သိန္နီမြို့မဈေးလူသတ်မှု မသင်္ကာသူအဖြစ် MNDAA ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံး

သျှမ်းပြည် သိန္နီမြို့မဈေးထဲ ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မသင်္ကာသူအဖြစ် ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ (၁၂) ရက် ညပိုင်းတွင် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) ၌ ငါးခြောက်ရောင်းချသည့် အသက် (၅၀) ကျော် အမျိုးသမီးတစ်ဦးကို အမြဲရောင်းကူနေသည့် အခြားအမျိုးသမီးတစ်ဦးမှ ဓားပြတိုက်ပြီး တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ယင်းနောက် မတ်လ (၁၃) ရက်တွင် လူသတ်မှုကျူးလွန်သည့် အသက် (၄၀) ကျော် အမျိုးသမီးကို ကိုးကန့်တပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ ဈေးအတွင်း နေထိုင်သည့် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦးကိုလည်း မသင်္ကာသူအဖြစ် ဖမ်းဆီးသွားခဲ့ရာ ရိုက်နှက်စစ်ဆေးနေစဉ် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဟိုနေ့က သိန္နီမြို့မဈေးထဲမှာ အသတ်ခံရတဲ့ကိစ္စ မသင်္ကာသူဆိုပြီး ဈေးထဲမှာ နေတဲ့ စည်ပင်ဝန်ထမ်းတစ်ဦးကို ဖမ်းခေါ်သွားတယ်။ အဲ့ဒီလူကို စစ်မေးတာ သေသွားတယ်၊ ဒီနေ့ သင်္ဂြိုဟ်တယ်”ဟု ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က သိန္နီမြို့ ကြာကန်အနီး မြို့တော်ခန်းမတွင် နေထိုင်ခဲ့ပြီး လက်ရှိ မြို့မဈေးအတွင်း ပြောင်းရွှေ့နေထိုင်သည့် အသက် (၅၀) အရွယ်ခန့် ၎င်းစည်ပင်ဝန်ထမ်း အမျိုးသားကို လူသတ်မှုအတွက် မသင်္ကာသူအဖြစ် MNDAA မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်စစ်ဆေးစဉ် တစ်ရက်အကြာတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“အရင် အဲ့ဒီလူက ကြာကန်နားမှာ နေတာ၊ ကိုးကန့်တွေက ဖယ်ခိုင်းတော့ ဈေးထဲကို ရောက်လာတာ။ အမှိုက်ကားမောင်း အမှိုက်သယ်တဲ့သူ အရမ်းအေးတယ်။ ဈေးထဲမှာနေတော့ သူ့ကို မသင်္ကာသူဆိုပြီး ဖမ်းခေါ်သွားတာ တစ်ရက်ပဲကြာတယ် ရိုက်စစ်တာ သေသွားတယ်”ဟု ၎င်းဒေသခံ အမျိုးသမီးက ထပ်လောင်းပြောသည်။

သိန္နီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဓားပြတိုက်ခံရပြီး ရိုက်နှက်ဒဏ်ရာဖြင့် လူသေဆုံးမှု၊ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခံရပြီး သေဆုံးမှုများအတွက် သျှမ်းသံတော်ဆင့်မှ ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူများထံ ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

အလားတူ မတ်လ (၁၃) ရက်ကလည်း သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် ကြံသွားပို့ရင်း လားရှိုး-သိန္နီ အစပ်ရှိ မိုင်းပါးကျေးရွာအုပ်စု ပန်ဖိတ်ကျေးရွာအနီး ကားပျက်၍ ညအိပ်စောင့်နေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး နှစ်ဦးစလုံး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဦးဆောင်မှုဖြင့် တရုတ်နှစ်သစ်ကူး ကာလမှ စ၍ တပေါင်းပွဲအချိန်ထိ ပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းများကို အဆက်မပြတ် ဖွင့်လှစ်ခွင့် ပြုထားခြင်းကြောင့် ခိုးဆိုးလုနှိုက်နှင့် ဓားပြတိုက်မှု အန္တရာယ်အပြင် လုံခြုံရေး စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုသည်။

ပုံ(၁) – သိန္နီမြို့ဝင်ဆိုင်းဘုတ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...