Monday, July 22, 2024

တောင်ကြီးမြို့ကျောင်းကားတိမ်းမှောက် ကလေးများ ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်အတွင်း ယနေ့ (သြဂုတ် ၁၄) ရက် နံနက် ၈ နာရီတွင် ကျောင်းကားတစီးတိမ်းမှောက်ကာ ကလေးငယ်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (သြဂုတ် ၁၄) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ရေအေးကွင်းရပ်ကွက်ရှိ အ.ထ.က (၁၀) ကျောင်း ရှိရာသို့ မောင်းနှင်လာသည့် ကျောင်းကားတစ်စီးသည် ဘုရားဖြူရပ်ကွက် ရပ်တော်မှု အဆင်းလမ်း၌ မတော်တဆ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

“ကားထဲမှာတော့ ကျောင်းသား၊ သူ ၂၀ ယောက်လောက်ပါတယ်။ ၁၀ ဦးလောက်တော့ ဒဏ်ရာ အနည်းအကျဉ်း ပွန်းပဲ့ဒဏ်ရာလေး ရသွားတာပေါ့။ ကြီးကြီးမားမားတော့ မဖြစ်ဘူး။ ခြေတွေ၊ လက်တွေမှာ ပွန်းပဲ့ဒဏ်ရာလောက်ပဲ “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းကားတစ်စီး တိမ်းမှောက်သွားသည့် ဘုရားဖြူရပ်ကွက်အတွင်း လက်ရှိမှာ လမ်းပြုပြင်ရေး ဆောက်လုပ်နေသဖြင့် လမ်းများပျက်စီးနေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၆) တန်းမှ (၁၂) တန်း အရွယ်ရှိ ကျောင်းသား၊ သူ များကို စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးဝါးကုသပေးနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article