ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား လူငယ်၂ ဦး ရိုက်နှက်ခံရ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦး ကို အမည်မသိ ထိုင်းနိုင်ငံသားလူငယ်အုပ်စုက ဝိုင်းရိုက်သဖြင့် ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက် ညသန်းခေါင်ချိန်တွင် အဆိုပါရွှေ့ပြောင်းအလုပ်သမား အသက် (၂၀) ဝန်းကျင် လူငယ် ၂ ဦးသည်...
သိန္နီမြို့မဈေးထဲ ဈေးသည်အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံး
သျှမ်းပြည် သိန္နီမြို့ရှိ မြို့မဈေးထဲတွင် ငါးခြောက်ရောင်းသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိအမျိုးသားတစ်ဉီးက ဓားပြတိုက်ပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) ညနေပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) တွင် ငါးခြောက်ရောင်းနေသော အသက် (၅၀)...
တာချီလိတ်မြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦးကို အမည်မသိလူတစ်စုမှ ပြန်ပေးဆွဲ သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၀ ရက်) ည ၉ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ မယ်ယန်းကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို အမည်မသိလူတစ်စုက နေအိမ်အတွင်းအထိ ဝင်ရောက်ဆွဲခေါ်၍ ပြန်ပေးသွားခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံ...
ICC ဖမ်းဝရမ်းကြောင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး မနီလာလေဆိပ်တွင် ဖမ်းဆီးခံရ
SHAN -
နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ဖမ်းဝရမ်းအမိန့်ဖြင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်းဖြစ်သူ မစ္စတာ ရိုဒရီဂို ဒူတာတေးကို မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် ဟောင်ကောင်မှ ပြန်လာသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို မနီလာ...
သျှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် အုံတိုင်း ကျေးရွာရှိ သျှမ်းဘုန်းကြီး ကျောင်းထိုင်ဆရာတော် ဦးဓမ္မသာရ နှင့် ၎င်း၏ ဒကာဖြစ်သူ ဦးအိုက်ပီးတို့ကို ပျားစစ်ကြောင်းမှ ဒလန်ဟု စွတ်စွဲကာ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းဘုန်းကြီး ဦးဓမ္မသာရ နှင့် ဦးအိုက်ပီးတိုသည် စစ်ကောင်စီထောက်တိုင် ဒလန်များဖြစ်ကြကြောင်း ဖယ်ခုံပြည်သူများက ပျားစစ်ကြောင်းကို သတင်းပေးခြင်းကြောင့် စစ်ဆေးရာ ရဲဘော်...
ဖယ်ခုံ စစ်ရှောင်ကူညီပေးသည့် သျှမ်းဘုန်းကြီး တစ်ပါးနှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်များကိုပါ ကူညီပေးနေသည့် သျှမ်းဘုန်းကြီးတစ်ပါး နှင့် အမျိုးသားတစ်ဉီး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( မတ် ၄ရက် ) ညနေ ၄နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင် အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး...
ချင်းမိုင်တွင် လူငယ်အကြည့်ချင်းဆုံရာမှ ဓားထိုးမှုဖြစ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူငယ်ဂိုဏ်းတစ်ခုမှ ထိုင်းလူငယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း Chiang Mai News ကဖော်ပြသည်။ ယနေ့ (မတ်လ ၄ ရက်) နံနက် ၄ နာရီဝန်းကျင်တွင် ချင်းမိုင်မြို့ရှိ ဖက်တူ ချင်းမိုင် (ด้านหลังตลาดประตูเชียงใหม่) အနောက်ဘက်စျေးတွင် အသက် ၁၈...
သီပေါမြို့နယ် MNDAA ထိန်းချုပ် ကျေးရွာအားလုံးနီးပါး လောင်းကစားရုံ ဖွင့်လှစ်လာ
သျှမ်းပြည် သီပေါမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာများတွင် လောင်းကစားရုံ ဖွင့်လှစ်မှု သိသိသာသာ များပြားလာကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ပြီး သီပေါမြို့နယ် အရှေ့မြောက်ဘက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကုန်းသာ၊ နောင်အန်၊ ပန်မိတ်နှင့် နမ့်ရမ်း ကျေးရွာအုပ်စုရှိ...
တာချီလိတ်မြို့ ကုန်စုံဆိုင် ဓားပြတိုက်ခံရ၊ ကားတစ်စီးနှင့် ဘတ်(၇၀၀၀) လုယက်ခံရ
မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ လွယ်စတုံဘက်ရှိ ကုန်စုံဆိုင်တစ်ဆိုင် ဓားပြတိုက်ခံကာ ငွေကြေးများယူဆောင်သွားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၃)ရက် ည(၈)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံ(အောက်)ရွာ ရှိ လမ်းမကြီးဘေးတွင်ဖွင့်လှစ်ထားသော “ကျေးသီး” ကုန်စုံဆိုင်ကို အမည်မသိ လက်နက်ကိုင် (၃)ဦးမှ လာရောက်ပြီး ဆိုင်ရှင်အား...
မဲဆောက်မြို့ ဈေးဝယ်စင်တာရှိ ရွှေဆိုင်အား မြန်မာဝရမ်းပြေးတစ်ဦးက ဓားပြတိုက်သွားခဲ့ဟု ဝါဒဖြန့်ချိနေ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ Lotus ဈေးဝယ်စင်တာရှိ သြရွဇာ ရွှေဆိုင်အား တော်လှန်ရေးထောက်ခံသူ ဝရမ်းအထုတ်ခံထားရသည့် မြန်မာအမျိုးသားတစ်ဦးက ဓားပြတိုက်သွားကြောင်း ဝါဒဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ဖြစ်သည့် Truth Media ချန်နယ်က မတ်လ ၂ ရက်တွင် ဖြန့်ချိခဲ့ပြီး “မတ်လ ၂ ရက်၊ ည...






