Wednesday, January 28, 2026

ချင်းမိုင်တွင် လူငယ်အကြည့်ချင်းဆုံရာမှ ဓားထိုးမှုဖြစ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူငယ်ဂိုဏ်းတစ်ခုမှ ထိုင်းလူငယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း Chiang Mai News ကဖော်ပြသည်။

ယနေ့ (မတ်လ ၄ ရက်) နံနက် ၄ နာရီဝန်းကျင်တွင် ချင်းမိုင်မြို့ရှိ ဖက်တူ ချင်းမိုင် (ด้านหลังตลาดประตูเชียงใหม่) အနောက်ဘက်စျေးတွင် အသက် ၁၈ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ် ၈ ဦးက ဓား၊ တုတ်နှင့် အခြားလက်နက်ဖြင့် လိုက်လံရိုက်နှက်ထိုးသတ်ခဲ့ကြောင်း ဆိုသည်။

ယင်းကဲ့သို့ ဓားထိုးမှုဖြစ်ပွားရခြင်းမှာ လူငယ်အချင်းချင်း အကြည့်ချင်းဆုံရာမှ စပြီး ဖြစ်ပွားခဲ့သည်။

ဓားထိုးခံရသူ အသက် ၁၈ နှစ်အရွယ် ထိုင်းအမျိုးသားသည် ၎င်း၏ညာဖက် နံရိုးမှာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး Suan Dok ဆေးရုံသို့ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရားခံလူငယ် ၆ ဦးကို ချင်းမိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ကျန်သည့် တရားခံ ၂ ဦးကို ဆက်လက် ရှာဖွေ ဖမ်းဆီးနေကြောင်း သိရသည်။

ဓားထိုးမှုတွင် အသုံးပြုသည့် ပစ္စည်းများ

၎င်းတို့သည် ချင်းမိုင်မြို့ရှိ လူငယ်ဂိုဏ်းတစ်ခုဖြစ်သော (၅၇၅) ဂိုဏ်းအဖွဲ့မှ လူငယ်များဖြစ်ကြောင်း ဆိုသည်။

ချင်းမိုင်မြို့တွင် လူငယ်ချင်းချင်း ဓားထိုးမှုဖြစ်ပွားပြီးနောက် စစ်ဆေးမှုများ တင်းကြပ်နေသဖြင့် ထိုင်းရောက် မြန်မာပြောင်းရွှေနေထိုင်သူများအနေဖြင့်လည်း သတိထားသွားလာကြပါရန် အသိပေးအပ်ပါသည်။

ဖမ်းဆီးခံထားရသူများ

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဆန်ဆိုင်းမြို့နယ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ် ၄ ဦးသည် ဦးထုပ်သွားဝယ်နေစဉ် ပိုက်ဆံမလုံလောက်သဖြင့် ဈေးဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးကို ဓားဖြင့်ခုတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...
Collaborative Media Monitoring

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံတကာနှင့် မြန်မာမီဒီယာများ ပူးပေါင်းစောင့်ကြည့်

0
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။ အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့်...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ချင်းမိုင် လူငယ်ဂိုဏ်းများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးစတင်

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဓားခုတ်မှုဖြစ်ပွားပြီးနောက် ဓားခုတ်မှုကျူးလွန်ခဲ့သည် လူငယ်ဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ချင်းမိုင်မြို့၊ ဆန်ကမ်ဖိုင်ရပ်ကွက်၊ ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့တွင် လူငယ်ဂိုဏ်းအဖွဲ့သည်...