တာချီလိတ်မြို့ မီးလင်းရေး လာအိုနိုင်ငံဘက်မှ လျှပ်စစ်ဓာတ်အားသွယ်တန်းနေ

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အသုံးပြုနေသည့် လျှပ်စစ်မီး၊ အင်တာနက်လိုင်းနှင့် စက်သုံးဆီများကို အွန်လိုင်းလောင်းကစား ကျားဖြန့်နှိမ်နင်းရေးဟု ပြောဆိုကာ ထိုင်းအာဏာပိုင်များက စတင်ဖြတ်တောက်လိုက်ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလနှောင်းမှ စတင်ပြီး ယခုလဆန်းပိုင်းထိ မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့သို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr.Liu Zhongyi ရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ကျားဖြန့်လုပ်ငန်း ကြီးထွားနေသည့် ဒေသဘက်သို့ သွားရောက်ကွင်းဆင်းခဲ့သည်။

ဇန်နဝါရီ (၂၉)ရက်တွင် မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ နာမည်ဆိုးထွက်ပေါ်သော အွန်လိုင်းကျားဖြန့်နေရာကို ကွင်းဆင်းခဲ့ပြီး၊ ဖေဖော်ဝါရီ (၁)ရက်တွင် မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့ရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အလယ်မှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်သို့ ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုကွင်းဆင်းပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) နံနက်ပိုင်းမှစတင်ကာ ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ တင်ပို့ရောင်းချနေသော လျှပ်စစ်မီး၊ ဖုန်းအင်တာနက်လိုင်း နှင့် စက်သုံးဆီများကို မြန်မာနယ်စပ်တကြော တာချီလိတ်မြို့၊ မြဝတီမြို့ နှင့် ဘုရားသုံးဆူမြို့ တို့ကို စတင် ဖြတ်တောက်လိုက်သည်။

လာအိုလျှပ်စစ်ဓာတ်အားသွယ်တန်းနေပုံ

အဆိုပါ ဖြတ်တောက်လိုက်သည့်အတွက် တာချီလိတ်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများ ဆီကို အလုအယက် ဝယ်ယူနေကြသဖြင့် အချို့ စက်သုံးဆီဆိုင်များ ပိတ်သိမ်းလိုက်ရကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထိုင်းကပေးတဲ့ လျှပ်စစ်မီးတွေကတော့ မနက်ကတည်းက ဖြတ်လိုက်ပြီ၊ အချို့နေရာကတော့ မီးလာသေးတယ်။ မီးစက်နှိုးဖို့ စက်သုံးဆီကတော့ အလုအယက် ဝယ်နေပြီ။ အခက်အခဲကတော့ မျိုးစုံပါပဲ”ဟု ၎င်းဒေသခံ အမျိုးသားက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပံ့ပိုးနေသော နေရာ (၅)ခုကို လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီထောက်ပံ့မှု ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ရခြင်းသည် “ကျမတို့ ထိုင်းပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ်”ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် Paetongtarn Shinawatra ( ပေတောင်တန် ရှင်နာဝပ်) ဆိုသည်။

ထိုင်းနိုင်ငံမှ ပေးလွှတ်သည့် လျှပ်စစ်မီး ဖြတ်တောက်ခံရသော်လည်း လက်ရှိ တာချီလိတ်မြို့အတွက် မြို့မီးလင်းရေးကော်မတီက လျှပ်စစ်မီး ပြန်ရရှိရန်အတွက် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုင်းများ၊ မီးကြိုးများကို ချိတ်ဆက်နေကြောင်းလည်း သိရသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် ၂၀၂၄ ခုနစ်မှ စတင်အသုံးပြုလာခဲ့သည့် လျှပ်စစ်မီးကို လက်ရှိ ထိုင်းနိုင်ငံမှ ဖြတ်တောက်လိုက်သဖြင့် လာအိုနိုင်ငံမှ ပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝ ချိတ်ဆက်သွားမည်ဟုလည်း တာချီလိတ်ဒေသခံများက ပြောသည်။

“မြို့မီးလင်းရေးကော်မတီကတော့ လာအိုကနေလာတဲ့ ဓာတ်အားလိုင်းတွေ၊ မီးကြိုးတွေကို ချိတ်ဆက်နေတယ်။ ဒီနေ့ ညနေကျရင် မီးအသုံးပြုနိုင်မယ်”ဟု တာချီလိတ်ဒေသခံ အမျိုးသား တစ်ဉီးက ပြောသည်။

ထို့ကြောင့် အွန်လိုင်းကျားဖြန့် နှိမ်နင်းရေးသည် ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီ ဖြတ်တောက်မှု တစ်ခုတည်းဖြင့် မဖြေရှင်းနိုင်ကြောင်း၊ သျှမ်းပြည်အရှေ့ပိုင်းသည် ရွှေတြိဂံဒေသ ဖြစ်သည့်အလျောက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးမရလျှင် လာအိုနိုင်ငံမှ တဆင့် တင်သွင်းလာနိုင်ကြောင်း၊ ကျားဖြန့်ကြီးထွားမှုသည် ဆက်လက်ရှိနိုင်ကြောင်းလည်း တာချီလိတ်ဒေသခံများက ပြောသည်။

လာအိုလျှပ်စစ်ဓာတ်အားသွယ်တန်းနေပုံ

“လာအိုကလည်း တရုတ်စီမံကိန်းတွေပဲလေ။ ထိုင်းက မီးဖြတ်ရင် လာအိုဘက်က ဝင်မှာပဲ။ မိုင်းဖြတ်ဘက်ဆိုရင် လာအိုမီးယူနေတာကြာပြီ။ အခုလည်း ဒီနေ့မီးဖြတ်လိုက်တယ်၊ မြို့မီးလင်းရေးက လာအိုမီးကြိုး တန်းချိတ်တာပဲ”ဟု တာချီလိတ်မြို့နေ အသက် (၄၀) ကျော် အမျိုးသားက ထပ်လောင်းပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းတကြောသည် ထိုင်းနိုင်ငံမှတင်သွင်းသည် ကုန်ပစ္စည်းများနှင့် လောင်စာဆီများကို အဓိက အားကိုးနေရသည့် ဒေသဖြစ်သည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းကြောင့် ၎င်းဒေသရှိ အခြေခံလူတန်းစားများလည်း အခက်တွေ့နိုင်သကဲ့သို့ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံမှ ထွက်ကုန်ပစ္စည်းများ အစားထိုး ဝင်ရောက်လာနိုင်ကြောင်း တာချီလိတ်ဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

“ထိုင်းဘက်က အရာရာ ဖြတ်ရင်တော့ အဆင်မပြေဘူး။ ကျနော်အထင် ဒီဘက်ကလည်း သူ့နည်းသူ့ဟန်တော့ ရှိမယ်။ ထိုင်းကနေ ငွေလွှဲကိစ္စတော့ ခက်နိုင်ပေမယ့် ကုန်ပစ္စည်းတွေ၊ နောက်ပြီး မီးတွေကတော့ လာအိုဘက်က လာတာနဲ့ တရုတ်ဘက်က၊ မိုင်းလား အထူးဒေသကနေတဆင့် ဝင်လာမယ်။ နောက်ဆုံးတော့ တရုတ်ကပဲ အစားထိုးသွားမယ်” ဟု ၎င်းအမျိုးသမီးက သုံးသပ်ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့သည် ယခင် ၂၀၂၄ ခုနှစ် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်တွင် စစ်ကောင်စီမှ မီးဓာတ်အားလိုင်းကို ဖြတ်တောက်ပြီး၊ ဒေသခံများလည်း လာအိုဘက်မှ မီးရနိုင်ရန်အတွက် ရပ်ရွာလူကြီးနှင့် စည်းရုံးခဲ့သော်လည်း စစ်ကောင်စီလက်အောက် လျှပ်စစ်ဓာတ်အားပေးရေးဌာနသည် လာအိုနိုင်ငံမှ သွယ်တန်းလာမည့် လျှပ်စစ်မီးကို အဝင်မခံကြောင်း မိုင်းဖြတ်ဒေသခံတစ်ဦးက ပြောသည်။

ယခုလို ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် စက်သုံးဆီကို ဖြတ်တောက်လိုက်သော်လည်း ၎င်းပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် လာအိုဘက်ကလာမည့် လျှပ်စစ်မီးကို အမြန်ဆုံး လုပ်ဆောင်ရလိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောသည်။

“ဒီမိုင်းဖြတ်ကတော့ ခုမှ မီးဖြတ်တာတာ့ မဟုတ်ဘူး၊ ၂၀၂၄ ခုနှစ် ရေကြီးပြီးနောက်ကတည်းကပဲ။ ခုက ၁ လလောက်ပဲ ရသေးတာ စစ်တပ်က အကုန်ပြန်ဖြတ်လိုက်တယ်။ မီးပုံမှန်လေး ပြန်ရအောင်ဆိုပြီး လာအိုကမီးကို သွယ်မယ်လုပ်သော်လည်း စစ်တပ်နဲ့ လျှပ်စစ်လူကြီးတွေက လက်မခံဘူး ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ထိုင်းဝန်ကြီးချုပ်သည် ယနေ့ ( ဖေဖော်ရီ ၅ ရက်)တွင် တရုတ်နိုင်ငံသို့ (၄) ရက်တာ ခရီးစဉ် သွားရောက်နေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထိုခရီးစဉ်တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ငန်းနှင့် ပတ်သက်ပြီး တရုတ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...