ဆန်စပါးသယ်ယူခွင့် စစ်ကော်မရှင် ကန့်သတ်ထားခြင်းကြောင့် မိုးနဲမြို့ လယ်သမားများ အခက်ကြုံ

စစ်ကော်မရှင်က ဆန်စပါး နယ်ကျော်သယ်ယူ ရောင်းချမှုကို ကန့်သတ်ထားခြင်းကြောင့် ယခုနှစ် စပါးပေါ်ချိန်တွင် လယ်သမားများ စပါးရောင်းမထွက်ဘဲ အရှုံးပေါ်နေပြီး မိသားစု စီးပွားရေးများ အခက်အခဲ ကြုံနေရကြောင်း လယ်သမားများက ပြောသည်။

ဆန်စပါးကို အဓိကစိုက်ပျိုးသော သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ယမန်နှစ် ၂၀၂၄ က စပါး ၁၆ တင်းလျှင် ကျပ် ၅၀၀,၀၀၀ (ငါးသိန်း) ကျော်အထိ ဈေးနှုန်းရရှိခဲ့သော်လည်း ယခုနှစ် ၂၀၂၅ စပါးပေါ်ချိန်တွင် စပါး ၁၆ တင်းကို ကျပ် ၄၀၀,၀၀၀ (လေးသိန်း) သာရရှိပြီး ဝယ်ယူသူမရှိ ဖြစ်နေကြောင်း မိုးနဲမြို့မှ လယ်သမားတစ်ဦးက ပြောသည်။

“အရင်နှစ်က စပါး ၁၆ တင်းကို ကျပ်ငါးသိန်းကျော်ရတယ်။ ဒီနှစ်ကတော့ စပါး ၁၆ တင်းကို ကျပ် လေးသိန်းတဲ့၊ ဘယ်သူမှလည်း မဝယ်ဘူး။ ကျနော်တို့ လယ်သမားတွေက ဆန်စက်ပိုင်ရှင်ကိုပဲ အားကိုးနေရတာ။ သူတို့မှ မဝယ်ရင် ကျနော်တို့လည်း ဘယ်မှာမှ သွားရောင်းလို့မရဘူး” – ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ဆန်စပါး နယ်ကျော် သယ်ယူရောင်းချမှုကို စစ်ကော်မရှင်က ကန့်သတ်လိုက်ခြင်းကြောင့် ဆန်စက်ပိုင်ရှင်များလည်း ဆန်ဟောင်းများ ရောင်းမထွက်နိုင်ဘဲ ဂိုဒေါင်ထဲတွင် သိုလှောင်ထားကြောင်း သိရသည်။ ထို့ကြောင့် ဆန်စက်ပိုင်ရှင်များလည်း ဆန်အဟောင်းများ ရောင်းမထွက်၍ စပါးအသစ်များကို လက်ခံဝယ်ယူခြင်း မရှိတော့ကြောင်း လယ်သမားများက ပြောသည်။

“ဆန်က သယ်လို့ မရတာ ကြာပြီ၊ သူတို့ ယာဉ်လိုင်စင် စစ်ဆေးကတည်းပဲ။ ဆန်စက်ပိုင်ရှင်တွေလည်း ရောင်းမထွက်ဘူး၊ သူတို့ ဆန်အဟောင်းတွေ ရောင်းမထွက်တော့ ကျွန်တော်တို့ စပါးအသစ်တွေကိုလည်း မဝယ်ဘူး” ဟု အထက်ပါ မိုးနဲမြို့နေ လယ်သမားတစ်ဦးက ဆက်လက်ပြောဆိုသည်။

မိုးနဲမြို့နယ်တွင် ရိတ်သိမ်းထားသည့် စပါးခင်းများ(ဓာတ်ပုံ-ဒေသခံ)

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် (၂) တံတား ပိတ်ထားချိန် လမ်းကြောင်းပြောင်း ကုန်သွယ်ရန် အဆိုပြုထားသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သော သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် နယ်စပ်ဂိတ်မှလည်း ထိုင်းကုန်စည် တင်သွင်းမှုများအား ယခုနှစ် စက်တင်ဘာလဆန်းမှ စတင်တင်းကြပ်ထားသည်။

ထို့အပြင် ပြည်မဒေသများသို့ ကုန်စည်သယ်ယူခွင့်ကိုလည်း စစ်ကော်မရှင်က ပိတ်ပင်ထားခဲ့သည်။ နယ်စပ်ဂိတ်များကို တော်လှန်ရေးတပ်များ ထိန်းချုပ်လာမှုကြောင့် ကုန်သွယ်ရေး အခွန်အခ ရရှိကာ တပ်အင်အား ကြီးထွားလာနိုင်၍ ထိုသို့သော ကုန်သွယ်မှုကို တရားမဝင် ကုန်သွယ်မှုများအဖြစ် ဖမ်းဆီးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၁၂ ရက်နေ့က စစ်ကော်မရှင် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

“ဆန်တစ်အိတ်တောင်မှ မပေးသယ်ချင်တော့ဘူး၊ ဒါတောင် ကားဆရာတွေက ကျွန်တော်တို့ စားဖို့အတွက်ပါ ဆိုပြီး ပြောမှ ပေးသယ်တာ။ ပြီးတော့ ထိုင်းကုန်ပစ္စည်းတွေလည်း သယ်လို့မရဘူး၊ စစ်ဆေးတာ အရမ်းကြမ်းတယ်။ ထိုင်းကုန်ပစ္စည်းတွေဆိုရင် မိုင်းပွန်နယ်ဘက်ကို ပေးမကျော်ဘူး၊ တစ်ခါတည်း ဂိတ်မှာ ဆွဲချတာ” – ဟု မိုးနဲမြို့ခံ ကုန်သည်တစ်ဦးကလည်း ပြောသည်။

စပါးစိုက်ခင်း ဧကပေါင်း ၉,၀၀၀ (ကိုးထောင်) ကျော်ရှိသော မိုးနဲမြို့တွင် လက်ရှိ စပါးစိုက်ခင်းဧက၏ လေးပုံတစ်ပုံကို ရိတ်သိမ်းနေပြီ ဖြစ်သော်လည်း စပါးဝယ်ယူသူ မရှိသောကြောင့် အခက်ကြုံနေကြသည်။

“အကယ်လို့ ကျွန်တော်တို့ လယ်သမားတွေ လဲကျသွားရင် ပိုက်ဆံချမ်းသာတဲ့သူရော၊ နေ့စားလိုက် တဲ့သူပါ လဲကျသွားမှာ။ လယ်သမားတွေရဲ့ မီးစာက ကုန်တော့မယ်၊ အကယ်လို့ လေကို မကာကွယ် နိုင်တော့ သေချာတယ် မီးက ငြိမ်းတော့မှာ။ ဒီနှစ်မှာ စပါးမရောင်းနိုင်ရင်တော့ သွားပြီ။ နောက်နှစ် စပါးစိုက်ဖို့ စရိတ်မရှိတော့ဘူး” – ဟု မိုးနဲမြို့ခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးကလည်း ပြောသည်။

ထို့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများအနေဖြင့် လယ်သမားများ အရေးကို အာရုံစိုက် ကူညီဖြေရှင်းပေးစေလိုကြောင်း ၎င်းက တိုက်တွန်းထားသည်။

နိုင်ငံအတွင်း စစ်ရေးပဋိပက္ခများကြောင့် စပါးစိုက်ပျိုးမှု လျှော့ကျလာချိန် ဆန်ဈေးနှုန်းကို စစ်ကော်မရှင်က ထိန်းချုပ်ခဲ့ခြင်းကြောင့် အခြေခံစပါးဈေး စံချိန်တင် ကျဆင်းသွားသည်ကို ပြန်ဆွဲတင်ရန် ပြည်ပသို့ ဆန်တင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ကြောင်း သိရသည်။

Drug banner

၂၀၂၅ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း အိမ်နီးချင်း တရုတ်အပါအဝင် အာရှနှင့် ဥရောပနိုင်ငံများကို ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၂ သိန်းကျော်တင်ပို့ခဲ့ပြီး နောက်ခြောက်လအတွင်း ဆန်တန်ချိန် ၁၈ သိန်း ထပ်မံတင်ပို့သွားမည် ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ဆန်တင်ပို့မှု တန်ချိန် သိန်း ၃၀ ရှိလာမည် ဖြစ်သည်။ ယမန်နှစ် တစ်နှစ်လုံးတွင် တန်ချိန်ပေါင်း ၂၅ သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့ရာ ယခုနှစ်တွင် တန်ချိန် ၅ သိန်းကျော် ပိုမိုတင်ပို့ရန် စီစဉ်ထားခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

ရွာငံ-အောင်ပန်းလမ်း၌ စစ်ကော်မရှင်တပ်က ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရွာငံ-အောင်ပန်း သွားလမ်း၌ စစ်ကော်မရှင်တပ်က ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သင်္ကြန်ကာလအပြီး ဧပြီလ ၂၀ရက်မှ စပြီး စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် ရွာငံ-အောင်ပန်း လမ်းမ၌ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခရီးသွားပြည်သူများ၏ ဖုန်း၊ ဆိုင်ကယ် နှင့် ကားများကို...

ကျောက်တလုံးကြီးတွင် စစ်မှုထမ်းကြေးအပြင် ပျော်ပါးဖိုးအတွက်ပါ PNO ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့တွင် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့(PNO)မှ ဒေသခံများထံ စစ်မှုထမ်းကြေးအပြင် ၎င်းတို့ပျော်ပါးရန်အတွက်ပါ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍ ကျောက်တလုံးကြီးမြို့နယ်ခွဲတွင် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ခေါင်းစဉ်အမျိုးမျိုးတပ်ကာ (၆)လတစ်ကြိမ် ငွေကောက်ခံနေပြီး အဆိုပါ ငွေကောက်ခံသည့်ထဲတွင် စစ်ကော်မရှင်တပ်အတွက် လစဉ် စစ်မှုထမ်းကြေးနှင့် သောက်စားပျော်ပါးရန်အတွက်ပါ ‌ငွေထည့်ရသည့်အပြင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...