Wednesday, January 28, 2026

ICC ဖမ်းဝရမ်းကြောင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး မနီလာလေဆိပ်တွင် ဖမ်းဆီးခံရ

နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICC) ၏ ဖမ်းဝရမ်းအမိန့်ဖြင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်းဖြစ်သူ မစ္စတာ ရိုဒရီဂို ဒူတာတေးကို မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း သတင်းသိရသည်။

ယနေ့ (မတ်လ ၁၁ ရက်) နံနက်ပိုင်းတွင် ဟောင်ကောင်မှ ပြန်လာသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို မနီလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်အရောက်တွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၆ မှ ၂၀၂၂ ခုနှစ် သက်တမ်းအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုများအတွက် တာဝန်ခံရန် ICC မှ စုံစမ်းနေကြောင်း လက်ရှိဖိလစ်ပိုင်သမ္မတရုံးချုပ်မှ ထုတ်ပြန်ကြေညာသည်။

ဖိလစ်ပိုင်နိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က တရားစီရင်နိုင်သည့် ရောမသဘောတူစာချုပ် Rome Statute အဖွဲ့ဝင်အဖြစ်မှ ဒူတာတေး သမ္မတတာဝန်ယူထားစဉ် ၂၀၁၉ ခုနှစ်က နုတ်ထွက်ခဲ့သည်။

ICC ဖမ်းဝရမ်းကြောင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး မနီလာလေဆိပ်တွင် ဖမ်းဆီးခံရ

လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာလက်ထက်တွင် ICC သို့ ပြန်လည်ဝင်ရောက်ရန် မဆုံးဖြတ်သေးသော်လည်း နိုင်ငံတကာရဲတပ်ဖွဲ့အား ဒူတာတေးကို ဖမ်းဆီးပေးရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားထားသည်။

ICC ဖမ်းဝရမ်းကြောင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး မနီလာလေဆိပ်တွင် ဖမ်းဆီးခံရ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC ရှေ့နေများမှ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဖမ်းဝရမ်းထုတ်ရန် ယမန်နှစ် ၂၀၂၄ နိုဝင်ဘာတွင် လျှောက်ထားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News