CATEGORY

မှုခင်း

လွိုင်ဆမ်ဆစ်ဘုန်းကြီးကျောင်းသို့ သွယ်တန်းသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင်ပေါ်ဘုန်းကြီးကျောင်း ဗုဒ္ဓကောလိပ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ကွက်ခိုင်မြို့နယ်အတွင်း မိုင်းဖုန်း‌ဆရာတော် တည်ထားသည့် လွိုင်ဆမ်ဆစ် တောင်ပေါ်ရှိ ဗုဒ္ဓကောလိပ် ဘုန်းကြီးကျောင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၌ ခိုးယူခံခဲ့ရကြောင်း ဘုန်းကြီးကျောင်းစောင့်သည့် အမျိုးသားတစ်ဦးက...

သိန္နီမြို့ လောင်ကစားဝိုင်း MNDAA မထိန်းချုပ်နိုင်သေး

သျှမ်းပြည် MNDAA ထိန်းချုပ်ထ သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသော်လည်း လောင်းကစားဝိုင်းများကို ယနေ့ထိတိုင် ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် တိုးချဲ့ဖွင့်လှစ်လာကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ထို့လောင်းကစားဝိုင်းများသည် သိန္နီမြို့ လယ်ဘုရားအနီးတွင် လောင်းကစားဝိုင်းများတွင် စတင်ဖွင့်လှစ်လာပြီး၊ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင်လည်း မိုင်းပါးကျေးရွာ စားသင်ကျောင်းနှင့်...

မူဆယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့်အမျိုးသား ဖမ်းဆီးခံရ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦးအပေါ် ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသားကို ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၃ ရက်) နေ့လည် ၁၁ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်ရှိ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကာလအတွင်း...

မူဆယ်မြို့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပြန်ပေးဆွဲခံရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂) ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ရပ်ကွက်၊ ရွှေသမင်ဘုန်းကြီး ကျောင်းအနီး၌ အသက် ၆၀ ခန့်အရွယ် (မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်) ဦးဝူစီဖာ...

တာချီလိတ်မြို့၊ မယ်ယန်းတိုးဂိတ်အနီးခရီးသည်တင်( Express )ကားတိမ်းမှောက်

သျှမ်းပြည်ရှေ့ပိုင်း၊ တာချီလိတ်မြို့ မယ်ယန်းတိုးဂိတ်အနီးတွင် ယနေ့ (မေ ၃၁)ရက် မွန်းတည့်ချိန်တွင် မိုးကောင်းကင် (Express) ကား အရှိန်မထိန်းနိုင်ဘဲ တိမ်မှောက်သွားခဲ့ကြေင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ခရီးသည်ကားသည် တာချီလိတ်မှ ကျိုင်းတုံအသွား မယ်ယန်းတိုးဂိတ်အကျော်တွင် ဆိုင်ကယ်ကို ရှောင်ရာမှအ ရှိန်မထိန်းနိုင်ဘဲ ဖြစ်ပွားခဲ့ ကြောင်း ဦးလှမိုး လူမှုကူညီရေးအသင်းမှ ...

ကလောမြိုနယ် တွဲကား ၁၂ ဘီးနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး

သျှမ်းပြည် ကလောမြိုန့ယ် တွင် တွဲကား ၁၂ ဘီး နှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ကလောမြို့နယ် ယမန်နေ့ (မေလ ၂၆) ရက် ည ၇ နာရီခွဲ ဝန်းကျင်တွင် ရေယားကျေးရွာ၊ရွှေရေယား စားသောက်ဆိုင်‌ အနီး၌...

ထောင်ချခံရသည့် ရပခ တိုင်းမှူးဟောင်း အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ် သိမ်းဆည်းခံရ

ထောင်ချခံထားရသည့် သျှမ်းပြည်၊ တောင်ကြီးမြို့ အအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုး အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းလိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၅ ရက်) တွင် ပြောသည်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့...

တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ အလုပ်ခေါ်စာမှတဆင့် ငွေကြေးလိမ်လည်မှုရှိနေ

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ (Facebook )အကောင့်ကို အသုံးပြုပြီး အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကြေးလိမ်းလည်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ (Facebook Page)၌ အလုပ်ခေါ်စာမှတဆင့် အလုပ်ရှာဖွေပေးရန်အတွက် ငွေအရင်လွှဲပေးရမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှု အသစ်ပေါ်ထွန်းနေသည် ဟု ကိုယ်တိုင်ကြုံတွေ့ဖူးသည့်...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနောက်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ယမန်နေ့ (မေလ ၂၂ ရက်) ည ၇ နာရီ ခွဲဝန်းကျင်ခန့်တွင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်၊ ဆေခမ်းအုပ်ချုပ်ရေးမှူးရုံးနောက် စားသောက်ဆိုင်တစ်အတွင်းရှိ အမျိုးသားတစ်ဦးကို အမည်မသိ...

တာချီလိတ်မြို့ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ

သျှမ်းပြည် တာချီလိတ်မြို့ရှိ ဖုန်းဆိုင်သည်  ယမန်နေ့ (မေ ၁၉)ရက် တွင် ဖောက်ထွင်းခံရပြီး iPhone (အိုင်ဖုန်း)သီးသန့် ခိုးယူသွားကြောင်း စုံစမ်းသိရသည်။  သျှမ်းပြည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်မကြီး၊ ဆန်ဆိုင်းဟိုတယ်အနီးရှိ Hout Same Mobile ဖုန်းဆိုင်ကို ယမန်နေ့ (မေလ၁၉ ရက်) မနက် ၅ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ဆိုင် အတွင်းသို့ ဖောင်ဝင်ပြီး အိုင်ဖုန်းများကိုသာ သီးသန့် ခိုးယူခဲ့ကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖုန်းတွေကတော့ အများကြီးပါသွားလောက်တယ်။အိုင်ဖုန်းတွေပဲယူသွားတာ။ဆိုင်ထဲကို တစ်ယောက်ထဲ ဝင်ဖောက် သွားတာ။ ဆိုင်ကလည်း  တာချီလိတ်မြို့လယ်ကောင်မှာလို့ပြောလို့ရတာပေ့ါ။ ခုထိတော့ ပြန်မမိသေးဘူး။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ ပြီးခဲ့သည့် မေလ ၁၈ ရက်တွင်လည်း တာချီလိတ်မြို့ ရပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး ဖုန်းပြော ဟန်ဆောင်ကာ အိမ်တွင်းတို့ဝင်၍ ဆိုင်ကယ်ခိုးယူခဲ့ကြောင်း သိရသည်။ ထိုသို့ ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသောကြောင့် လက်ရှိမှာ မည်သူမှ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း မရှိခြင်းသည့် အတွက်ကြောင့် ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေရကြသည်။  စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း တာချီလိတ်မြို့အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ခိုးယူ လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Latest news