Thursday, May 2, 2024

CATEGORY

မှုခင်း

တာချီလိတ် ဗုံး (၅) လုံး ပေါက်ကွဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် ချစ်ကြည်ရေး တံတား အမှတ် (၁) ကို ဖွင့်လှစ်လာပြီး (၇) ရက်မြောက်နေ့တွင် ဗုံး ၅ လုံး ပေါက်ကွဲမှုဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ...

မူဆယ်က လုံထန်ပြည်သူ့စစ် လောင်းကစားနေရာဟောင်း မီးလောင်မှုဖြစ်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းရှိ လုံထန်ပြည်သူ့စစ်၏ လောင်းကစား နေရာ ဟောင်းတွင် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်တွင် ဟိုမွန်ရပ်ကွက် ၄၅ ကုန်းရှိ လမ်းသွယ်...

တောင်ကြီးမြို့ ဓာတ်အားလိုင်း ပြုပြင်နေစဥ် ဓာတ်လိုက်၊ ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေစဥ် လျှပ်စစ်ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းတစ်ဦးက ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တောင်ကြီးမြို့တွင်းမှ စိန်ပန်းရပ်ကွက် အတွင်း လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်နေသည့် လင်းသီဟ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီ ဝန်ထမ်းအမျိုးသား တစ်ဦး...

မူဆယ် မြို့မပြည်သူ့စစ် တပ်ဖွဲ့အိမ် ဗုံးပေါက်ကွဲ၊ တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ဒဏ်ရာရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့မှ မြို့မပြည်သူ့စစ် အမှတ် (၂) မှ နေအိမ်တွင် ဗုံးပေါက်ကွဲပြီး တစ်ဦးသေ၊ တစ်ဦးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၅) ရက် နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် အမှတ် (၂) မြို့မ...

တာချီလိတ် အွန်လိုင်းဂိမ်း လုပ်ကိုင်သူ လူငယ် ၂ ဦး ဖမ်းဆီးခံရ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် အွန်လိုင်းဂိမ်း လုပ်ကိုင်သူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ လူငယ် ၂ ဦးကို ဖမ်းဆီးမိကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ရက် ည ၈ နာရီ ဝန်းကျင်မှ စပြီး တာချီလိတ်မြို့...

ပင်လုံမြို့ တည်းခိုခန်းတွင် မှတ်ပုံတင်အတုဖြင့် လာရောက်တည်းပြီး ပိုင်ရှင်ဖုန်းလုယူသွား

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက် ၄ အတွင်း တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုခဲ့သူ (၂) ဦးသည် အခန်းခကို မရှင်းသည့်အပြင် ပိုင်ရှင်၏ ဖုန်းကိုပါ ခိုးယူသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် အခန်းခ ရှင်းရန်ဟုဆိုကာ...

မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ တစ်လမ်းမောင်း (၅သုံးလုံး) လမ်းကြားတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်၌ စစ်ကောင်စီ လက်အောက်ခံ မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ သေနတ်ပစ်သတ်ခံရသည့် မူဆယ်ခရိုင် ရဲအုပ်တစ်ဦးသည် အသက် ၃၀...

သီပေါရီရှင်း ရွှေဆိုင်ဓားပြတိုက်ခံရ၊ ရွှေ ၆ ပိသာကျော်ပါသွား

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ မြို့မဈေးရှိ ရီရှင်းရွှေဆိုင် ဓားပြတိုက်ခံရပြီး၊ ရွှေ ၆ ပိသာကျော် ပါသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်း ၄ နာရီခွဲတွင် ရီရှင်းရွှေဆိုင် ပိုင်ရှင်မိသားစု (၃) ဦး ရွှေဧည့်သည်ဟိုတယ်အပြန် ဟိုတယ်အရောက်တွင် အမျိုးသား...

ရွှေသွားရောင်းသည့် သားမိခင်နှစ်ဦး ဓားပြတိုက်ခံရ၊ သမီးဖြစ်သူ ကျည်ထိမှန်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့မှ ဟင်လုံကျေးရွာရှိ စျေးထဲ ရွှေသွားရောင်းသည့် သားအမိ နှစ်ဦးဓားပြတိုက်ခံရပြီး၊ သမီးဖြစ်သူ ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဓားပြတိုက်အမျိုးသားတစ်ဦးက သေနတ်ပစ်ဖောက်ကာ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်အစောပိုင်းတွင် နမ့်ခမ်းမြို့ နှင့်...

တောင်ကြီး တပ်ပိုင်ဈေးဆိုင်ခန်းများ ဘူဒိုဇာဖြင့် ဖြိုဖျက်၊ အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင် တပ်ပိုင် ဈေးဆိုင်ခန်း နှင့် တိုက်ခန်းများ ဘူဒိုဇာဖြင့် ဖြိုဖျက်ခံရပြီး အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် လက်အောက်ခံ ဌာနဆိုင်ရာများ ပူးပေါင်းပြီး...

Latest news