သျှမ်းပြည် မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်ကို ပြည်သူစစ်ယောင်ဆောင်ပြီး သေနတ်အတုဖြင့် သွားလာနေသည့် အမျိုးသား (၃)ဉီးကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးလိုက်ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (မတ် ၁၈ )ရက် မူဆယ်မြို့ ဟိုနားရပ်ကွက်ရှိ ဆိုင်တစ်ဆိုင်ကို အမျိုးသား (၃)ဉီးသည် ပြည်သူ့စစ် ဝတ်စုံဝတ်ဆင်ကာ သေနတ်အတုဖြင့် ဖြတ်သွားဖြတ်လာပြုလုပ်ပြီး ၎င်းကို မသင်္ကာသဖြင့် ၎င်း ပြည်သူ့စစ်ကိုဖုန်းဆက်အကြောင်းကြားရာ လာရောက်ဖမ်းဆီးသွားကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဉီး က သျှမ်းသံတောာ်ဆင့်ကိုပြောသည် ။
“မနေ့က ဟိုနားရပ်ကွက်မှာ ပြည်သူစစ်ဝတ်စုံဝတ်ပြီး ဓားပြဝင်တိုက်ဖို့ ဆိုင်ရှေ့ သွားလိုက်လာလိုက် လုပ်နေတော့ ပြည်သူစစ်အဖွဲ့ကို တိုင်လိုက်တော့ သူတို့ ၃ယောက်ကို ဖမ်းသွားတယ်။ သူတို့သုံးတဲ့ သေနတ်ကလည် အတုတွေ သုံးတာ။ အရင်က အဖွဲ့နဲ့တူတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ယမန်နေ့ မတ် ၁၈ ရက်နေ့ မူဆယ်မြို့နယ်ရှိ မင်္ဂလာမူဆယ်အနီးတွင် ပြည်သူ့စစ်အချင်းချင်း ရိုက်နှက်မှုဖြစ်ပွားပြီး၊ ၎င်းရိုက်ခံရသည့် ပြည်သူ့စစ် ၂ ဦးသည် ပြည်သူစစ်အရာရှိဖုန်းကို ခိုးယူသွားကြောင်း အသက် ၄၅ နှစ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရိုက်ခံရတဲ့သူက သူတို့ပြည်သူစစ်အချင်းချင်းတွေပဲ သူတို့က အရာရှိဖုန်းကို ခိုးသွားတာ အဲကြောင့်လိုက်ရှာပြီး ရိုက်နှက်တာ။ နောက်ထက်ဘယ်နှစ်ယောက်ထပ်ရှိလည်တော့ မသိဘူး ခုဖမ်းမိတာတော့ ၂ ယောက်ပဲရှိသေးတယ်”ဟု ၎င်းက ပြောသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေသော်လည်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများသည့် ဒေသတစ်ခုဖြစ်သည်။












Leave a Comments