Wednesday, January 28, 2026

ချစ်သူများနေ့ သွားလည်နေစဉ် အသတ်ခံရသည့် မိုးနဲ အမျိုးသမီးငယ်

သျှမ်းပြည် မိုးနဲမြို့ ဥယျာဉ်ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦးသည် ချစ်သူများနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)၌ သွားလည်နေစဉ် အသတ်ခံရလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

အဆိုပါ အမျိုးသမီးငယ်၏ ရုပ်အလောင်းကို (ဖေဖော်ဝါရီလ ၁၅ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် နမ့်စန်မြို့နယ် လွိုင်ဆိုင်းရွာအဝင်ရှိ ဝက်သားဆိုင်အနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်းနှင့်နီစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးနဲမြို့နှင့် နမ့်စန်မြို့သည် မိုင်ပေါင်း ၃၀ သာ ကာဝေးသည်။

“ပြီးခဲ့တဲ့ ချစ်သူများနေ့တုန်းက သွားလည်ရင်းအသတ်ခံရတာ။ ဦးခေါင်မှာလည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကော၊ ခြေတွေ၊ လက်တွေကော ကျိုးထားတယ်။ သူ့မှာပါသွားတဲ့ ဆွဲကြိုး၊ လက်စွပ်တွေကော အကုန်ပါသွားတယ်” ဟု ၎င်းက ပြောသည်။

အသတ်ခံရသော အမျိုးသမီးတစ်ဦးသည် အသက် ၁၈ နှစ်အရွယ်ရှိ နန်းဆိုင်အွန် ဖြစ်ပြီး မိုးနဲတွင် ကျောင်းတက်နေသေးကြောင်း သိရသည်။

မိုးနဲမြို့ အသတ်ခံရသည့် အမျိုးသမီးငယ်

သို့သော် အသတ်ခံရသည်ဆိုသည့် ပြောကြားချက်နှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖြစ်စဉ်မှာ (ဖေဖော်ဝါရီလ ၁၄ ရက်) ညနေပိုင်း ၅ နာရီခန့်က နန်းဆိုင်အွန်သည် ၎င်း၏သူငယ်ချင်း မိန်းကလေးတစ်ဦးနှင့်အတူ သွားလည်ရန် အိမ်မှထွက်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် သူငယ်ချင်းများက ပြောသည်။

သို့သော် ထိုညတွင် ၎င်း၏သူငယ်ချင်းမိန်းကလေးတစ်ဦးနှင့်အတူ ချက်ချင်းပြန်လာခြင်းမရှိဘဲ မိုးနဲမြို့ရှိ ဆီပန့်ဆိုင်တွင် လာကြိုသော ယောက်ျားလေးသူငယ်ချင်းများနှင့်အတူ ထပ်မံလိုက်သွားခဲ့ကြောင်း ဆိုသည်။

ထိုသို့ လိုက်သွားပြီးနောက် (ဖေဖော်ဝါရီလ ၁၅ ရက်) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် နန်းဆိုင်အွန်ကို သေဆုံးနေလျက် အလောင်းကိုသာ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ပြီးခဲ့တဲ့ရက်တုန်းက သူ့သူငယ်ချင်းလာခေါ်လို့ လိုက်သွားတာ။ သွားလည်ပြီးတော့ သူ့ငယ်ချင်းက အိမ်ပြန်ဖို့ပြောတာ။ သူက အိမ်မပြန်ဘဲ သူ့ကိုဆီပန့်မှာ သွားပို့ပေးဖို့ပြောတာ။ အဲ့မှာ crown ကားအဖြူရောင် တစ်စီးက လာကြိုပြီး လိုက်သွားတာ။ အဲ့ကားထဲမှာလည်း ယောက်ျားလေးတွေ တော်တော်များပါတယ်။ လိုက်သွားပြီးနောက်ပိုင်း အခုလိုဖြစ်သွားတာပဲ” ဟု မိုးနဲမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ၎င်း၏သူငယ်ချင်း မိန်းကလေးတစ်ဦးကို စစ်ဆေးမေးမြန်းရန်အတွက် မိုးနဲမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

သို့သော် သံသယရှိသူ အဆိုပါ ကား (crown အဖြူရောင်)တွင် လိုက်ပါလာသူများအား လိုက်လံဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Mong_Nai_Rice_Harvest

ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

0
စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။

မိုးနဲတွင် စစ်မှုထမ်းဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်၊ ထွက်ပြေးပါက ထိထိရောက်ရောက် အရေးယူခံရမည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် မိုးနဲမြို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ထိထိရောက်ရောက်အရေးယူခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးက ဒေသခံများကိုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။  အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများသည်...

မိုးနဲ ရေကြီ’ စပါးခင်း ဧက ၆ထောင် ထက်မနည်းပျက်စီး

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့တွင် (ဩဂုတ်လ ၁၆ ရက်) နေ့မှ စပြီး ရေမြင့်တက်ကာ စပါးခင်း ဧက ၆ထောင) ထက်မနည်းပျက်စီးသွားကြောင်းသတင်းရရှိသည်။ မိုးနဲမြို့နယ်တွင် စပါးခင်း ဧက (၉ထောင်) စိုက်ပျိုးကြပြီး ဩဂုတ်လ ၁၄ ရက်မှ စပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးနဲမြို့ပြင်ရှိ နမ့်ဆလိုင်နှင့်...

မိုးနဲမြို့နယ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လောင်းကစားများဖွင့်လှစ်နေ

0
သျှမ်းပြည် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြင့်ဇော်ဆိုသူမှ ဦးဆောင်ပြီး အာဏာပိုင်းများထံ ကျပ်ငွေ သိန်းနှင့်ချီအခွန်ဆောင်ကာ ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လာရောက်လောင်းကစားဖွင့်ထားသည်မှာ ၁ လရှိလာပြီ...

မိုးနဲ လောင်းကစားဝိုင်း (၂) လနီးပါး ဖွင့်လှစ် အရေးယူမှုမရှိ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ လွိုင်မြေရပ်ကွက်အတွင်း လောင်းကစားဝိုင်းများ (၂) လ နီးပါး ဖွင့်လှစ်ထားပြီဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဧပြီလမှ စတင်ပြီး လက်ရှိချိန်ထိ ရပ်ကွက်တွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသော်လည်း သက်ဆိုင်ရာမှ အရေးယူခြင်း မရှိကြောင်း မိုးနဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “မိုးနဲမြို့ လွိုင်မြေရပ်ကွက်အတွင်း လောင်းကစား...