ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်းမှ တရားမဝင် တရုတ်နိုင်ငံသား (၇) ဦးကို စစ်ကောင်စီရဲများ ဖမ်းဆီးထား

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၇)ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၆) ရက် ည ၇ နာရီခန့်၌ ကလောမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးက ဘော်ဆိုင်းကျေးရွာရှိ တရားမဝင် တရုတ်နိုင်ငံသား (၇)ဦးကို လာရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့အချင်းချင်း သတ္တလုပ်ငန်းမှ အဝေမတည့်သောကြောင့် အတိုင်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့အချင်းချင်း အဝေမတည့်တာဖြစ်မယ်၊ အဲ့တာကြောင့် အတိုင်ခံထားရတာ ထင်တယ်။ လောလောဆယ်တော့ သူတို့ကို ရဲတွေ လာခေါ်သွားတယ်။ ရဲစခန်းမှာပဲ ချုပ်ထားသေးတယ် ပြောတယ်၊ ဘယ်ရဲစခန်းလဲတော့ မသိဘူး။ ခုထိတော့ ဘယ်လိုဆက်လုပ်မယ် မသိရသေးဘူး”ဟု ဖြစ်စဉ်သိရှိသူ ဘော်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘော်ဆိုင်းသတ္တုတူးဖော်ရေး ကုမ္ပဏီဖြစ်သည့် မြေနဂါးကုမ္ပဏီမှ (၂) ဦး၊ တောင်ကြီးသိန်း ကုမ္ပဏီမှ (၄) ဦးနှင့် ကောင်းသောအင်အားကြယ် ကုမ္ပဏီမှ တစ်ဦး၊ စုစုပေါင်း (၇)ဦး ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသား (၇)ဦးသည် ဘော်ဆိုင်းကျေးရွာတွင် ဆယ်စုနှစ်ချီ တရားမဝင် နေထိုင်သူများဖြစ်ပြီး အခြားသော တရုတ်နိုင်ငံသားများလည်း ဘော်ဆိုင်းတွင် တရားမဝင် နေထိုင်မှု ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကာလတွင် ဘော်ဆိုင်းဒေသရှိ ခဲသတ္တုများကို ဝယ်ယူသူ မရှိသည့်အတွက် ရပ်နားထားရပြီး ပြည်ပ တင်ပို့ရန် စစ်ကောင်စီဘက်မှ ခွင့်ပြုချက်မရသဖြင့် တရုတ်ကုမ္ပဏီများမှ သတ္တုဝယ်ယူခြင်း ယာယီရပ်နားထားသည်ဟု သတ္တလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ကုမ္ပဏီဘက်ကလည်း သူတို့ ပြည်ပထွက်လို့ မရသေးတော့ မဝယ်သေးတာ၊ လမ်းပိတ်နေတယ် လို့တော့ ပြောတာပဲ။ နောက်ပြီး သူတို့ တရုတ်အချင်းချင်း ဘာပြဿနာရှိလဲတော့ မသိဘူး။ တူးထားတဲ့ သတ္တုတွေက ခုထိ မရောင်းရသေးဘူး။ ခုတော့ ဈေးတက်နေတယ်၊ တစ်ပိဿာကို ကျပ် (၃ ထောင်) ကနေ ကျပ် (၅ ထောင်) အထိ ရှိတယ်”ဟု အဆိုပါ သတ္တုလုပ်ငန်း လုပ်ကိုင်နေသူက ပြောသည်။

ခဲသတ္တု တူးဖော်မှုများကို တရုတ်ကုမ္ပဏီလက်အောက်တွင် ဒေသခံအချို့ လုပ်ကိုင်ကြပြီး အချို့သော ဒေသခံများမှာ ကိုယ်တိုင်တူးဖော် ရောင်းချနေကြသည်ဟု ၎င်းက ဆက်ပြောသည်။

ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် လာရောက်နေထိုင်ပြီး သတ္တုတူးဖော်နေသည့် တရုတ်နိုင်ငံသား အများအပြား ရှိနေကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလတွင်လည်း ဘော်ဆိုင်းကျေးရွာတွင် တရားမဝင် နေထိုင်နေသည့် တရုတ်နိုင်ငံသား (၂)ဦးကို ဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဘော်ဆိုင်းကျေးရွာတွင် ရေရှားပါးမှုများ နှစ်စဉ်ဖြစ်ပေါ်နေပြီး အများစုမှာ သတ္တုတူးဖော်မှု နောက်ဆက်တွဲအနေဖြင့် ရေရှားပါးခြင်းနှင့် အပူချိန်ပိုမြင့်လာခြင်းများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းဆီးရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆောက်အဦးတစ်လုံးကို စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဝင်ရောက် စစ်ဆေးရာ...

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...

မက်မန်းမြို့နယ်တွင် ကျားဖြန့် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဟိုပန်မြို့ကို UWSA က ထိန်းချုပ်လိုက်ခြင်းကြောင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၏ ရုံးစိုက်ရာမြို့ကို စစ်ကော်မရှင်ထိန်းချုပ်မှုအောက်ရှိ မက်မန်းခရိုင်...