Tuesday, January 27, 2026

လားရှိုးမြို့နယ် Sunny Hotel မှာ ဗုံးနှစ်လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ် အမှတ် (၆) ရပ်ကွက်မှ သိန်းထိုက်ရုပ်ရှင်ရုံ အနီးရှိ Sunny Hotel တွင် ယနေ့ (သြဂုတ် ၆) ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ယနေ့ သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင် အချိန်တွင် လားရှိုးမြို့ အမှတ် (၆) ရပ်ကွက်ရှိ Sunny Hotel တွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရပြီး မီးခိုးများလည်း ထွက်လာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသံက အကျယ်ကြီး ကြားလိုက်ရတယ်၊ မြေကြီးတောင် တုန်သွားတယ်၊ အဲ့နောက်မှာ Sunny Hotel ရှေ့က မီးခိုးတွေ ထွက်လာတာပဲ၊ မီးပါလောင်တာလား မသိဘူး၊ အခုတော့ အဲ့ဒီအရှေ့မှာ မီးသတ်ကား တွေ၊ ရဲကားတွေ ရောက်လာတာ တွေ့ရတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Sunny Hotel

လက်ရှိတွင် ဗုံးပေါက်မှု ဖြစ်သည့် Sunny Hotel ရှေ့ ၌ လုံခြုံရေး အင်အားများစွာ ရောက်ရှိ လာသည့် အပြင် ရပ်ကွက် (၆) အတွင်းမှ လမ်းကြားများဖြစ်ကြသည့် သုခလမ်းသွယ် နှင့် ရွှေသံလွင်လမ်းသွယ်တို့ ကလည်း စစ်ကောင်စီအင်အားများ ပိတ်ထားကြောင်း သိရသည်။

ဗုံးပေါက်မှုဖြစ်သည့် နေရာသည် Sunny Hotel ၏ အပေါ်ဆုံးအထပ်တွင် ဖြစ်သည်ဟု သိရပြီး ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုများကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

“ဘယ်တပ်ဖွဲ့က လာထောင်သွားလဲ မသိဘူး၊ ပေါက်ကွဲမှုက ဟိုတယ်ရဲ့ အပေါ်ထပ်ဆုံးမှာ ဖြစ်တော့ ကျမတို့လည်း နားမလည်နိုင်ဘူး ဖြစ်နေတယ်၊ ပြီးတော့ လုံခြုံရေေးအတွက်လည်း ပိုပြီး စိုးရိမ်ရတာပေါ့” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Sunny Hotel သည် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းမှာလည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဗုံးထောင်မှုများသည် လက်နက်ကိုင် အဖွဲ့အစည်းများမှ ဆက်ကြေးကောက် တောင်းယူမှုအတွက် ခြိမ်းခြောက် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းလည်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင်းတွင် ခိုးဆိုးလုယက်မှုများအပြင် တိုက်ပွဲများ၊ ဗုံးပေါက်ကွဲမှုများ၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားမှုကြောင့် ပြည်သူများသည် လုံခြုံမှုမရှိကာ စိုးရိမ်ကြောက်လန့်မှုနဲ့ နေထိုင်ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...