Sunday, February 1, 2026

CATEGORY

မှုခင်း

နမ့်ဆန်မြို့နယ်အတွင်း မီးလောင်မှုကြောင့် တစ်ဦးသေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး အပါအဝင်၊ နေအိမ်အများအပြားက မီးလောင်ပျက်စီးရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီ ၂၁) ရက်နေ့ နံနက် ၂ နာရီကျော် မှ စတင်ကာ နမ့်ဆန်မြို့နယ် ငွန်းဆိုင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပြီး...

နမ့်လန်မြို့မစျေးအနီး ရွှေဆိုင် တစ်ဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့နယ်ခွဲရှိ ရွှေဆိုင်တစ်ဆိုင်အတွင်း လက်နက်ကိုင် အမျိုးသား (၃) ဦး ဝင်ရောက်ဓားပြတိုက်ရာ အမျိုးသား (၁) ဦး ဖမ်းဆီးရမိကြောင်း စုံစမ်း သိရှိရသည်။ ယနေ့ ဧပြီ (၂၀) ရက် မနက်ပိုင်းချိန်က လက်နက်ကိုင် အမျိုးသား (၃) ဦးမှ နမ့်လန်စျေးအနီးရှိ...

မီးလောင်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ရာမှ မီးထဲသံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်တစ်ပါး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဧပြီ ၁၉) ရက် ည (၉) နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး သက်တော် (၇၀) ခန့်ရှိ ဆရာတော်တစ်ပါး...

တာချီလိတ် ရာဘာခြံတစ်ခြံ မီးလောင်မှုဖြစ် ဒေသခံများ စိုးရိမ်

မြန်မာ - ထိုင်း နယ်စပ် သျှမ်းပြည် တာချီလိတ်မြို့ရှိ ရာဘာခြံတစ်ခြံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်များ မီးကူးစက်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ ဧပြီ (၁၉) ရက် ည (၇) နာရီခွဲကျော်က တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ကချင်ရွာအနီး ရာဘာတောတစ်ခုမှာ...

ဆီဆိုင်မြို့နယ် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီး

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ကယန်းလေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံ အိမ်ခြေ ၃၀ ကျော် ပျက်စီးဆုံးရှုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၁၇ ရက်) ညနေပိုင်းတွင် ဆီဆိုင်မြို့နယ် ကယန်းလေးရွာမှာ လေပြင်း တိုက်ခိုက်မှုကြောင့် ဒေသခံ အိမ်ခြေ ၃၀ ကျော်တွင် အိမ်ခေါင်မိုး...

သျှမ်းပြည်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ ၆ ဦးရှိ

သျှမ်းပြည် မူဆယ်မြို့နယ်၊ သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် ရွှေလီမြစ်အတွင်း ရေဆင်းကစားသည့် အမျိုသား ၃ ဦး ရေနစ် သေဆုံးသွားခဲ့ပြီး သီပေါမြို့နယ်...

မူဆယ်မြို့ ရဲစခန်းပစ်ခတ်မှု၊ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မူဆယ်မြို့ ရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၁၆ ရက်) ညနေ ၈ နာရီခွဲကျော် အချိန်၌ မူဆယ်မြို့ ရဲစခန်း၏ အနောက်ဘက်ခြမ်းတွင် ပစ်ခတ်မှုဖြစ်ပြီး နာရီဝက်ခန့်အကြာ ပစ်ခတ်မှုသံများ...

လားရှိုး ဗုံးပေါက် (၄) ဦးသေ၊ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရား ဗဟိုမဏ္ဍပ် အနီးတွင် ယနေ့ (ဧပြီ ၁၃) ရက် နံနက် ၁၁ နာရီခွဲကျော်တွင် ဗုံးထပ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ (၄) ဦး ထက်မနည်းရှိကာ (၁၀) ဦး အထက် ထိခိုက်ဒဏ်ရာ ရရှိကြောင်း လားရှိုးမြို့...

နမ့်ဖတ်ကာ – နမ့်ခမ်း ပတ်လမ်း (၁၂) မိုင်ရွာတွင် နေအိမ် (၂၆) လုံး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင် နမ့်ဖတ်ကာ - နမ့်ခမ်း ပတ်လမ်းရှိ (၁၂) မိုင်ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် (၂၆) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၇ ရက်) ညနေ ၁၁ နာရီဝန်းကျင်တွင် မီး စတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ...

လားရှိုးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ငွေအဆမတန် တောင်းခံမှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံနေရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယာဉ်ထိန်းရဲများ ငွေအဆမတန် တောင်းခံမှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ အဝင်၊ အထွက် နှင့် နမ္မတူသွားလမ်း၊ သိန္နီကြားရှိ ရေပူဂိတ် စသည်ဖြင့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုင်းမှာ စစ်ကောင်စီ နှင့်...

Latest news