သွယ်ရေး လိမ်လည်မှု ခိုအောင်းနေသည့် နေရာများကို အစွမ်းကုန် နှိမ်နင်းပြီး ပိတ်မိနေသော တရုတ်နိုင်ငံသားများကို ကယ်တင်ကာ မြန်မာနိုင်ငံ ပြည်တွင်းရှိ ဆက်သွယ်ရေး လိမ်လည်မှု အွန်လိုင်းလောင်းကစားမှု အကြွင်းအကျန်များကို အမြစ်ဖြတ်ပစ်ရမည် ဖြစ်ကြောင်း တရုတ်သံရုံး ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အွန်လိုင်း လိမ်ညာမှု အများစုမှာ မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ မိုင်းပေါက်မြို့နယ် တို့အပြင် မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့ နှင့် မြဝတီ ရွှေကုက္ကိုလ် တွင် တရားမဝင် ဖွင့်လှစ်နေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး တရိပ်ရိပ်ကျဆင်းလာပြီး အလုပ်လက်မဲ့ လူငယ်များလာကြသည်။

ထို့နောက် ငွေကြေး အဆမတန်ပေးသည့် အွန်လိုင်းလိမ်ညာမှုလုပ်ငန်းခွင်ကို လူငယ်များက ရောက်ရှိသွားကြောင်း၊ ထိုနေရာတွင် အလုပ်သွားလုပ်သည့် လူငယ်များသည် လူကုန်ကူးမှု ခံရပြီး ပြန်လွှတ်လာသည့် သူအများစုများရှိသည်။

“ဝ” ဒေသ မိုင်းပေါက်မြို့

“ဒီ လောက်ကိုင်၊ မိုင်းပေါက်ဘက် လူကုန်ကူးမှုခံနေရတာထဲမှာ ထိုင်းအမျိုးသမီးတွေလည်း ပါတယ်။ မနှစ်က ကျနော်တို့ အဖွဲ့က ထိုင်း ၃ ယောက်လောက် ကယ်တင်နိုင်ခဲ့ပါတယ်။” ဟု Alliance Anti Trafi (AAT) အဖွဲ့မှ စိုင်းဂွဏ်းက ပြောသည်။

လက်ရှိမှာလည်း လောက်ကိုင်မြို့နယ် အတွင်းသို့ ထိုင်းအမျိုးသမီး တစ်ဦး လူကုန်ကူးခံနေရကြောင်း၊ ထိုင်းအမျိုးသမီးကို ကယ်ထုတ်နိုင်ရန်အတွက် ထိုင်းအာဏာပိုင်များက ကြိုးစားနေဆဲ ဟု ထိုင်းအာဏာပိုင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဝ” ဒေသ အတွင်း အလုပ်သွားလုပ်တဲ့သူများ ကိုထားရှိတဲ့နေရာ

“ လောက်ကိုင်ဘက်ကို ဘယ်လိုရောက်သွားလဲမသိဘူး။ ကျနော်တို့ဆီကို Line ကနေ ဆက်သွယ်လာတယ်။ လောဆယ်တော့ ကျနော်တို့လည်း ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်။ ကျနော်အထင် ဒီထက်များနိုင်တယ်” ဟု ထိုင်းအာဏာပိုင် တစ်ဦးက ဆိုသည်။

ထိုအွန်လိုင်းလိမ်လည်မှု လာရောက်ဖွင့်သူများသည် တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်း နှင့် မြန်မာနယ်စပ်တကြောရှိ အွန်လိုင်းလိမ်လည်မှု ရာဇာဝတ်မှုများတွင် မြန်မာစစ်ကောင်စီ အဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိနေကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားကြောင့် သျှမ်းပြည်တွင် ခိုးဆိုးလုယက်မှုများ မြင့်တက်

0
သျှမ်းပြည်အတွင်း အလုပ်အကိုင်မတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အွန်လိုင်း လောင်းကစား ဂိမ်းများ ပျံ့နှံ့လာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။ သျှမ်းပြည်အတွင်း ခိုးဆိုးလုယက်မှု ကျူးလွန်သူအများစုသည် အသက် ၂၀ မှ ၃၅ နှစ်ကြား လူငယ်၊လူလတ်ပိုင်းများဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားများကြောင့် ငွေကြေး လိုအပ်ရာမှ ပြစ်မှုကျူးလွန်မှု...