ချင်းမိုင်တွင် ကျောင်းတက်နေသည့် မြန်မာကျောင်းသားတစ်ဉီး ဓားထိုးခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap Technology and Business College ( ဖာယပ်တက်နိုလိုဂျီကောလိပ်)တွင် ကျောင်းတက်နေသော မြန်မာကျောင်းသားတစ်ဦးသည် ချစ်သူများနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)၌ ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ (ဖေဖော်ဝါရီလ ၁၄ ရက်) ညသန်းခေါင်ယံချိန်တွင် အသက် ၂၀ အရွယ်ရှိ စိုင်းလောဝ်း (ခ) နာ့သ်တဆစ်ဆိုသူ သျှမ်းလူငယ်တစ်ဦးသည် ၎င်းသူငယ်ချင်းနှင့်အတူ မယ်ကျို့ရဲစခန်းအနောက်ဘက်ရှိ စားသောက်ဆိုင်၌ သောက်စားပျော်ပါးနေစဉ် လူငယ်ချင်းခိုက်ရန်ဖြစ်ပွားပြီး ဓားထိုးခံလိုက်ရကြောင်း ချင်းမိုင်နာရေးကူညီမှုအဖွဲ့မှ စိုင်းတိုင်းထိန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ညက သူတို့သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးနေတဲ့အချိန်မှာ ကောင်မလေးတစ်ယောက်က သူ့ကို ခွက်လာတိုက်တာ။ ခွက်လာတိုက်တဲ့ ကောင်းမလေးတစ်ယောက်က ရည်းစားရှိတယ်။ သူ့ရည်းစားမကျေနပ်လို့ အပြင်မှာသွားရှင်းမယ်ဆိုပြီး ခေါ်ထုတ်သွားတာ။ အပြင်ရောက်တော့ ဓားနဲ့ထိုးခံလိုက်ရတာ” ဟု စိုင်းတိုင်းထိန်က ရှင်းပြသည်။

ချင်းမိုင်တွင် ဓားထိုးသတ်ခံရသည့် မြန်မာကျောင်းသား စျာပနာ

ဓားထိုးခံရသော စိုင်းလောဝ်းကို သူငယ်ချင်းများက ဆန်ဆိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါအလောင်းကို (ဖေဖော်ဝါရီလ ၁၇ ရက်)က မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ဓားဖြင့်ထိုးခဲ့သူ အသက် ၂၁ နှစ်အရွယ်ရှိ နိုင်းဆကလင်းကျိုင်နူသည်လည်း (ဖေဖော်ဝါရိလ ၂၅ ရက်)တွင် ရဲစခန်း၌ လာရောက်အဖမ်းခံကာ အာမခံငွေ ဘတ် ၁ သိန်းခွဲဖြင့် ပြန်လွှတ်လာခဲ့ကြောင်း စိုင်းတိုင်းထိန်က ပြောသည်။

လက်ရှိတွင် နိုင်းဆကလင်းကျိုင်နူသည် အိမ်သို့ပြန်ရောက်လာပြီး အပြင်မှအမှုရင်ဆိုင်ရန် စောင့်ဆိုင်းနေကြောင်း ဆိုသည်။

“လူငယ်လူရွယ်တွေအနေနဲ့ ညဘက်မှာအပြင်သိပ်မသွားလည်ကြဖို့ သတိပေးချင်တယ်။ အန္တရာယ် အရမ်းများပါတယ်။ မြန်မာအချင်းချင်း မထိုးကြရင်လည်း သူများကကိုယ့်ကိုယ်လာထိုးနိုင်တယ်။ ကိုယ်က သူများကိုသွားမထိုးမိရင်လည်း သူများကကိုယ့်ကိုယ်လာထိုးနိုင်တယ်။ ဒါကြောင့် မိဘတွေအနေနဲ့လည်း ကိုယ့်သား၊သမီးတွေကို အပြင်ပေးမထွက်ဖို့၊ အရက်သောက်ချင်ရင်လည်း အိမ်မှာဘဲသောက်ကြပါ။ မူးရင်လည်း အိမ်မှာဘဲ အိမ်ပါ” ဟု စိုင်းတိုင်းထိန်က ပြောသည်။

သေဆုံးသွားသော စိုင်းလောဝ်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့Payap Technology and Business College ကျောင်းတက်နေပြီး လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်မှ ပထမနှစ်ကျောင်းသားတစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

စိုင်းလောဝ်း၏ မိဘများသည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့က ဇာတိဖြစ်ပြီး ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်နေကြသည်။

ယခုကဲ့သို့ ဓားထိုးခံရမှုနှင့် ပတ်သက်၍ တရားခံနှင့် ၎င်းမိခင်ဖြစ်သူက လာရောက်တောင်းပန်ခြင်း၊ လျော်ကြေးငွေ ဘတ် ၁ သိန်းခွဲဖြင့် အမှုကြေအေးပေးရန် ညှိနှိုင်းခြင်း ပြုလုပ်ခဲ့သော်လည်း စိုင်းလောဝ်း၏ဆွေမျိုးမိဘများ ကတော့ တရားဥပဒေကပေးသည့် အပြစ်ကိုသာ ခံယူစေချင်သည်ဟုပြောသည်။

အလားတူ သျှမ်းပြည် မိုးနဲမြို့ အမျိုးသမီးငယ်တစ်ဦးလည်း ပြီးခဲ့ရက်ပိုင်း ချစ်သူများနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)၌ သွားလည်နေစဉ် အသတ်ခံရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် လုပ်ပိုင်ခွင့်ကျော်လွန်ပြီး ရေခဲမုန့်လှည့်လည်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော လမ်းဘေးလှည့်လည်ဈေးရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နေ့က ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ ဝိန်း (Wiang) တိုက်နယ်အတွင်းသို့ ချင်းမိုင်ပြည်နယ် အလုပ်အကိုင်ခန့်ထားရေးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့...

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...

ချင်းမိုင်နှင့် ချင်းရိုင် ဒေသခံ ၆၀၀ ခန့် “ငြိမ်းချမ်းရေးခရီးစဉ်” လမ်းလျှောက်

0
မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှ စည်းကမ်းမဲ့စွန့်ထုတ်လိုက်သည့် အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် ရေလမ်းကြောင်းများ ညစ်ညမ်းကာ ဒေသခံများ ခံစားနေရသည့် ဒုက္ခများကို မီးမောင်းထိုးပြရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ပြည်နယ်တို့မှ ဒေသခံပြည်သူ ၆၀၀ ခန့်သည် ယမန်နေ့ မေလ ၃၀ ရက်တွင် "ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း" ခရီးစဉ် (Peace Walk) ကို...

ချင်းမိုင်တွင် မူကထ စားရင်း တန်ဖိုးကြီး “ပုလဲ” ဟု ယူဆရသောအရာကို ပင်လယ်ခရုအတွင်းမှ တွေ့ရှိ

0
ချင်းမိုင်မြို့ရှိ ဈေးသည်ဇနီးမောင်နှံနှစ်ဦးသည် မိသားစုနှင့်အတူ မူကထ အကင် သွားရောက်စားသုံးစဉ် "ဟွိုင်ဝမ်" ဟုခေါ်သော ပင်လယ်ခရုအတွင်းမှ ကမ္ဘာ့အရှားပါးဆုံးနှင့် တန်ဖိုးအကြီးဆုံးစာရင်းဝင် "မီလိုပုလဲ" ဟု ယူဆရသည့် လိမ္မော်ရောင်ပုလဲတစ်လုံးကို ထူးထူးခြားခြား တွေ့ရှိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်မြို့ Siriwattana ဈေး မှ ဈေးသည်အမျိုးသမီး ချာလီတာ (Ms....

ချင်းမိုင် အလှပြင်ဆိုင်တစ်ခုတွင် လုပ်ပိုင်ခွင့် ကျော်လွန်သည့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

0
ချင်းမိုင်မြို့ မြန်မာနိုင်ငံသားတစ်ဦး တရားမဝင် အလှပြင်ဆိုင်ဖွင့်လှစ်ကာ လုပ်ကိုင်နေကြောင်း ပြည်သူလူထု၏ သတင်းပေးချက်အရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး၊ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် မြန်မာလုပ်သားတစ်ဦးနှင့် အလုပ်ရှင်ကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယနေ့ (မေလ ၂၆ ရက်) နံနက် ၁၁ နာရီခန့်တွင် ချင်းမိုင်မြို့ အလုပ်အကိုင်ရှာဖွေရေးရုံးနှင့် ချင်းမိုင်လူဝင်မှုကြီးကြပ်ရေး၊...