“ဝ”တပ်ဖွဲ့ UWSA မှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦး ကို မိုင်းရှူး အထိ လာရောက်ရှာဖွေ
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် တရုတ်က အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရှူးမြို့နယ်တွင် တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင်...
လားရှိုးမြို့ ၁၀ ရက်အတွင်း ၃ ကြိမ် ဗုံးပေါက်ကွဲမှုဖြစ်
သျှမ်းပြည် လားရှိုးမြို့တွင် ၁၀ ရက် အတွင်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိ နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် လားရှိုးမြို့တွင် ညဈေး၊စန်းရွှင်ဟိုတယ်အနီး ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၈ ဦးထိခိုက်ခဲ့ပြီး...
မူဆယ်မြို့တွင်း ဓားပြတိုက်မှု ထပ်မံဖြစ်ပွား
သျှမ်းပြည်မူဆယ်မြို့ စျေးရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အမည်မသိ အမျိုးသားလေးဦး ဝင်ရောက် ဓားပြ တိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ဈေးရပ်ကွက်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၆ ရက်) ညနေ ၇ နာရီဝန်းကျင် ကား Crown အဖြူရောင်တစ်စီးဖြင့် အမျိူးသား ၄ ဦးသည် လက်နက်ကိုယ်စီကိုင်ဆောင်ပြီး...
လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၃ အတွင်းရှိ ဆိုင်ခန်းရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၃ ၊ သီရိလမ်းပေါ်ရှိ...
PNO ကို စစ်အာဏာရှင်လက်အောက်မှရုန်းထွက်ရန် PNLA တောင်းဆို
သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောာင်စီတပ်ဖွဲ့နှင့်အတူ ပူးတွဲတိုက်ခိုက်နေလျက်ရှိသော ပအိုဝ်းပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ပြီး အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLAမှ ယနေ့ (ဇန်နဝါရီလ ၂၉ ရက်)၌ တောင်းဆိုလိုက်သည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၈ ရက်)တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO...
ပင်လုံမြို့ လင်မယား (၂)ဦးကို ဆေးကြောင်သူက ပေါက်ဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွား
သျှမ်းပြည် လွိုင်လင်ခရိုင်၊ ပင်လုံမြို့နေထိုင်သည့် လင်မယား နှစ်ဦးကို ဆေးကြောင်သည့် အမျိုးသားတစ်ဦးက ပေါက်ဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၁) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ပင်လုံမြို့ အနောက်ဘက် စေတီလေးဆူ အနီး၌ သက်ကြီးပိုင်းလင်မယား နှစ်ဦးကို ဆေးကြောင်သူအမျိုးသား တစ်ဦးမှ ပေါက်ဆိန်ဖြင့် ခုတ်သတ်လိုက် သည့်အတွက် အမျိုးသားဖြစ်သူကပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးက ဦးခေါင်းကွဲ ဒဏ်ရာရသွားကြောင်း သိရသည်။ “သူတို့ လင်မယားနှစ်ယောက်က အဲ့ခြံ/ယာခင်းတွေဘက်မှာ ထင်းသွားရှာကြတာပေါ့။ အဲ့ဒီအချိန်မှာ မူးယစ်ဆေး ကြောင်တဲ့အသက် (၂၀) ကျော် အမျိုးသား တစ်ဦးက သူတို့ဆီ လာပြီး ပေါက်ဆိန်နဲ့ လိုက်ခုတ်တာတဲ့။ သူ့ယောင်္ကျားဖြစ်သူ ကပွဲချင်းပြီးသေသွားတယ်၊ အဖိုး (အမျိုးသမီးဖြစ်သူ) ကတော့ ဦးခေါင်းကွဲပြီး ဆေးရုံ တင်ထားရတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့်အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် အဆိုပါ ဆေးကြောင်သည့် အမျိုးသားသည် ၎င်းလင်မယား ၂ဦးကို ပေါက်ဆိန်ဖြင့် ခုတ်ပြီး အမျိုးသားပါလာသည့် ဖုန်းတစ်လုံးကိုလည်း လုယူသွားကြောင်း သိရသည်။ လက်ရှိ အချိန်တွင် ပေါက်ဆိန်ဖြင့် ခုတ်ခံရမှုကြောင့် ဦးခေါင်းကွဲ ဒဏ်ရာရထားသည့် အမျိုးသမီးသည် ဆေးရုံ၌ ဆေးကုသမှုခံယူနေလျက်ရှိပြီး ကျူးလွန်သည့် ဆေးကြောင်သူ အမျိုးသားကို တာဝန်ရှိသူများက လိုက်လံရှာဖွေ နေကြကြောင်းလည်း သိရသည်။ “ကျနော်တို့မြို့မှာလည်း တဖြည်းဖြည်းနဲ့ ဒုစရိုက်မှုတွေ ပေါများလာတယ်၊ ဟိုနေရာမှာ ဓားပြတိုက်လိုက်၊ ဒီနေရာမှာ လုယက်မှုဖြစ်လိုက်နဲ့၊ ရပ်ရွာထဲမှာလည်း ဆေးသမား၊ မူးယစ်ဆေးဝါးတွေ တော်တော်ပေါ များလာတာ။ သူတို့ကို နှိမ်နှင်းအရေးယူပေးမှုလည်း မရှိတော့ ရပ်ရွာလုံခြုံရေးက ပိုဆိုးနေတာပေါ့” ဟု ပင်လုံမြို့ခံ အသက် (၅၀) ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်) နေ့လယ် ၁၂ နာရီတွင် ပင်လုံမြို့ ဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားသော “မခင်ဦး” ရွှေဆိုင်ကိုအမည်မသိ အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး လက်စွပ်နှင့်ရွှေဆွဲကြိုး ၃ ကျပ်သားကျော်ကို ဓားပြတိုက်လုယူသွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ (၂၇) ရက်ကလည်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ စျေးအရှေ့ဘက်တွင် ဖွင့်လှစ်ထားသော လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ကို အမည်မသိ လူတစ်စုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်ရှင်အပါအဝင် (၄) ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း လည်းသိရသည်။
အမျိုးသားတစ်ဦး ကမ္ဘောဇဘဏ်ထဲသို့ ဝင်ရောက်သောင်းကျန်း
သျှမ်းပြည် ပင်လုံမြို့တွင် မူယစ်ဆေးသုံးစွဲထားသူဟု ယူဆရသည့် အမျိုးသားတစ်ဦးသည် ယနေ့ (ဇန်နဝါရီ ၁၇)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ကမ္ဘောဇ (KBZ )ဘဏ်ထဲသို့ ဝင်ရောက်သောင်းကျန်းခဲ့သည့် အတွက်ကြောင့် ပြည်သူများထိန့်လန့်နေကြောင်း သိရသည်။ သျှမ်းပြည် ပင်လုံမြို့ ရပ်ကွက် ၁ ရှိ KBZ ဘဏ်ကို ယနေ့...
လမ်းမြေညှိယာဉ်တစ်စီး ချောက်ထဲကျ အမျိုးသားတစ်ဦးသေဆုံး
သျှမ်းပြည် တာချီလိတ်မြို့တွင် လမ်းမြေညှိယာဉ်တစ်စီး အရှိန်လွန်၍ ချောက်ထဲကျပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် တာချီလိတ်မြို့ အဝင် ဖားဟိရွာအနီး တွင် ယမန်နေ့(ဇန်နဝါရီလ ၁၆ ရက်) ည ၅ နာရီခွဲကျော်၌ လမ်းမြေညှိယာဉ် တစ်စီး အရှိန်လွန်၍ ချောက်ထဲကျကာ အမျိုးသားတစ်ဦး သေဆုံးပြီး...
မူဆယ်မြို့နယ် စစ်ကောင်စီတပ် အချင်းချင်း ပစ်ခတ်မှုဖြစ်
သျှမ်းပြည် မူဆယ်မြို့နယ် အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁) ရက်တွင် မူဆယ်မြို့နယ်၊ မန့်ဝိန်းရပ်ကွက်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်အချင်းချင်း အထင်လွဲ စကားများကြပြီး သေနတ်ဖြင့် အပြန်အလှန်...
ပင်လုံမြို့ ဈေးအတွင်းရှိ “မခင်ဦး” ရွှေဆိုင် ဓားပြတိုက်ခံရ
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ဈေးအတွင်းဖွင့်လှစ်ထားသော “မခင်ဦး”ရွှေဆိုင် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၈ ရက်) နေ့လယ် ၁၂ နာရီကျော်ခန့်က ပင်လုံမြို့ ဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားသော “မခင်ဦး” ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး လက်စွပ်နှင့်ရွှေဆွဲကြိုး ၃...





