မလေးရှားအထိ သယ်ဆောင်ရောင်းဝယ်သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ရန်ကုန်တွင် စစ်ကောင်စီဖမ်းမိ

သျှမ်းပြည် ‘ဝ’ဒေသ ပန်ဆန်းမြို့တွင် နေထိုင်သူ၏ အစီအမံဖြင့် မလေးရှားပင်လယ်ပြင်အထိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ရန်ကုန်တွင် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ထံမှ ကျပ်ငွေ ၉၆ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖတ်တမင်း) ၃ တန်ကျော်၊ ကတ်တမင်း ၂၀၀ ကီလိုဂရမ် တို့နှင့်အတူ ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့ (မတ်လ ၁၈ ) ရက်စွဲဖြင့် စစ်ကောင်စီထုတ်ပြန်ချက်တွင် ဆိုထားသည်။

UWSA ထိန်းချုပ် ‘ဝ’ဒေသ ပန်ဆန်းမြို့တွင် နေထိုင်သည့် တင်မောင်ဝင်း ၏ အစီအမံဖြင့် ရန်ကုန်တိုင်းအတွင်း တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ မြောက်ဥက္ကလာပနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့တွင် တဆင့်ပြန်လည် ရောင်းချသူများကို စိတ်ပြောင်းဆေးဝါးများ၊ စက်လှေနှင့် မော်တော်ယာဉ်များနှင့် အတူ ဖမ်းဆီးရမိကြောင်း ဓာတ်ပုံမှတ်တမ်းဖြင့် စစ်ကောင်စီက ထုတ်ပြန်သည်။

မလေးရှားအထိ သယ်ဆောင်ရောင်းဝယ်သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ရန်ကုန်တွင် စစ်ကောင်စီဖမ်းမိ

‘ဝ’ဒေသမှ သယ်ဆောင်လာသည့် စိတ်ပြောင်း မူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းအတွင်း ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ‘ဝ’ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တင်မောင်ဝင်း ဆိုသည့် နာမည်မရှိသလို မကြားဖူးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ကျနော်တို့ စုံစမ်းကြည့်သလောက် ကျနော်တို့ဆီမှာ တင်မောင်ဝင်း ဆိုတဲ့ နာမည် မရှိသလို ကြားလည်း မကြားဖူးကြပါ”ဟု ဦးညီရမ်းက ဆိုသည်။

ထို့အပြင် စိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင် ရောင်းချရန် စီမံခန့်ခွဲသူမှာ အာရက္ခတပ်တော် AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်းနှင့် ဇနီးဖြစ်သူတို့ ဖြစ်ကြောင်း စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားပြီး ၎င်းတို့မှာ တန့်ယန်း၊ တောင်ကြီး၊ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များ ဖွင့်လှစ်ထားကြောင်း ဆိုသည်။

အလားတူ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးများ လက်ခံ၍ စက်လှေဖြင့် မလေးရှားပင်လယ်ပြင်သို့ တာဝန်ခံပို့ဆောင်သူအား လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မလေးရှားအထိ သယ်ဆောင်ရောင်းဝယ်သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ရန်ကုန်တွင် စစ်ကောင်စီဖမ်းမိ

လက်ရှိတွင် ‘ဝ’ဒေသ ပန်ဆန်းမြို့တွင် နေထိုင်ပြီး မူးယစ်မှောင်ခိုဂိုဏ်းကို စီမံနေသည် ဆိုသည့် တင်မောင်ဝင်း၊ မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင် ရောင်းချရန် စီမံခန့်ခွဲပြီး AA စီးပွားရေးတာဝန်ခံ ဟု စစ်ကောင်စီ စွပ်စွဲထားသည့် ရဲဝင်း (ခ) ကျော်စိုးလင်းနှင့် ၎င်း၏ဇနီး မသီတာမြင့်တို့ကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။

၎င်းတို့ကို မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရန် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...