သိန္နီတွင် MNDAA တပ်သားနှင့် အကြည့်ချင်းဆုံရာမှ လူငယ် ၄ ဦး ဖမ်းဆီးရိုက်နှက်ခံရ

သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ် MNDAA ၏ တပ်သားများ အရက်သောက်နေစဉ် လူငယ်များနှင့် စကားများရန်ဖြစ်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။


ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ သိန္နီမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပြဿနာသည် ကိုးကန့်တပ် MNDAA ၏ တပ်သားများနှင့် လူငယ်များအကြား အကြည့်ချင်းဆုံရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

“လူငယ်အချင်းချင်း အကြည့်ချင်းဆုံရာကနေ ပြဿနာ စဖြစ်တာ။ အဲ့လူငယ်တွေက သူတို့ကို စိုက်ကြည့်တယ်ဆိုပြီး မကျေနပ်လို့ ဝင်ရိုက်တာ၊ စတီးခုံတွေနဲ့ကော ဝိုင်းရိုက်ပြီး သေနတ်နဲ့တွေကော ချိန်ခဲ့ကြတယ်လို့ ပြောတယ်။ ပြီးတော့ အဲ့ဒီလူငယ်တွေကို ကိုးကန့်ရဲကားတွေနဲ့ ဖမ်းခေါ်သွားပြီး ရုံးမှာ ထပ်သွားရိုက်သေးတယ်” ဟု ဖြစ်စဉ်သိရှိသူ သိန္နီမြို့ခံတစ်ဦးက ပြောသည်။

ထိုလူငယ် ၄ ဦးကို ကိုးကန့်တပ် MNDAA ဖမ်းဆီးသွားကြောင်း သိရှိရပြီးနောက် သက်ဆိုင်ရာ မိဘများက သွားရောက်တောင်းပန်ခဲ့သဖြင့် ၎င်းတို့ကို ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရိုက်နှက်ခံရသူများသည် အသက် ၂၀ ကျော်အရွယ် သျှမ်းလူငယ်များဖြစ်ကြပြီး ယခင်ကတည်းက MNDAA တပ်သားများနှင့် မည်သည့် ရန်ငြိုးရန်စမှ မရှိခဲ့ကြောင်း ဒေသခံများက ပြောပြသည်။

“MNDAA တပ်သားတွေက သူတို့မှာ အပြစ်ရှိကြောင်း ဝန်မခံဘူး။ ပြီးတော့ အဲ့လူငယ်တွေကိုလည်း အခုတစ်ကြိမ်ပဲရမယ်၊ နောက်တစ်ခါဆိုရင် မရဘူးဆိုပြီးတော့ ခြိမ်းခြောက်ခဲ့သေးတယ်။ သေနတ်ရှိတိုင်း ပြည်သူတွေကို နှိပ်စက်မယ်ဆိုရင် အာဏာရှင်စစ်တပ်နဲ့ မခြားမနား အတူတူပဲ” ဟု သိန္နီမြို့ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်တွင်လည်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် ကိုးကန့်တပ်သား နှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်သည့် ကိစ္စကြောင့် ရန်ဖြစ်ကြပြီး အချင်းချင်း သေနတ်ပစ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့သည်။

လက်ရှိ သိန္နီမြို့နယ်အတွင်း နေထိုင်သည့် လူငယ်များကို ညဘက်အချိန်တွင် စစ်ဆေးတွေ့ရှိလျှင် မူးယစ်ဆေးဝါး သုံးစွဲသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုးကန့်တပ် MNDAA က ဖမ်းဆီးခေါ်ဆောင်လျက်ရှိကြောင်း သိန္နီမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရပ်ကွက် ၃ က သားမက်နဲ့ သား နှစ်ယောက်ကို ဖမ်းခေါ်သွားတယ်။ အကြောင်းကတော့ ညဘက်ကြီး အပြင်ထွက်လို့ဆိုပြီး မူးယစ်ဆေးအကြောင်းပြချက်နဲ့ ဖမ်းခေါ်သွားတာ။ အခုတလော အကြောင်းအရင်းမရှိ လူတွေကို လိုက်ဖမ်းနေတယ်” ဟု ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။

သိန္နီမြို့နယ်မှ MNDAA တပ်ဆုတ်ခွာရမည်ဟု သတင်းထွက်ပေါ်နေသည့်ကြားက ယခုရက်ပိုင်း၌ တပ်သားသစ် စုဆောင်းရာတွင် အမျိုးသမီးများကိုပါ ခေါ်ယူရန် ကိုးကန့်တပ် MNDAA မှ စာရင်းကောက်ယူနေကြောင်း ဒေသခံများက ပြောသည်။

သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်ခဲ့ချိန် ၂၀၂၃ စက်တင်ဘာကုန်ကတည်းက ကိုးကန့်တပ်ဖွဲ့ MNDAA ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...