ကျောက်မဲ ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပေါက်ကွဲမှုဖြစ် စည်ပင်အရာရှိ အပါအဝင် (၂) ဦး သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့ရှိ မြို့တော်ခန်းမ အနီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး စည်ပင်အရာရှိအပါအဝင် သေဆုံးသူ (၂) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရှိရသည်။

.

ယနေ့ (သြဂုတ် ၆) ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာဌာနများ စည်းဝေးပြုလုပ်နေစဥ် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စည်ပင် အရာရှိ တစ်ယောက် နဲ့ EPC ဝန်ထမ်းတစ်ယောက် ဆုံးသွားတယ်လို့ သိရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကတော့ သူ့လက်မှာ ဗုံးကျည် ထိမှန်သွားတယ်။ ခုလောလောဆယ် သိရသလောက်ကတော့ ၂ ယောက် သေဆုံးသွားတယ်။ ပုံမှန်က သူတို့ စည်းဝေးလုပ်ရင် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ မလုပ်ဘူး။ ဗုံးကို လာပစ်သွားတယ်လို့တော့ ပြောကြတယ်။ သေနတ်လည်း ပစ်သွားတယ်” ဟု ကျောက်မဲဒေသခံ အမျိုးသမီးက ဆိုသည်။

လက်ရှိမှာ သက်ဆိုင်ရာ အာဏာပိုင်များ စစ်ဆေးမှု ပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာ ရသူ နှင့် သေဆုံးသူများကို ကျောက်မဲဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ဆေးရုံမှာတော့ ကားတွေ၊ လူတွေ ပြည့်နေတယ်။ အလောင်းကော ထိခိုက်ဒဏ်ရာ ရတဲ့သူတွေ အကုန်လုံး။ သတင်း အတိအကျတော့ မသိရသေးဘူး။ ခုက သတင်းအမှားတွေလည်း ဖြန့်နေကြတယ်။ လောလောဆယ်တော့ ကျမတို့ အတည်ပြုပြောနိုင်တာက သေဆုံးသူ ၂ ယောက် နဲ့ ထိခိုက်ဒဏ်ရာရတဲ့သူ ၁ ဦးပဲ ရှိသေးတယ်” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်း ဗုံးလာရောက် ပစ်သူကို မည်သူမည်ဝါ မသိရှိသေးပေ။ သျှမ်းသံတော်ဆင့်မှ ဆက်လက် ဆုံးစမ်းနေဆဲဖြစ်သည်။

ကျောက်မဲမြို့နယ်သည် စစ်ကောင်စီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသော ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ လှုပ်ရှားရာ နယ်မြေဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလတွင်လည်း ကျောက်မဲမြို့ရှိ မြို့နယ်စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်ညတွင်လည်း ကျောက်မဲမြို့ ခရိုင်ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အဦးပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...