Friday, January 30, 2026

CATEGORY

မှုခင်း

ကလောမြိုနယ် တွဲကား ၁၂ ဘီးနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး

သျှမ်းပြည် ကလောမြိုန့ယ် တွင် တွဲကား ၁၂ ဘီး နှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ကလောမြို့နယ် ယမန်နေ့ (မေလ ၂၆) ရက် ည ၇ နာရီခွဲ ဝန်းကျင်တွင် ရေယားကျေးရွာ၊ရွှေရေယား စားသောက်ဆိုင်‌ အနီး၌...

ထောင်ချခံရသည့် ရပခ တိုင်းမှူးဟောင်း အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများ ချိတ်ပိတ် သိမ်းဆည်းခံရ

ထောင်ချခံထားရသည့် သျှမ်းပြည်၊ တောင်ကြီးမြို့ အအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုး အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းလိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၅ ရက်) တွင် ပြောသည်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့...

တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ အလုပ်ခေါ်စာမှတဆင့် ငွေကြေးလိမ်လည်မှုရှိနေ

မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ (Facebook )အကောင့်ကို အသုံးပြုပြီး အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကြေးလိမ်းလည်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ (Facebook Page)၌ အလုပ်ခေါ်စာမှတဆင့် အလုပ်ရှာဖွေပေးရန်အတွက် ငွေအရင်လွှဲပေးရမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှု အသစ်ပေါ်ထွန်းနေသည် ဟု ကိုယ်တိုင်ကြုံတွေ့ဖူးသည့်...

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနောက်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ယမန်နေ့ (မေလ ၂၂ ရက်) ည ၇ နာရီ ခွဲဝန်းကျင်ခန့်တွင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်၊ ဆေခမ်းအုပ်ချုပ်ရေးမှူးရုံးနောက် စားသောက်ဆိုင်တစ်အတွင်းရှိ အမျိုးသားတစ်ဦးကို အမည်မသိ...

တာချီလိတ်မြို့ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ

သျှမ်းပြည် တာချီလိတ်မြို့ရှိ ဖုန်းဆိုင်သည်  ယမန်နေ့ (မေ ၁၉)ရက် တွင် ဖောက်ထွင်းခံရပြီး iPhone (အိုင်ဖုန်း)သီးသန့် ခိုးယူသွားကြောင်း စုံစမ်းသိရသည်။  သျှမ်းပြည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်မကြီး၊ ဆန်ဆိုင်းဟိုတယ်အနီးရှိ Hout Same Mobile ဖုန်းဆိုင်ကို ယမန်နေ့ (မေလ၁၉ ရက်) မနက် ၅ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ဆိုင် အတွင်းသို့ ဖောင်ဝင်ပြီး အိုင်ဖုန်းများကိုသာ သီးသန့် ခိုးယူခဲ့ကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဖုန်းတွေကတော့ အများကြီးပါသွားလောက်တယ်။အိုင်ဖုန်းတွေပဲယူသွားတာ။ဆိုင်ထဲကို တစ်ယောက်ထဲ ဝင်ဖောက် သွားတာ။ ဆိုင်ကလည်း  တာချီလိတ်မြို့လယ်ကောင်မှာလို့ပြောလို့ရတာပေ့ါ။ ခုထိတော့ ပြန်မမိသေးဘူး။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ ပြီးခဲ့သည့် မေလ ၁၈ ရက်တွင်လည်း တာချီလိတ်မြို့ ရပ်ကွက်တစ်ခုတွင် အမျိုးသားတစ်ဦး ဖုန်းပြော ဟန်ဆောင်ကာ အိမ်တွင်းတို့ဝင်၍ ဆိုင်ကယ်ခိုးယူခဲ့ကြောင်း သိရသည်။ ထိုသို့ ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေသောကြောင့် လက်ရှိမှာ မည်သူမှ ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း မရှိခြင်းသည့် အတွက်ကြောင့် ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေရကြသည်။  စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်း တာချီလိတ်မြို့အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ၊ ခိုးယူ လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ဆိုင်ကယ်နှင့် ၁၀ ဘီး တွဲကား တိုက်မိကာ အမျိုးသားတစ်ဦးသေဆုံး

သျှမ်းပြည် အောင်ပန်းမြို့ တွင် ဆိုင်ကယ်နှင့် ၁၀ ဘီး တွဲကား ယာဉ်တိုက်မှု ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် အောင်ပန်မြို့၊ ညောင်ပင်တာရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့ (မေ ၁၈)ရက် ညနေ ၄နာရီဝန်းကျင်၌ ၁၀ ဘီး တွဲကားတစ်စီး နှင့်...

မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ...

‘ဝ’ဒေသ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကား ၃ စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွား

သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကား ၃ စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၉ ရက်) ည ၆ နာရီခန့်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်း(ပန်ခမ်း)မြို့လယ်ရှိ နားလော့ရပ်ကွက်၌ ကားတစ်စီးသည် လူနာတင်ယာဉ်အား...

လောင်းကစားဝိုင်း ပြန်အမျိုးသားတစ်ဦးကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး

သျှမ်းပြည် ရွာငံမြို့နယ်တွင် အလောင်းကစားဝိုင်းမှ ပြန်လာသော အမျိုးသားတစ်ဦးကို ဂျိုးဖြူတော်လှန်ရေး တပ်ဖွဲ့ က လမ်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ရွာငံမြို့နယ်တွင် ရိုးရာ တာတက်ပွဲနှင့် ဘုရားပွဲတို့တွင် အလောင်းစားဝိုင်းများ ပြုလုပ်နေပြီး အလောင်းကစားဝိုင်းမှ ပြန်လာသော အမျိုးသားတစ်ဦးကို ကျောက်တောင်ရွာ အနီးတွင် ဂျိုးဖြူတော် လှန်ရေး...

အောင်ပန်းမြို့နယ် ၁ လနီးပါး သေဆုံးနေသော ပိုင်ရှင်မဲ့ အလောင်းတွေ့ရှိ

သျှမ်းပြည် အောင်ပန်းမြို့နယ်တွင် အမည်မသိ ပိုင်ရှင်မဲ့ အမျိုးသမီးအလောင်းတွေ့ရှိခဲ့ကြောင်း စုံးစမ်းသိရသ်။ သျှမ်းပြည် အောင်ပန်းမြို့နယ် ကုန်းနီ ကျေးရွာ အနီးအရှေ့တောင်ဘက်ရှိ သစ်တောထဲတွင် ယမန်နေ့( ဧပြီလ ၂၃) ရက် ညနေ ၄ နာရီဝန်းကျင်၌ အမည်းမသိ ပိုင်ရှင်မဲ့ အမျိုးသမီးတစ်ဦး၏ ရုပ်လောင်းကိုတွေ့ရှိခဲ့ကြောင်း အောင်းပန်းမြို့ ‌ဒေသခံ...

Latest news