သီပေါမြို့မဈေးထဲရှိ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ရွှေ ၃ ကျပ်သားခန့်ပါသွား

သျှမ်းပြည် သီပေါမြို့ ဈေးအရှေ့ဘက်ရှိ ရွှေရတနာဆိုင်တစ်ခုသည် ယနေ့ (စက်တင်ဘာလ ၆ ) ရက် နံနက်အစောပိုင်းက ဓားပြတိုက်ခံရပြီး ရွှေ ၃ ကျပ်သားခန့်ပါသွားကြောင်း သတင်း သိရှိရသည်။

.

ယနေ့ (စက်တင်ဘာလ ၆) ရက် နံနက် ၇ နာရီခွဲအချိန်တွင် သီပေါ မြို့မဈေးအရှေ့ဘက်ရှိ ရွှေရတနာဆိုင်ကို ဆိုင်ကယ်တစ်စီး နှင့် အမည်မသိ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးက သေနတ်ကို မိုးပေါ်ပစ်ဖောက် ခြိမ်းခြောက်ပြီး ရွှေတန်ဖိုး စုစုပေါင်း ၃ ကျပ်သားခန့်ကို ဓားပြတိုက် ယူဆောင်သွားခဲ့သည်။

“ဒီနေ့ မနက် ၇ နာရီခွဲလောက်က လာတိုက်သွားတာ။ ဦးထုပ်ဆောင်းပြီး မျက်နှာဖုံးစွပ်တော့ ဘယ်သူဖြစ်မှန်း မသိဘူး။ ဆိုင်ကယ် နဲ့ နှစ်ယောက်စီးလာတယ် “ ဟု ရွှေရတနာဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဓားပြတိုက်ခံရပြီးနောက် ဓားပြတိုက်သူ အမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားပြီး ရဲတပ်ဖွဲ့များက ရောက်ရှိလာကာ စစ်ဆေးမေးမြန်းမှု ပြုလုပ်နေကြောင်း  သိရသည်။

လက်ရှိ ပြင်ပ ခေါက်ရွှေ ပေါက်ဈေးသည် ၁ ကျပ်သားကို ၃၇ သိန်းကျော်အထိ ရှိနေပြီး အဆိုပါ ဓားပြတိုက်ခံရ၍ ပါသွားသည့် ရွှေတန်ဖိုး စုစုပေါင်း ၃ ကျပ်သားမှာတော့ ကျပ်ငွေ သိန်း ၁၀၀ ကျော် တန်ဖိုးရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။  

“အခုက ရှာစားရတာ ခက်တယ်လေ။ မူးယစ်ဆေးဝါး လုပ်တဲ့သူတွေကလည်း ပိုက်ဆံရှိတာနဲ့ သေနတ်ကို လွယ်လွယ် ရနေတယ်။ အဲ့လို သေနတ်ကို လွယ်လွယ်ဝယ်လို့ရနေတော့ ဒီလို သေနတ်ပြပြီး ဓားပြတိုက်တာက ပိုများလာတာ။ ပြည်သူတွေအတွက်တော့ လုံခြုံရေး မရှိတော့ဘူးပေါ့ “ဟု အသက် ၄၀ နှစ်အရွယ် ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်း သီပေါမြို့ ရီရှင်းရွှေဆိုင် ပိုင်ရှင် မိသားစုဝင် (၃) ဦး အိမ်အပြန် ဓားပြတိုက်ခံရပြီး ရွှေ ၆ ပိသာကျော် ပါသွားကာ ယခုနှစ်အတွင်း သီပေါမြို့ ရွှေအရောင်းဆိုင်များသည် နှစ်ကြိမ်  ဓားပြတိုက်ခံနေရပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...