နမ့်ခမ်းမြို့နယ် မီးလောင်မှု အိမ်ရှင်အမျိုးသား တစ်ဦး မီးထဲပါသွား

သျှမ်းပြည် နမ့်ခမ်းမြို့နယ် ကောင်းနောင်မိုရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ရှင် အမျိုးသား တစ်ဦးက မီးထဲပါသွားကြောင်း စုံစမ်းသိရသည်။

.

ယမန်နေ့ သြဂုတ်လ ၂၂ ရက် ည ၁၁ နာရီခွဲ ဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းနောင်မိုရပ်ကွက်ရှိ ပရိဘောဂ လုပ်ရောင်းသည့် နှစ်ထပ်ပျဥ်ထောင်အိမ် တစ်လုံး၌ မီးလောင်မှု ဖြစ်ပွားကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးလောင်သွားသည့် အိမ်

“မီးလောင်ပြီး ၁၅ မိနစ်လောက်မှ မီးသတ်ကားရောက်လာတာ၊ လမ်းကလည်း ကျဥ်းတော့ ကားတွေ ဝင်ဖို့ခက်တယ်၊ ပျဥ်အိမ်လည်းဖြစ်တယ်၊ ပရိဘောဂ လုပ်တဲ့ သစ်သားတွေလည်း များတော့ မီးက ပိုကျွမ်းတာပေါ့၊ အိမ်ရှင်အမျိုးသားကလည်း အသက်ကြီးတဲ့အပြင် လမ်းလည်းကောင်းကောင်း မလျှောက်နိုင်တော့ သူလည်း မီးထဲပါသွားတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးငြိမ်းသတ်ပေးကြသည့် မီးသတ်ကားများသည် ဗဟိုမီးသတ်ဌာနမှ မဟုတ်ဘဲ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထဖြင့် စီစဥ်ထားသည့် ရပ်ကွက်ပိုင် မီးသတ်ကားများ ဖြစ်ကြောင်းနှင့် မီးသတ်ကား စုစုပေါင်း ၈ စီးနီးပါး လာရောက် ကူညီ ငြိမ်းသတ်ခဲ့ကြောင်း ဒေသခံများက ဆက်ပြောသည်။

အိမ်ရှင်အမျိုးသားသည် အသက် ၆၀ ကျော်ဖြစ်ပြီး ၎င်းတစ်ဦးတည်း အိမ်တွင်း ရှိနေချိန်၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မီးလောင်ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်ကိစ္စကြောင့် ဖြစ်ရသည်ကို မသိရကြောင်း နှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး သိန်းရာနှင့်ချီ ရှိနေကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသား တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်တန်ဖိုးရော၊ ပရိဘောဂဖိုး၊ သစ်တန်ဖိုး ပြီးတော့အိမ်တွင်းပစ္စည်းနဲ့ မီးလောင်သွားတဲ့ ပိုက်ဆံတွေ ပေါင်းလိုက်ရင် သိန်းရာနဲ့ချီ ရှိတယ်။ မီးလောင်သွားတဲ့ ပိုက်ဆံ အပိုင်းအစတွေ ကြည့်ရင် ကျပ်သိန်း ၂၀၀ ထက်နည်းမှာ မဟုတ်ဘူး။ လျှပ်စစ်မီးကလည်း ၃ ရက်ဆက်တိုက်ပျက်ပြီး မနေ့ကမှ ပြန်လာတာ၊ အဲ့တာကြောင့် မီးလောင်တာလားတော့ မသိဘူး” ဟု အိမ်နီးချင်း အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မီးလောင်မှုထဲ ပါသွားသည့် အိမ်ရှင် အမျိုးသား၏ ရုပ်အလောင်းကို ဒေသအတွင်း ပရဟိတ လူမှုကူညီရေး အသင်းက လာရောက်သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်မှ စတင်ကာ လျှပ်စစ်မီး ၃ ရက်ဆက်တိုက် ပြတ်တောက်ခဲ့အပြီး မီးပြန်လာသည့် ယမန်နေ့၌ မီးလောင်မှုနှင့် ကြုံရကြောင်း ဒေသခံများ သိရသည်။

ထို့အပြင် သက်ကြီးရွယ်အိုများကို တစ်ယောက်တည်း မထားသင့်ကြောင်း နှင့် မီးလောင်မှုလျော့ကျ စေနိုင်ရန် အတွက် လျှပ်စစ်မီး မှန်မှန်ရရှိရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်ကို အများ ပြည်သူသိရှိနားလည်ရန် ပညာပေးလုပ်ငန်းစဥ်များလည်း လုပ်ဆောင်သင့်ကြောင်း ဒေသခံများက ဝေဖန် အကြံပြုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...