စစ်ကိုဆက်လက်ဆင်နွှဲပြီး ကျားဖြန့်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်ခံအဖြစ်ခံယူဆောင်ရွက်မည့် စစ်ကောင်စီ

အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ကျားဖြန့်နှိမ်နှင်းရေး ကြောင့် စစ်ကောင်စီသည် အဘက်ဘက်မှ ဖိအားများရင်ဆိုင်နေရသည်။

တရုတ်ဖိအားပေးမှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီသည် တရုတ်-မြန်မာနယ်စပ် ဒေသတစ်လျှောက်ရှိ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကိုးကန့်ခေါင်းဆောင်များအပါအဝင် တရုတ်နိုင်ငံသားအများအပြားကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ရသည်။

ထိုအချိန်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်အာဏာရှင် အမြစ်ဖြတ်ရေးဆိုသည့် “၁၀၂၇ စစ်ဆင်ရေး” သည်လည်း တရုတ်အစိုးရ၏ ကျားဖြန့်နှိမ်နင်းရေးနှင့်အတူ ဆက်စပ်ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ကျော်ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း ၂၄ မြို့နှင့် ရာနှင့်ချီရှိ တပ်စခန်းများစွာကို စစ်ကောင်စီက လက်လွှတ်လိုက်ရသည်။

ထိုသို့ ကျားဖြန့်နှိမ်နင်းမှုများ ငြိမ်သက်သွားပြီး တစ်နှစ်အကြာ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် ကျားဖြန့်နှိမ်နင်းမှုများ ပြန်လည်လှုပ်ရှားအသက်ဝင်လာသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက တရုတ် ရုပ်ရှင်မင်းသားဝမ်ရှင်း ထိုင်းနယ်စပ်မှ တစ်ဖက်ကမ်းရှိ မြဝတီသို့ လူကုန်ကူးခံရသည့် သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်များ၏ ရာဇဝတ်မှုသတင်းများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံခြားရေးကောင်မရှင် ညွှန်ကြားရေးမှူးလည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သည့် မစ္စတာ ဝမ်ယိကလည်း ထိုင်း-မြန်မာနယ်စပ်တလျောက် ဖြစ်ပွားနေသည့် အွန်လိုင်းလောင်ကစားနှင့် အွန်လိုင်းလိမ်လည်မှုများကို အာဆီယံနိုင်ငံများနှင့် ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် နှိမ်နင်းသွားမည်ဟု ပြီးခဲ့သည့်ဇန်နဝါရီလက ပြောဆိုခဲ့သည်။

ထိုအခြေအနေတွင် စစ်ကောင်စီသည် ကျားဖြန့်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၂ ရက်က ထိုင်းနိုင်ငံခြားရေးဝန်းကြီးနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောသည်။

စစ်ကောင်စီသည် ထိုင်းစစ်တပ်နှင့် ပူးပေါင်းပြီး ကျားဖြန့်တိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

တစ်ဖက်တွင် နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆော်မှုများကြောင့် စစ်ကိုဆက်လက်ဆင်နွှဲရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပသည့် ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၈) သူရတပ်ခွဲသင်တန်းဆင်းပွဲ၌ ပြောသည်။

လက်နက်ကိုင်လမ်းစဉ် မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက NUG၊ CRPH၊ PDF များနှင့် ပေါင်းကာ ထိန်းချုပ်နယ်မြေချဲ့ထွင်ရေးအတွက် နိုင်ငံရေးအကြောင်းပြကာ လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ကောင်စီခေါင်းဆောင် က ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...