ရပ်စောက် စစ်ကောင်စီ တပ်စခန်းအတွင်း ပေါက်ကွဲမှုဖြစ် တပ်သား ၄ ဦးသေ ၃ ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။

.

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ကျောက်ဂူကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီ တပ်အမှတ် (၃၄၉) အမြှောက်တပ်တွင်းပေါက်ကွဲမှု ဖြစ်ခဲ့ပြီး စစ်သား ၄ ဦးသေ ၃ ဦး ဒဏ်ရာရသွားကြောင်း ဖြစ်စဥ်ကိုသိရှိသည့် အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တပ်တွင်းပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ သူတို့ (စကစ) ဗုံးကို မတော်တဆ ထိမိလို့ ပေါက်ကွဲမှု ဖြစ်တာတဲ့၊ အဲ့ဒီမှာ စစ်သား ၃ ဦးက ပွဲချင်းပြီး သေတယ်၊ တစ်ဦးက ဆေးရုံကား မရောက်ခင် ထပ်သေတော့ ၄ ဦး ဖြစ်သွားတယ်။ တခြား ဒဏ်ရာရတဲ့သူလည်း ၃/၄ ဦးလောက်ရှိတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပေါက်ကွဲမှုအသံသည် အလွန်ကျယ်လောင်ပြီး အသံ ၃ ချက် ဆက်တိုက်ကြားရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပေါက်ကွဲမှု ဖြစ်ပြီး ခဏအကြာတွင် ဆေးရုံကား နှင့် လူမှုကူညီရေး အသင်းကားများ ရောက်ရှိလာပြီး အလောင်း နှင့် ဒဏ်ရာရသူများကို ဆေးရုံ၊ ရင်ခွဲရုံသို့ သယ်ဆောင်သွားကြောင်းလည်း ၎င်း အမျိုးသားက ဆက်ပြောသည်။

“တချို့ပြောကြတာက ဒဏ်ရာရတဲ့သူတွေကလည်း ဒဏ်ရာတော်တော်ပြင်းထန်တယ်တဲ့၊ တချို့က ကလောက ဆေးရုံကို ပို့ရသလို၊ ပြင်ဦးလွင်ကို ပို့ရတာလည်း ရှိတယ်လို့ ပြောပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ဆိုထားသည်။

ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် စစ်ကောင်စီတပ်သားများက ကျောက်ဂူကျေးရွာအတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့် အပြင် ရွာလူကြီးကိုလည်း တပ်အတွင်း ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင်လည်း ရပ်စောက်မြို့နယ် အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် ဖွင့်လေ့ရှိရာ အနီးတစ်ဝိုက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ခြံပိုင်ရှင်ကို မျက်နှာစိမ်း ခြံနားမကပ်ရန်နှင့် လုံခြုံရေးကို တိုးမြှင့်ရန် ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့သည်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာ နှင့် အနီးတစ်ဝိုက်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့လည်း သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...