တာချီလိတ်မြို့ ကုန်စုံဆိုင် ဓားပြတိုက်ခံရ၊ ကားတစ်စီးနှင့် ဘတ်(၇၀၀၀) လုယက်ခံရ

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ လွယ်စတုံဘက်ရှိ ကုန်စုံဆိုင်တစ်ဆိုင် ဓားပြတိုက်ခံကာ ငွေကြေးများယူဆောင်သွားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၃)ရက် ည(၈)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စတုံ(အောက်)ရွာ ရှိ လမ်းမကြီးဘေးတွင်ဖွင့်လှစ်ထားသော “ကျေးသီး” ကုန်စုံဆိုင်ကို အမည်မသိ လက်နက်ကိုင် (၃)ဦးမှ လာရောက်ပြီး ဆိုင်ရှင်အား ကြိုးဖြင့်တုတ်၍ ဘတ်ငွေ ၇၀၀၀ (မြန်မာကာလပေါက်စျေး ကျပ်ငွေ ၈သိန်းခွဲကျော်) နှင့် ကားတစ်စီးယူဆောင်သွားကြောင်း ဖြစ်စဉ်ကို သိသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့ညက (၈)နာရီအချိန်မှာ လွယ်စထုံအောက်ရွာက ယမ်းခေါင်ရွာသွား လမ်းမကြီးနားရှိတဲ့ “ကျေးသီး” ကုန်စုံဆိုင် ကို ဓားပြတိုက်သွားတယ်။ ဆိုင်ရှင်ကိုလည်း ကြိုးနဲ့တုတ်ခဲ့တယ်။ ဘတ်(၇၀၀၀)လည်း ပါသွားတယ်။ ကားတစ်စီးလည်း ပါသွားတယ်။” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အဆိုပါ ဓားပြမှုနှင့် ခိုးဆိုးလုယက်မှုများကို တာဝန်ဖြေရှင်းပေးမည့် အဖွဲ့မရှိကြောင်းနှင့် ရဲဌာနများမှလည်း အားကိုးမရကြောင်း ၎င်းကထပ်လောင်း ပြောသည်။

ယခုကဲ့သို့ ခိုးဆိုးလုယက်မှု များပြားလာခြင်းကြောင့် ဒေသခံများအနေဖြင့် အပြင်သွားလျှင် ဆိုင်ကယ်နှင့် မသွားရဲတော့ဘဲ ကားဖြင်သာ သွားလာနေရပြီး စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း အမျိုးသားတစ်ဦးက ပြောသည်။

ဓားပြတိုက်ခံရသည့် ကုန်စုံဆိုင်

“ခိုးဆိုးလုယက်မှုကတော့ ဖြစ်တယ် မကြာခဏပဲ။ သူခိုးတွေက ခိုးမယ် နဲနဲအခြေနေမကောင်းရင် ငြိမ်မယ်။ပြီးရင် ပြန်ခိုးမယ်။ အခုဆို ဆိုင်ကယ်တွေပါ ပျောက်နေတာ။ဆိုင်ကယ်နဲ့ သွားရင်လည်း လူကိုရိုက်ပြီး ဆိုင်ကယ်လုသွားတာတွေလည်း အများကြီးပဲ။ အပြင်သွားရင် ကားနဲ့ပဲ သွားဖြစ်တယ်။ ဆိုင်ကယ် မစီးရဲဘူး။ ဘယ်အချိန် သေမလဲ မသိလို့။ ကြောက်ရတာပေါ့။ခုက ခေတ်ပျက်နေတာဆိုတော့ ကြောက်နေရတယ်။” ဟု အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် လုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာ ရဲများက အရေးယူဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ခိုးဆိုးလုယက်မှုများ ကိုအရေးယူ ဆောင်ရွက်ပေးမည့် အဖွဲ့အစည်း တစ်ခုလိုအပ်နေသည်ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ဆိုင်ကယ်တက္ကစီသမားတစ်ဦးကို ခရီးသည်က သတ်ဖြတ်ပြီး ဆိုင်ကယ်လုယူသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ထို့နောက် စားဝတ်နေရေးအတွက် ရုန်းကန်ပြီး အသက်မွေးဝမ်းကြောင်း ပြုနေရသည့် ဆိုင်ကယ်တက္ကစီ သမားများအတွက် စိုးရိမ်ပူပမ်မှုများ ဖြစ်စေပြီး မြို့နှင့် ဝေးသည့် နေရာသို့ ခရီးသည်များကို မပို့ရဲကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...