စစ်ကောင်စီရဲများ
ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်းမှ တရားမဝင် တရုတ်နိုင်ငံသား (၇) ဦးကို စစ်ကောင်စီရဲများ ဖမ်းဆီးထား
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၇)ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၁၆) ရက် ည ၇ နာရီခန့်၌ ကလောမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးက...





