မိုင်းတုံမြို့နယ် ဓားပြတိုက်ခံရပြီး (၃) ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ နေအိမ်ကို ယနေ့ (စက်တင်ဘာလ ၅ ) ရက် နံနက်အစောပိုင်းက အမည်မသိ လက်နက်ကိုင်မှ ဓားပြဝင်တိုက်ခံရပြီး ၊ အိမ်ရှင် အမျိုးသမီးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

.

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက် ၆ နာရီဝန်းကျင်တွင် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာတွင် နေထိုင်သည့် မိသားစုဝင် (၃) ဦး အိမ်ကို သေနတ်ကိုင်ဆောင်သည့် အမည်မသိ အမျိုးသားတစ်ဦးက ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး အိမ်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ဖို့ ကြိုးစားခဲ့သည်။

ထိုစဉ် အိမ်ရှင်ဖြစ်သူ အမျိုးသမီးက ဘေးပတ်ဝန်းကျင်ကို အကူညီလှမ်းခေါ်ခဲ့ရာ ကူညီရန်ရောက်ရှိလာသည့် အမျိုးသားတစ်ဦး နှင့် အိမ်ရှင်အမျိုးသမီး၏ တူလေးဖြစ်သူကို အဆိုပါ ဓားပြတိုက် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း နားကောင်းမူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်ထဲဝင်လာပြီး အိမ်ရှင်ကို ရိုက်နှက်တာ။ ဖြစ်ချင်တော့ အိမ်ရှင်ဖြစ်တဲ့ အဲ့အမျိုးသမီးကလည်း ဘေးပတ်ဝန်းကျင်က လူကို လာကူဖို့ အော်တာ။ အဲ့ချိန်မှာ အိမ်အောက်ထပ်က အမျိုးသားတစ်ဦးက လာကူတဲ့ အချိန် ခေါင်းကို သေနတ်နဲ့ ပစ်ခံရတယ်။ အဲ့မှာလည်း သူ့ (အိမ်ရှင်) တူလေးက ဆိုင်ကယ်နဲ့ ထပ်ရောက်လာတယ်။ အဲ့ကလေးကိုလည်း သေနတ် နဲ့ ဦးခေါင်းကို ပစ်သွားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူများသည် အိမ်ရှင်ဖြစ်သူ အသက် ၄၉ နှစ် နန်းနု၊ ၎င်း၏ တူလေးဖြစ်သူ အသက် ၁၆ နှစ် စိုင်းဆိုင်လျန်း နှင့် အမျိုးသားဖြစ်သူ အသက် ၃၉ နှစ် စိုင်းလောင်(ဝ်) တို့ဖြစ်ကြသည်။

နေအိမ်ဓားပြတိုက်မှု နှင့် လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးသည် မည်သူဖြစ်ကြောင်း မသိရှိရကြောင်း အိမ်ထဲရှိ ရွှေ၊ ငွေများကိုလည်း ယူဆောင်သွားသည်။

ထို့အပြင် နားကောင်းမူးကျေးရွာနေ အမျိုးသားတစ်ဦးက “ကျနော်တို့ ရွာမှာတော့ လုံခြုံရေးတွေ မရှိတော့ဘူး။ လက်နက်ကိုင်တဲ့သူတွေလည်း များတယ်။ အစစအရာရာကို သတိထားပြီး နေရတယ်“ ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် နန်းနုသည် ကျေးရွာအတွင်း ဝမ်းဆွဲ ဆရာမ ဖြစ်သည့်အပြင် တစ်ဦးတည်းသော (သား) တစ်ယောက်ရှိပြီး လက်ရှိမှာ သူမ (နန်းနု) ၏ (သား) သည် စစ်ပြေးဘဝဖြင့် အဆက်အသွယ်ပြတ်လပ်နေသည်မှာ ကြာခဲ့ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...