ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား လူငယ်၂ ဦး ရိုက်နှက်ခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦး ကို အမည်မသိ ထိုင်းနိုင်ငံသားလူငယ်အုပ်စုက ဝိုင်းရိုက်သဖြင့် ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက် ညသန်းခေါင်ချိန်တွင် အဆိုပါရွှေ့ပြောင်းအလုပ်သမား အသက် (၂၀) ဝန်းကျင် လူငယ် ၂ ဦးသည် ချင်းမိုင်မြို့ရှိ ဘိလိယက်ဆိုင်တစ်ဆိုင်၌ ဘိလိယက်ထိုးနေစဉ် အမည်မသိ ထိုင်းနိုင်ငံသား လူငယ်အုပ်စု၏ ဝိုင်းရိုက်ခြင်းကို ခံခဲ့ရကြောင်း ၎င်းမိသားစုဝင်းများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဘိလိယက်ထိုးနေတဲ့အချိန်မှာ ဟိုဘက်ဝိုင်းက ထိုင်းလူငယ်တွေက သူတို့ကို ဘာလူမျိုးလဲလို့ လာမေးတာ။ သူတို့က ဘာမှမသိတော့ ထိုင်းယိုင် (သျှမ်း) လူမျိုးလို့ ပြောတာ။ အဲ့နဲ့အပြင်ထွက်လာတော့ အုပ်စုဖွဲ့ရိုက်နှက်ခံရတာ” ဟု ၎င်းမိသားစုဝင် အမျိုးသားတစ်ဉီးက ပြောသည်။

ထို့သို့ ရိုက်နှက်ခံရပြီး ရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦးမှာ မျက်နှာနှင့် ဦးခေါင်းတဝိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ဆေးရုံတွင် ၂ ရက်ကြာ ဆေးကုသယူခံပြီးနောက် ယမန်နေ့ မတ်လ ၁၂ ရက်တွင် ဆေးရုံမှ ဆင်းလာခဲ့ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောပြသည်။

“အခုတော့ ဆေးရုံကဆင်းရပြီ။ တစ်ယောက်ကတော့ ဘတ် ၄,၀၀၀ ကျော်ကုန်တယ်။ နောက်တစ်ယောက်ကတော့ ၇၀၀ ကျော်တယ်။ ဘယ်သူက သူတို့ကို ရိုက်ခဲ့မှန်းမသိတော့ အမူဖွင့်လို မရဘူး” ဟု ၎င်းကပြောသည်။

၎င်းတို့သည် ထိုင်းနိုင်ငံ ချင်းမိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြပြီး မည်သည့် ဂိုဏ်းအဖွဲ့တွင် ပါဝင်ထားခြင်းမရှိကြောင်း၊ လူမှားပြီး အုပ်စုဖွဲ့ရိုက်နှက်ခြင်းခံရခြင်းဖြစ်ကြောင်း ၎င်း၏မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် ချင်းမိုင်မြို့ရှိ ဈေးထဲ၌ အသက် ၁၈ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံသား ထိုင်းယိုင် (ခ)သျှမ်းလူမျိုးများ (၅၇၅) ဂိုဏ်းအဖွဲ့မှ ဓားထိုးသတ်မှုဖြစ်ခဲ့သည်။

ထိုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ အထူးသဖြင့် ထိုင်းယိုင် (ခေါ်) သျှမ်းလူမျိုးများသည် လူမျိုးရေး အမုန်းတရားဖြစ်လာမည်ကို စိုးရိမ်နေကြသည်ဟုပြောသည်။

“ဘိလိယက်ဆိုင်တွေတော့ အမျိုးမျိုးရှိတယ်။ ဆိုင်တွေအပေါ်မှာ မူတည်တာပေါ့။ တချို့ဆိုင်တွေလည်း လူကြီးတွေ ဆော့တယ်။ တချို့ဆိုင်တွေလည်း လူငယ်တွေဆော့တယ်။ ဒါပေမဲ့ လူငယ်တွေ ဆော့တဲ့ဆိုင်တွေ သွားရင်တော့ သတိထားရတာပေါ့။ များသောအားဖြင့် လူငယ်များတဲ့ ဆိုင်တွေက အကြည့်ချင်းဆုံမိရင် မရဘူး။ ဘာကြည့်တာလဲဆိုပြီး ရန်ရှာတတ်တယ်။ ပြီးတော့ မြန်မာပြည်ကလူတွေဆိုရင် သိပ်မကြည့်တော့လေ ပေးမဆော့ချင်ဘူး” ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

ထိုကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မလိုအပ်ဘဲ ညဘက်အပြင်သို့ သွားလည်ခြင်း၊ ရန်ခိုက်ဖြစ်ပွားခြင်း မပြုလုပ်ကြရန် အသိပေးအပ်ပါသည်။ အကယ်၍ ဘိလိယက်ဆိုင်သို့ သွားရောက် ဆော့ကစားပါက သတိထားရန်နှင့် လူငယ်အချင်းချင်း အကြည့်ချင်းမဆုံမိအောင် ရှောင်ရှားရန်လိုအပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...