သီပေါမြို့နယ် နားမခေါ်ကျေးရွာအနီး မိန်းကလေး ၃ ဦး အသတ်ခံရပြီး အလောင်းစွန့်ပစ်ခံထားရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း နားမခေါ်ကျေးရွာ အနီးတွင် မိန်းကလေး ၃ ဦး အသတ်ခံရပြီး အလောင်းစွန့်ပစ် ခံထားရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်တွင် သီပေါမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နားမခေါ်ကျေးရွာ အနောက်ဘက်ခြမ်းတွင် အမည်၊ နေရပ် မသိရသည့် မိန်းကလေးငယ် (၃) ဦးကို အဝတ်အစား မပါဘဲ အသတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံထားရသည့် အနေအထားဖြင့် မြင်တွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထိုအသတ်ခံရသည့် မိန်းကလေး (၃) ဦးသည် အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြားတွင်သာ ရှိကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသတ်ခံရတဲ့ မိန်းကလေး ၃ ယောက်က အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြားပဲ ရှိဦးမယ်၊ သူတို့အလောင်းကို ရွာအနောက်မှာ လာပစ်ထားတာ။ ခန္ဓာကိုယ်ပေါ် အဝတ်အစား မရှိတော့ဘဲ အတွင်းခံပဲ ကျန်တယ်။ ဘယ်နေ့က ဆုံးလည်းတော့ မသိဘူး၊ ရွာလူကြီးနဲ့ ကိုးကန့်တပ်တွေ သွားပြီး မီးသင်္ဂြိုဟ်ပေးခဲ့တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

သီပေါမြို့နယ် နားမခေါ်ကျေးရွာအနီး အသတ်ခံရပြီး အလောင်းစွန့်ပစ်ခံထားရသည့် အဆိုပါ မိန်းကလေးငယ် (၃) ဦး၏ အမည်၊ နေရပ်နှင့် မိဘဆွေမျိုးတို့ကို သိရှိရခြင်း မရှိဘဲ ၎င်းတို့ကို မည်သူက လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အကြောင်းရင်းကိုလည်း မသိနိုင်သေးကြောင်း ဒေသခံများက ပြောသည်။

ဒေသတွင်းမှ အမျိုးသမီးငယ် အများစုသည် အလုပ်အကိုင် ရှားပါးလာမှုကြောင့် မိသားစု စားဝတ်နေရေးအတွက် သီပေါမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် နောင်ကော်ကြီးကျေးရွာအုပ်စု အနီးတဝိုက်ရှိ KTV များတွင် သွားရောက်အလုပ် လုပ်ကိုင်သူလည်း များပြားလာကြောင်း ဒေသခံများက ပြောသည်။

“အသတ်ခံရတဲ့ မိန်းကလေးငယ်တွေက နားမခေါ်က မဟုတ်ဘူး၊ တခြားနယ်ကနေ KTV မှာ အလုပ်လုပ်တဲ့သူ ဖြစ်နိုင်တယ်။ အခုက စားဝတ်နေရေး ခက်ခဲတော့ မိန်းကလေးငယ်တွေလည်း ပိုက်ဆံရှိတဲ့ စစ်သားတွေကို ခန္ဓာကိုယ်နဲ့ ရင်းကြတာရှိတယ်။ အဲ့မှာ စစ်သားအများကြီးက ခေါ်အိပ်တဲ့အထိ ဖြစ်လာတယ်။ ပြီးတော့ မူးယစ်ဆေးသုံးတဲ့ လူငယ်တွေကလည်း ပိုများလာတယ်”ဟု သီပေါဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ယမန်နှစ် ဩဂုတ်လ တတိယပတ်အတွင်း သီပေါမြို့နယ် နောင်ကော်ကြီးရွာ အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့( MNDAA) က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

နောင်ကော်ကြီးကျေးရွာသည် သီပေါမြို့နှင့် ၁၄ မိုင်ခန့်သာ ကွာဝေးပြီး မိုင်းရယ်မြို့နှင့် နမ့်လန်မြို့ ကားလမ်းတလျှောက်ကို MNDAA ထိန်းချုပ်ထားပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...