မိုင်းကိုင်မြို့နယ် အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုင်းကိုင်မြို့နယ် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ဖြင့် အိမ်သို့အပြန်လမ်း၌ လုယက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

.

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၅ ) ရက် နံနက် ၇ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးသည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ သင်တန်းတစ်ခုကို သွားတက်ရောက်ခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့် အိမ်သို့အပြန် ပန်ပွဲရွာ၌ အမည်မသိ အမျိုးသားတစ်ဦးက သူမ၏ ဆိုင်ကယ်ကို တားလိုက်သည်။

လုယက်ခံရသည့် အမျိုးသမီး

ထို့နောက် သူမကို ချောင်း ကမ်းဘေးရှိ တံတားတစ်ခုအောက်သို့ ဆွဲခေါ်သွားပြီး ရိုက်နှိက်၊ လည်ပင်းညှစ်ကာ ပစ္စည်းများ နှင့် ဆိုင်ကယ်တစ်စီး စုစုပေါင်း ကျပ်ငွေ ၁၀ သိန်းရှိ တန်ဖိုးများ ယူဆောင်ထွက်ပြေးသွားကြောင်း ၎င်းနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။

“သူ သင်တန်းသွားပြီး ပြန်လာတာ။ လမ်းမှာ အမျိုးသားတစ်ယောက်က ပြောင်းဖူးခြံထဲက ထွက်လာပြီး သူ့ဆိုင်ကယ်ကို တားလိုက်တာ။ ပြီးတော့ သူ့ကို ချောင်းဘေးတစ်ခုက တံတားအောက်မှာ ဆွဲခေါ်သွားတာ။ သူ့ကို ရိုက်တယ်။ လည်ပင်းကို ညှစ်တာ သူလည်း မေ့လဲသွားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသည့် အသက် ၂၀ နှစ်ကျော် အမျိုးသမီးတစ်ဦးကို တုံလောကျေးရွာအုပ်စုရှိ ဆေးပေးခန်းသို့ ပို့ဆောင်ထားပြီး ဆေးဝါးကုသမှု ခံယူနေလျက်ရှိသည်။

အဆိုပါ အမျိုးသမီးသည် ပြင်းထန်စွာ လည်ပင်းညှစ်ခံထားရသော ဒဏ်ရာကြောင့် ယခုတွင် ရေသောက်၊ အစာစားရာမှာ မျိုချလျှင် နာကျင်နေပြီး တံထွေး ထွေးထုတ်ပါက သွေးများပါနေကြောင်း ဆိုသည်။

ယင်းကဲ့သို့ လုယက်ခံရမှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးဆောင်ရွက်ပေးခြင်း တစ်စုံတစ်ခု မရှိကြောင်း၊ ပြည်သူများသည် အပြင်သို့လာသွားလျှင် သတိထားပြီး သွားနေရကာ လုံခြုံရေး မရှိတော့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်အစောပိုင်းတွင်လည်း သီပေါမြို့မဈေးထဲရှိ ရတနာရွှေဆိုင်တစ်ခု သည် ဓားပြတိုက်ခံရပြီး ရွှေ ၃ ကျပ်သားပါသွားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...