ကိုးကန့်ကျားဖြန့်ဂိုဏ်းနှင့် ဆက်နွှယ်သူများကို တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေး

သျှမ်းပြည် ကိုးကန့်ဒေသမှ အွန်လိုင်းကျားဖြန့်လုပ်ငန်းကို အဓိက လုပ်ကိုင်သည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’ မိသားစုများနှင့် ဆက်နွှယ်သူ (၂၃) ဦးကို ရာဇဝတ်မှုများအတွက် တရုတ်နိုင်ငံ တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။

ဖေဖော်ဝါရီ (၁၄) ရက်မှ (၁၉) ရက်အထိ တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်ရှိ Wenzhou တရားရုံးတွင် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုနှင့် ဆက်နွှယ်သူ (၂၃) ဦးကို (၆) ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး စီရင်ချက်ချမှတ်ခြင်းကို ထပ်မံကြေညာ ဖြစ်သည်။

၎င်းတို့ကို အွန်လိမ်းငွေလိမ်မှု၊ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ပြည့်တန်ဆာလုပ်ငန်း စီစဉ်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စသည့် ရာဇဝတ်မှု (၁၁) မျိုးဖြင့် စွဲချက်တင်ခဲ့ကြောင်း တရုတ်သတင်း CCTV တွင် ဖော်ပြသည်။

တရုတ်အစိုးရ ရှေ့နေများက မြန်မာ-တရုတ်နယ်စပ်ရှိ ကိုးကန့်ဒေသ အခြေစိုက် ရာဇဝတ်ဂိုဏ်းကို ‘မြီ’မိသားစုဝင်များမှ “၎င်းတို့၏ ဩဇာနှင့် လက်နက်ကိုင်တပ်များကို အသုံးပြုကာ စက်မှုဇုန် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ငွေကြေးထောက်ပံ့သူများနှင့် ပူးပေါင်းကာ ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း” စွပ်စွဲထားသည်။ ၎င်းအကျိုးဆက်အဖြစ် တရုတ်နိုင်ငံသား (၁၄) ဦး အသတ်ခံရပြီး (၆) ဦး ဒဏ်ရာရကာ တရုတ်ယွမ်ငွေ ဘီလီယံ နှင့်ချီ၍ ဆုံးရှုံးခဲ့ရကြောင်း ဆိုသည်။

ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာလ ၃၀ ရက်တွင် ကိုးကန့်ခေါင်းဆောင်ဟောင်း ‘မြီ’မိသားစုဝင်များ အပါအဝင် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူ (၃၉) ဦးတို့ကို တရုတ်နိုင်ငံ တရားရုံး၌ ရာဇဝတ်မှု သံသယဖြင့် စတင်တရားစွဲဆိုခဲ့သည်။

‘မြီ’မိသားစု၏ ရာဇဝတ်ဂိုဏ်းကို ကိုးကန့်ဒေသ အုပ်ချုပ်ရေး ဦးစီးအဖွဲ့တွင် ပါဝင်ခဲ့သည့် မြီရှောက်ချန်း Ming Xuechang က ဦးဆောင်ခဲ့ပြီး ၎င်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တရုတ်ရဲများ ဝင်ရောက်ဖမ်းဆီးစဉ် သေနတ်ဖြင့် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်။

အွန်လိုင်းကျားဖြန့် ငွေလိမ်မှုများ အပါအဝင် ရာဇဝတ်မှုများဖြင့် ဆက်စပ်နေသော မြီရှောက်ချန်း၏ သားဖြစ်သူ မြီကော်ဖျင် Ming Guoping ၊ သမီးဖြစ်သူ မြီကျုလန် Ming Julan ၊ မြေးဖြစ်သူ မြီကျိန်းကျန်း Ming ZhenZhen တို့ကိုလည်း ၂၀၂၃ နိုဝင်ဘာလ (၁၆) ရက်တွင် စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့သည်။

မြီရှောက်ချန်း၏ သားနှင့် မြေးဖြစ်သူ တို့ကို ၂၀၂၃ နိုဝင်ဘာလ (၁၆) ရက်တွင် ရန်လုံကျိုင်းဂိတ်၌ လွှဲပြောင်းပေးစဉ်

မြီရှောက်ချန်း၏ သားဖြစ်သူ အသက် (၄၃) နှစ် အရွယ်ရှိ မြီကော်ဖျင် Ming Guoping သည် စစ်ကောင်စီ ကွပ်ကဲမှုအောက်ရှိ ကိုးကန့်နယ်ခြားစောင့်တပ် ခေါင်းဆောင်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများကို ကာကွယ်ရန်နှင့် အမြတ်ထုတ်ရန် ရာဇဝတ်ဂိုဏ်းတွင် တာဝန်ရှိသူဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပရှိ သျှမ်းပြည် ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများ ဖြစ်သော်လည်း တရုတ်နိုင်ငံသားများ၏ ကိုယ်ပိုင်အခွင့်အရေးများကို ချိုးဖောက်ခြင်းကြောင့် တရုတ်အာဏာပိုင်များက ယင်းအမှုကို စီရင်ပိုင်ခွင့်ရှိသည်ဟု တရုတ်အစိုးရရှေ့နေများက ပြောဆိုထားသည်။

ယမန်နှစ် ၂၀၂၄ ဇန်နဝါရီလ ၃၀ ရက်တွင် စစ်ကောင်စီသည် တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းနှင့် လုပ်ငန်းရှင်များ အပါအဝင် အွန်လိုင်းကျားဖြန့်လုပ်ငန်း အဓိကလုပ်ကိုင်သူ တရားခံ(၁၀)ဦးတို့ကို နေပြည်တော်လေဆိပ်တွင် တရုတ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

၎င်းတို့အထဲတွင် ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နှင့် သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်ဒေသ (၁၀၀၆) နယ်ခြားစောင့်တပ်ရင်းဥက္ကဋ္ဌ ဝေဆန်း၊ ဖူလီလိုက်ကုမ္ပဏီမှ လျိုအာပေါင်နှင့် ရှုလောက်ဖာ အပါအဝင် အခြားသော အဓိကတရားခံ(၁၀)ဦးတို့ ပါဝင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သတင်းထောက်ဖိနှိပ်မှုအဆိုးဆုံး တရုတ်နိုင်ငံမှ ထိုင်းရောက် ဂျာနယ်လစ်တစ်ဦးကို ပြန်လွှဲပေးရန် ဖိအားပေး

0
တရုတ်အစိုးရနှင့် ပတ်သက်သည့်သတင်းများကို စုံစမ်းဖော်ထုတ်ရေးသားခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးအား ပြည်နှင်ဒဏ်ပေးပြီး ချက်ချင်းလွှဲပြောင်းပေးရန် တရုတ်အစိုးရက ထိုင်းနိုင်ငံကို ဖိအားပေးတောင်းဆိုလာကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။ တရုတ်ကွန်မြူနစ်ပါတီ အရာရှိကြီးများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် အကြီးစားခြစားမှုနှင့် ငွေကြေးလိမ်လည်မှု ကွန်ရက်ကို ဖော်ထုတ်ခဲ့သူ ဂျာနယ်လစ် ပိုင်ကျောက်တုန်း (Bai Zhaodong) အား...

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...

စစ်ခေါင်းဆောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တရုတ်နိုင်ငံတွင် တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပနေသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ အလားတူ စစ်ခေါင်းဆောင်နှင့် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် စစ်ရေးပြပွဲ အခမ်းအနားတွင် ဘေးချင်းကပ်ထိုင်လျက် လက်ဆွဲနှုတ်ဆက်နေသည်ကို...

တရုတ်နိုင်ငံတွင် စစ်ခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် တွေ့ဆုံပြီး မြေရှားတူးဖော်ရေးဆွေးနွေး

0
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ တွေ့ဆုံခဲ့စဉ် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) တွင် တရုတ်နိုင်ငံ တီယန်ကျင်း၌ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ဆွေးနွေးပွဲမတိုင်မီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်...

စစ်ခေါင်းဆောင် တရုတ်နိုင်ငံသွားရောက်ပြီး ဒုတိယကမ္ဘာစစ်အောင်ပွဲ တက်ရောက်မည်

0
တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နှစ် (၈၀) ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် ရုရှားသမ္မတ ပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ လာမည့် စက်တင်ဘာလ (၃) ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ သို့မဟုတ်...