Wednesday, May 1, 2024

CATEGORY

မှုခင်း

လားရှိုးတွင် လောင်းကစားဝိုင်း ဖွင့်လှစ်ထားသည့် နေရာ (၅) နေရာထက်မနည်းရှိ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့တွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည့် နေရာ (၅) နေရာ ထက်မနည်း ပိုမိုဖွင့်လှစ်လာကြောင်း သတင်းရရှိသည်။ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ပြည့် ကာလအတွင်း လားရှိုးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးရာထူး အဆင့်ရှိ ဗိုလ်ကြီးများ နှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး...

တောင်ကြီးတွင် စစ်ကောင်စီ စီမံကိန်းအသစ် ဆောင်ရွက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ သစ်တောဂိတ်ရှိ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်း စီမံကိန်းအသစ်ကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးဌာနမှ စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။ ယခင်က သစ်တောဂိတ်ဟု ခေါ်သော အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်စခန်းကို ယခု ဖေဖော်ဝါရီလ အစောပိုင်းမှစပြီး စစ်ကောင်စီ လက်အောက်ခံ သျှမ်းပြည်နယ်...

လားရှိုး အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး ဦးခေါင်းဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့တွင် အသက် ၄၀ နှစ် ဝန်းကျင် အမျိုးသားတစ်ဦးသည် ဓားခုတ်ခံရပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၉) ရက် နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် လားရှိုးမြို့နယ် ဆင်တောင်သစ်ခွကျောင်း အဝင်လမ်း၌ အသက် ၄၀...

သီပေါမြို့တွင်း ဈေးဝယ်အဖြစ် ဟန်ဆောင်ပြီး ပစ္စည်းခိုးယူမှုများလာ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့တွင် စျေးဆိုင်များထံ စျေးဝယ်သူအဖြစ် ဟန်ဆောင်ပြီး ပစ္စည်းခိုးယူသူများလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၉) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် (ရွှေသီပေါ လျှပ်စစ်ဆိုင်) ထဲ၌ လင်မယား နှစ်ဦး ဈေးဝယ်အဖြစ် ဟန်ဆောင်ပြီး ဇနီးဖြစ်သူက မီးသီးဝယ်ရင်း...

ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲမှ ပိုက်ဆံများ အလိုအလျောက်ဆုံးရှုံး

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့တွင် ဖုန်းလိုင်း ပိတ်ခံရာမှတစ်ဆင့် Kpay အကောင့်ထဲရှိ ပိုက်ဆံများ အလိုအလျောက် တခြားအကောင့်သို့ လွှဲအပ်သွားကာ ပိုက်ဆံများ ဆုံးရှုံးနေရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ကျေးသီးမြို့ခံ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက်ပိုင်း ၁၀ နာရီ ၄၅...

ပင်းတယမြို့နယ် ဘုန်းကြီးတစ်ပါး မင်္ဂလာ ပန်းရထားပေါ် ပြုတ်ကျ ခြေထောက်ကျိုး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ် ပွေးလှမြို့ ရေဂနိုင်ကျေးရွာ ထီးတင်ပွဲပြုလုပ်ရာ ဘုန်းကြီးတစ်ပါးသည် မင်္ဂလာပန်းရထားပေါ် ပြုတ်ကျရာမှ ခြေထောက်ကျိုးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်တွင် ပင်းတယမြို့နယ် ရေဂနိုင်ကျေးရွာတွင် ထီးတင်ပွဲပြုလုပ်ရာတွင် ဘုန်းကြီးတပါး မင်္ဂလာပန်းရထားဖြင့် စေတီပေါ်သို့ စီးသွားရာတွင် စေတီမရောက်ခင် ပြုတ်ကျပြီး ခြေထောက်ကျိုးသွားခဲ့ကြောင်း...

သီပေါ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော် ရွှေ့ပြောင်းရမည်

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ ဘူတာ မီးရထားလမ်းဘေးရှိ အိမ်ခြေ (၄၀၀) ကျော်ကို မီးရထားသံလမ်း ဧရိယာ အကွာအဝေး နှင့် မညီမျှဟုဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာက ရွှေ့ပြောင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်သည် ၎င်းတို့၏ သတ်မှတ်ထားသော မီးရထားသံလမ်း နှင့် ဧရိယာ အကွာအဝေး...

တောင်ကြီးတွင် ပါဝါဘဏ် အားသွင်းရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့တွင် Power Bank (ပါဝါဘဏ်) အားသွင်းရာမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၇) ရက် ညနေပိုင်း ၄ နာရီ ၂၀ မိနစ်တွင် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက် နယ်မြေ (၉)...

အွန်လိုင်းပေါ်တွင် လေယာဉ်လက်မှတ် အတုရောင်းချမှုရှိနေ

မြန်မာနိုင်ငံအတွင်း လေယာဥ်ဖြင့် ခရီးသွားလာသူ အများစုသည် ယခုရက်ပိုင်း အွန်လိုင်းမှ လေယာဥ်လက်မှတ်ဝယ်ယူရာမှ ခရီးသွားစဥ်တွင် လက်မှတ် အတုဖြစ်နေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ (နောက်ဆုံးပတ်)တွင် ရန်ကုန်မြို့မှ လားရှိုးမြို့သို့ လေယာဉ်ဖြင့် ခရီးသွားရန်အတွက် အွန်လိုင်းပေါ် လေယာဉ်လက်မှတ် အရောင်းဌာန (Page) တစ်ခုထံ...

ဘန်ကောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦး လမ်းမပေါ်၌ ပန်းရံ အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၅) ရက် ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် ဘန်ကောက်မြို့ ဖဟွန်ယိုးထင်းလမ်းမပေါ်၌ မိုးသည်းထန် ရွာသွန်းမှု နှင့် အတူ မိုးခြိန်းသံများ...

Latest news