ကွတ်ခိုင်မြို့နယ် ရေခဲချောင်း လှည့်ရောင်းချသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း ရေခဲချောင်း လှည့်ရောင်းချနေသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံထားရသည့် ဒဏ်ရာများ နှင့် သေဆုံးနေလျက်ရှိကြောင်း စုံစမ်းသိရသည်။

.

ယမန်နေ့ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်တွင် ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာအနီးရှိ လမ်းဘေး၌ ဆိုင်ကယ်ဖြင့် ရေခဲချောင်းလှည့်ရောင်းချသူ အမျိုးသားတစ်ဦးသည် ဒဏ်ရာဒဏ်ချက်များ နှင့် သေဆုံးနေလျက်ရှိကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည် ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ သိရသည်။

“ ဒဏ်ရာတွေက လည်ပင်းဖောက်ဝင် ဒဏ်ရာတစ်ခု၊ မျက်စိမှာလည်း ဒဏ်ရာတစ်ခု၊ ရင်ဘတ်မှာလည်း နည်းနည်းတွေ့တယ်။ သေနတ် နဲ့ ထိထားတာ။ ကျနော်တို့ကို လမ်းဘေးမှာ လူတစ်ယောက်လဲနေတယ်လို့ အကြောင်းကြားလာတာ “ ဟု ၎င်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ဒဏ်ရာဒဏ်ချက်ဖြင့် သေဆုံးနေသူ အမျိုးသားတစ်ဦးသည် အသက် ၄၁ နှစ်အရွယ် ကိုသိန်းရွှေ ဖြစ်ပြီး လက်ရှိမှာ အလောင်းကို မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တစ်နေ့ကို ၂ ကြိမ်ခန့် ဓားခုတ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှု စသည့် ဒုစရိုက်များ ဖြစ်ပွားနေလျက်ရှိကြောင်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။

“ မကြာခဏတောင် မဟုတ်တော့ဘူး။ တစ်နေ့ကို တစ်ခါ၊ နှစ်ခါ လောက်ဖြစ်တယ်။ အခုနောက်ပိုင်းမှ ဒီလိုတွေ ဖြစ်တာပေါ့။ အရင်ကတော့ ဒီလိုမျိုး မဖြစ်ဘူး။ ဒီလိုတွေ ဖြစ်တော့လည်း အပြင်ထွက်တဲ့အခါ ကြောက်ရတယ်။ လူတွေအကုန်လုံးက အခုချိန်မှာ ကြောက်ရတယ်လေ၊ ကျနော်လည်း အဲ့လိုကြောက်ရတဲ့ ခံစားချက်လေးရှိတာပေါ့ဗျာ “ ဟု ကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်မြို့အပြင် လားရှိုး၊ မူဆယ်၊ တာချီလိတ် စသည့် မြို့ပြကြီးတွင် သူခိုး၊ ဓားပြ၊ လုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့် ဒေသခံများသည် အပြင်သို့ သွားလာတိုင်း စိုးရိမ်စိတ်ဖြင့် သွားလာနေရပြီး လုံခြုံရေးမရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...