အဒေါ်၏ ရည်းစားလက်ချက်ကြောင့် အသတ်ခံရသည့် ထိုင်းရောက် သျှမ်းကလေး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်းနေထိုင်သည့် အသက် (၆)နှစ် အရွယ်ရှိ သျှမ်းရွှေ့ပြောင်း ကလေးငယ်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

.

ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲ ကလေးကျောင်းဆင်းချိန်၌ အသက် (၂၉) နှစ်အရွယ် စိုင်းကောင်ခမ်းဆိုသူက သွားကြိုပြီး ချင်းမိုင်ခရိုင် ဟန်တုန်းမြို့နယ်အတွင်းခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ပြီး ရေကန်ထဲ ပစ်ချခဲ့ကြောင်း သိရသည်။

Photo – Chiang Mai News

စိုင်းကောင်ခမ်းသည် ၎င်းသတ်ဖြတ်ခဲ့သည့် ကလေးငယ်၏ အဒေါ်နှင့် ချစ်သူဖြစ်ခဲ့ဖူးပြီး လွန်ခဲ့သည့် တလတွင် လမ်းခွဲခဲ့ကြသည်။ ထို့နောက် အဒေါ်ဖြစ်က ၎င်း၏ အချစ်ကို ပြန်လက်မခံသဖြင့် ကလေးငယ်ကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသတ်ဖြတ်ခံရသည့် ကလေး၏ ရုပ်အလောင်းကို ချင်းမိုင်ခရိုင် ဟန်တုန်းမြို့နယ်အတွင်းရှိ ရေကန်ထဲတွင် ယနေ့ ဩဂုတ် ၁၆ ရက်တွင် ကျောင်းဝတ်စုံဖြင့် သေဆုံးနေလျက် ပြန်တွေ့ခဲ့သည်။

“ သူဘာကြောင့် အဲလိုလုပ်တာလည်းတော့ အတိကျ မပြောနိုင်ဘူး။ ကလေးကို သတ်သွားတဲ့သူကလည်း ကလေးနဲ့ ဦးလေးတော်တယ်။ သူက ကျနော်မိန်းမ ရဲ့ ညီမလေးနဲ့ ရည်းစား ဖြစ်နေတာ။ လမ်းခွဲပြီးတော့ သူက ပြန်ကောင်းချင်တာ။ ပြန်မကောင်းလို့ဆိုပြီးတော့ ကျနော်တို့ ကလေးကို ကျောင်းမှာသွားကြိုပြီး ခေါ်သွားလိုက်တာ” ဟု ကလေး၏ ဖခင်ဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ကလေးကို သတ်ခဲ့သည့် စိုင်းကောင်ခမ်းကို ထိုင်းအရာရှိရဲတွေက ဖမ်းဆီးထားလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

စိုင်းကောင်ခမ်းသည် အသက် (၂၉) နှစ်အရွယ်ရှိပြီး သျှမ်းပြည် ပင်လောင်းမြို့ ဒေသခံတစ်ဦးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...