တာချီလိတ်မြို့တွင်း အမျိုးသမီး နှင့် ကလေးငယ်ကို အမည်မသိ လူတစုက ပြန်ပေးဆွဲရန် ကြိုးစား

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်း နေအိမ်ထဲနေထိုင်သည့် အမျိုးသမီးနှင့် ကလေးငယ်ကို အမည်မသိလူတစုက လက်နက်ကိုင်ဆောင်လာပြီး ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း စုံစမ်းသိရသည်။

.

ဖြစ်စဉ်မှာ ယမန်နေ့ (သြဂုတ် ၂၈) ရက် ည ၇ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးထဲကို ကားတစီး နှင့် မျက်နှာဖုံးစွပ် အမည်မသိ လူ ၃ ဦးက သေနတ်ကိုင်ဆောင်ပြီး ရောက်ရှိလာခဲ့ကာ အမျိုးသမီးတစ်ဦးကို တရွတ်တိုက်တံခါးဝသို့ ဆွဲခေါ်လာပြီး ပြန်ပြေးဆွဲရန် ကြိုးစားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်မှာက သူ့ယောင်္ကျား မရှိဘူး။ ၅ နှစ်ကလေးငယ်တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပဲ ရှိတယ်။ အိမ်ထဲကိုဝင်ပြီးတော့ အဲ့အမျိုးသမီးကို တံခါးဝထိ အတင်းဆွဲခေါ်လာတာ။ အိမ်ပြင်လည်း ရောက်ရော အဲ့အမျိုးသမီးက လိုက်မသွားချင်တာ ရုန်းနေချိန်မှာ လမ်းမှာလည်း လူတွေကများတယ်လေ။ သူတို့လည်း ဆက်မဆွဲတော့ဘဲ ကားထဲပြန်ဝင်ပြီး ပြန်မောင်းထွက်သွားတာ “ ဟု ၎င်းအမျိုးသားက ပြောသည်။

အဆိုပါ အမျိုးသမီးတစ်ဦးကို တရွတ်တိုက်ဆွဲခေါ်ခဲ့သောကြောင့် ကြမ်းပြင်နှင့်တိုက်မိပြီး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

တာချီလိတ်မြို့သည် မြန်မာ – ထိုင်းနယ်စပ်ဒေသဖြစ်ပြီး လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးများ အလွယ်တကူရရှိသည့် နယ်မြေဖြစ်ကာ စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း မကြာခဏ ပြန်ပေးဆွဲခံရသည်။

တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက “ တာချီလိတ်မြို့မှာတော့ ဘာမှ လုံခြုံရေး မရှိတော့ဘူး။ ဖြစ်နိုင်ရင်တော့ ပြည်သူ့စစ်တွေအနေနဲ့ တာဝန်အရ ရပ်ကွက်ထဲမှာ လုံခြုံရေးလုပ်ပေးဖို့ လိုတယ်။ ဆိုင်ကယ်ဆိုလည်း နေ့တိုင်းပျောက်နေတာ။ မူးယစ်ဆေးဝါးသုံးတဲ့လူတွေကလည်း များတယ်။ ရေရှည်မှာ ပြည်သူတွေလည်း ဘယ်သူ့ကိုသွားပြီး အားကိုးလို့ မရတော့ဘူး “ ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ – ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၊ လူနေထူထပ်မှုများလာသလို တစ်ဖက်တွင် နယ်စပ်ဒေသဖြစ်သောကြောင့် အွန်လိုင်းဂိမ်း လုပ်ကိုင်သူများ၊ လိမ်လည်ဖြားယောင်းသူများ၊ ခိုးဆိုးလုယက်သူများလာပြီး အရေးယူဆောင်ရွက်မှုများ မရှိကာ ဉပဒေမဲ့ဖြင့် ပြည်သူများ၏ လုံခြုံရေးသည်မရှိတော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...