Tuesday, January 27, 2026

မိုင်းကိုင်မြို့နယ် အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုင်းကိုင်မြို့နယ် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ဖြင့် အိမ်သို့အပြန်လမ်း၌ လုယက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

.

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၅ ) ရက် နံနက် ၇ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ သင်တန်းတစ်ခုကို သွားတက်ရောက်ခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့် အိမ်သို့အပြန် ပန်ပွဲရွာ၌ အမည်မသိ အမျိုးသားတစ်ဦးက သူမ၏ ဆိုင်ကယ်ကို တားလိုက်သည်။

လုယက်ခံရသည့် အမျိုးသမီး

ထို့နောက် သူမကို ချောင်း ကမ်းဘေးရှိ တံတားတစ်ခုအောက်သို့ ဆွဲခေါ်သွားပြီး ရိုက်နှိက်၊ လည်ပင်းညှစ်ကာ ပစ္စည်းများ နှင့် ဆိုင်ကယ်တစ်စီး စုစုပေါင်း ကျပ်ငွေ ၁၀ သိန်းရှိ တန်ဖိုးများ ယူဆောင်ထွက်ပြေးသွားကြောင်း ၎င်းနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။

“သူ သင်တန်းသွားပြီး ပြန်လာတာ။ လမ်းမှာ အမျိုးသားတစ်ယောက်က ပြောင်းဖူးခြံထဲက ထွက်လာပြီး သူ့ဆိုင်ကယ်ကို တားလိုက်တာ။ ပြီးတော့ သူ့ကို ချောင်းဘေးတစ်ခုက တံတားအောက်မှာ ဆွဲခေါ်သွားတာ။ သူ့ကို ရိုက်တယ်။ လည်ပင်းကို ညှစ်တာ သူလည်း မေ့လဲသွားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသည့် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးကို တုံလောကျေးရွာအုပ်စုရှိ ဆေးပေးခန်းသို့ ပို့ဆောင်ထားပြီး ဆေးဝါးကုသမှု ခံယူနေလျက်ရှိသည်။

အဆိုပါ အမျိုးသမီးသည် ပြင်းထန်စွာ လည်ပင်းညှစ်ခံထားရသော ဒဏ်ရာကြောင့် ယခုတွင် ရေသောက်၊ အစာစားရာမှာ မျိုချလျှင် နာကျင်နေပြီး တံထွေး ထွေးထုတ်ပါက သွေးများပါနေကြောင်း ဆိုသည်။

ယင်းကဲ့သို့ လုယက်ခံရမှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးဆောင်ရွက်ပေးခြင်း တစ်စုံတစ်ခု မရှိကြောင်း၊ ပြည်သူများသည် အပြင်သို့လာသွားလျှင် သတိထားပြီး သွားနေရကာ လုံခြုံရေး မရှိတော့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်အစောပိုင်းတွင်လည်း သီပေါမြို့မဈေးထဲရှိ ရတနာရွှေဆိုင်တစ်ခု သည် ဓားပြတိုက်ခံရပြီး ရွှေ ၃ ကျပ်သားပါသွားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...