တာချီလိတ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်
မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ဘုန်းကြီးကျောင်းဝန်းထဲတွင် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် လောင်းကစားဆိုင်ခန်းပေါင်း ၈၀ ထက်မနည်း ရှိနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ဇွန်လ ၁၈ ရက်မှစ၍ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ တော်ကော့ပြင် ဘုန်းကြီးကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားပြီး လိုင်းကြေးအနေဖြင့် ဆိုင်ခန်း ၁ ခန်းကို တစ်ညလျှင်...
နမ့်ခမ်း သတ္တုတင်ယာဉ်တိုက်မှုကြောင့် ကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ၁ ဦးဒဏ်ရာပြင်းထန်
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် သတ္တုတင်ဆောင်လာသည့် ကားမှ ကျောင်းသူ (၂) ဦးကို တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံး၍ ၁ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းတွင် နမ့်ခမ်းမြို့နယ် နောင်တိန်ကျေးရွာတွင် သတ္တုတင်ဆောင်လာသော ကားကြီးသည် တရုတ်ကျောင်းမှ ပြန်လာသည့်...
မောက်မယ်မြို့ ဖုန်းဆိုင်ကို ဝင်ရောက်ဖောက်ထွင်းသည့် အမျိုးသားအား ဖမ်းဆီးရမိ
သျှမ်းပြည် မောက်မယ်မြို့ရှိ ဖုန်းဆိုင်တစ်ခုကို ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၇ ရက်) ည ၁၀ နာရီခန့်တွင် မောက်မယ်မြို့ထဲရှိ ဖုန်းဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးကို တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “CCTV ကနေတဆင့် ဖုန်းကို...
တန့်ယန်းမြို့နယ် အမျိုးသားတစ်ဦး လမ်းတွင် ကားနွံနစ်နေစဉ် ပြန်ပေးဆွဲခံရ
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၅ ဦးက သေနက်ဖြင့် ခြိမ်းခြောက်ကာ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၂ ရက်) နေ့လယ် ၂ နာရီခန့်တွင် တန့်ယန်းမြို့နယ်အတွင်း အမျိုးသား ၄ ဦး ခိုယောင်းကျေးရွာမှ လွယ်ရွဲသို့...
လားရှိုးရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲ လက္ခဏာရှိသူ ၁၀၅ ယောက်ကို ဖမ်းဆီးပြီး မိုင်းရယ်သို့ ထပ်မံပို့ဆောင်
သျှမ်းပြည် လားရှိုးမြို့နယ်မှ မူးယစ်ဆေးစွဲ လက္ခဏာရှိသူများကို လားရှိုးရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မိုင်းရယ်မြို့သို့ ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉ ရက်) တွင် လားရှိုးမြို့အနီးတဝိုက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးစွဲ လက္ခဏာရှိသူ အမျိုးသား စုစုပေါင်း ၁၀၅ ယောက်ကို ၁၂...
လွိုင်ဆမ်ဆစ်ဘုန်းကြီးကျောင်းသို့ သွယ်တန်းသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင်ပေါ်ဘုန်းကြီးကျောင်း ဗုဒ္ဓကောလိပ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ကွက်ခိုင်မြို့နယ်အတွင်း မိုင်းဖုန်းဆရာတော် တည်ထားသည့် လွိုင်ဆမ်ဆစ် တောင်ပေါ်ရှိ ဗုဒ္ဓကောလိပ် ဘုန်းကြီးကျောင်းသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်၌ ခိုးယူခံခဲ့ရကြောင်း ဘုန်းကြီးကျောင်းစောင့်သည့် အမျိုးသားတစ်ဦးက...
သိန္နီမြို့ လောင်ကစားဝိုင်း MNDAA မထိန်းချုပ်နိုင်သေး
သျှမ်းပြည် MNDAA ထိန်းချုပ်ထ သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသော်လည်း လောင်းကစားဝိုင်းများကို ယနေ့ထိတိုင် ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် တိုးချဲ့ဖွင့်လှစ်လာကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ထို့လောင်းကစားဝိုင်းများသည် သိန္နီမြို့ လယ်ဘုရားအနီးတွင် လောင်းကစားဝိုင်းများတွင် စတင်ဖွင့်လှစ်လာပြီး၊ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင်လည်း မိုင်းပါးကျေးရွာ စားသင်ကျောင်းနှင့်...
မူဆယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့်အမျိုးသား ဖမ်းဆီးခံရ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦးအပေါ် ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသားကို ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၃ ရက်) နေ့လည် ၁၁ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်ရှိ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကာလအတွင်း...
မူဆယ်မြို့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပြန်ပေးဆွဲခံရ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂) ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ရပ်ကွက်၊ ရွှေသမင်ဘုန်းကြီး ကျောင်းအနီး၌ အသက် ၆၀ ခန့်အရွယ် (မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်) ဦးဝူစီဖာ...
တာချီလိတ်မြို့၊ မယ်ယန်းတိုးဂိတ်အနီးခရီးသည်တင်( Express )ကားတိမ်းမှောက်
SHAN -
သျှမ်းပြည်ရှေ့ပိုင်း၊ တာချီလိတ်မြို့ မယ်ယန်းတိုးဂိတ်အနီးတွင် ယနေ့ (မေ ၃၁)ရက် မွန်းတည့်ချိန်တွင် မိုးကောင်းကင် (Express) ကား အရှိန်မထိန်းနိုင်ဘဲ တိမ်မှောက်သွားခဲ့ကြေင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ခရီးသည်ကားသည် တာချီလိတ်မှ ကျိုင်းတုံအသွား မယ်ယန်းတိုးဂိတ်အကျော်တွင် ဆိုင်ကယ်ကို ရှောင်ရာမှအ ရှိန်မထိန်းနိုင်ဘဲ ဖြစ်ပွားခဲ့ ကြောင်း ဦးလှမိုး လူမှုကူညီရေးအသင်းမှ ...





