တန့်ယန်းမြို့နယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅)ဦးကို စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅) ဦးကို စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ ၁၂ ရက်တွင် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံ(ပဵင်းမူင်ႈ) ကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် မိုင်းဟပြည်သူ့စစ်တို့ ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား (၁၆၅) ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး ဖမ်းဆီးခံလိုက်ရကြောင်း တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“၁၂ ရက်နေ့က စစ်ကောင်စီနဲ့ မိုင်းဟပြည်သူစစ်တွေ ပေါင်းပြီး ဝင်ဖမ်းကြတာ တရုတ်လူမျိုးတွေပဲ။ နားဟုတ်ကျေးရွာ အုပ်စုထဲမှာမှ ပိန်းမုံ(‌ပဵင်းမူင်ႈ)ကျေးရွာမှာ သွားဖမ်းကြတာ။ ကျားဖြန့်ဂိုဒေါင်တွေကိုလည်း စစ်တပ်က အကုန်ဖြိုလိုက်တယ်၊ စက်ပစ္စည်းတွေ ဖုန်းတွေ ကွန်ပျူတာတွေနဲ့ လူ (၁၆၅) ယောက်ကိုတော့ ၁၆ ဘီးကား နှစ်စီးနဲ့ တန့်ယန်းမြို့ကို သယ်သွားကြတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူများကို တန့်ယန်းမြို့သို့ သယ်ဆောင်သွားပြီး ဥပဒေနှင့်အညီ တရားစွဲဆို ဆောင်ရွက်နိုင်ရန်နှင့် ပြည်ပနိုင်ငံသားများကို လူသားချင်း စာနာထောက်ထားမှုအရ သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီဘက် ယမန်နေ့ (မတ်လ ၁၃ ရက်) တွင် သတင်းထုတ်ပြန်သည်။

တန့်ယန်းမြို့နယ်အတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသူများကို ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလအတွင်းက ‘ဝ’တပ်ဖွဲ့ UWSA မှ ပထမဆုံး ဖမ်းဆီးခဲ့ရာ လူ (၈၀၀) ကျော်ကို ၎င်းထိန်းချုပ် နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက်မှ (၉) ရက်အတွင်း မိုင်းရယ်မြို့နယ် မိုင်းဟဒေသရှိ မုံးဟ-မုံးဟင်းပြည်သူ့စစ် နယ်မြေတွင် ဖွင့်လှစ်လုပ်ကိုင်နေသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဗီယက်နမ်နှင့် တရုတ်နိုင်ငံသား အပါအဝင် (၁၀၀) ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ်အတွင်း ပြောင်းရွှေ့အခြေစိုက်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် ကျော်မြင့်ထွန်း အပါအဝင် တန့်ယန်းနှင့် မိုင်းရယ်စစ်ဗျူဟာမှူး တို့ကို စစ်ကောင်စီက ကျားဖြန့်ကိစ္စနှင့် ဆက်စပ်၍ ဖမ်းဆီးပြီးနောက် နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခဲ့ပြီး တိုင်းမှူးနှင့် ဗျူဟာမှူးတို့ကို အသစ်ခန့်အပ်လိုက်သည်။

သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့တွင် ‘ဝ’တပ်ဖွဲ့ UWSA ၊ သျှမ်းတပ် SSPP/SSA ၊ ကိုးကန့်တပ် MNDAA တို့လည်း တပ်စွဲထားပြီး ပြည်သူ့စစ်ထိန်းချုပ် နယ်မြေအတွင်း ရွှေ့ပြောင်းလုပ်ကိုင်နေသည့် ကျားဖြန့်ရုံ အများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းဆီးရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆောက်အဦးတစ်လုံးကို စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဝင်ရောက် စစ်ဆေးရာ...

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...