UWSA မှ သေနတ်ကျည်ဆံ ခိုးရောင်းသည့် ‘ဝ’တပ်သားနှစ်ဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်

သျှမ်းပြည် UWSA ထိန်းချုပ် ‘ဝ’ဒေသ ပန်ဆန်းမြို့တွင် သေနတ်ကျည်ဆံ ခိုးယူရောင်းချခဲ့သည့် ‘ဝ’တပ်သားနစ်ဦးကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၄ ရက်) နံနက် ၈ နာရီကျော်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ပန်ဆန်းမြို့၌ သေနတ်ကျည်ဆံနှင့် လက်နက်ခဲယမ်းများ ခိုးယူရောင်းချခဲ့သည့် ‘ဝ’တပ်သားနှစ်ဦးကို အများပြည်သူရှေ့တွင် စီရင်ချက် ချမှတ်ခဲ့ရာ တစ်ဦးမှာ သေဒဏ်နှင့် အခြားတစ်ဦးကို နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြစ်ဒဏ် စီရင်ချမှတ်ခံရသည့် ‘ဝ’တပ်သား ၂ ဦးသည် ပန်ဆန်းမြို့ရှိ UWSA ထောက်ပို့ရုံးမှဖြစ်ကြောင်း သိရပြီး ၂၀၂၄ ခုနှစ် မတ်လတွင် ကျည်ထောင့် ၈၀၀ ပါ လက်နက်သေတ္တာ ၄၀ ကို ခိုးယူခဲ့ပြီး အခြားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ ပြန်လည်ရောင်းချခဲ့သည်ဟု UWSA အရာရှိများက အမှုကြားနာစဉ် ပြောဆိုခဲ့သည်။

၎င်းတို့ခိုးယူခဲ့သည့် သေနတ်ကျည်ဆံများနှင့် လက်နက်ခဲယမ်းများကို TNLA တပ်ဖွဲ့ထံ ရောင်းချစဉ် ဖမ်းမိခဲ့ကြောင်း သတင်းထွက်ပေါ်လျက်ရှိရာ အတည်ပြုနိုင်ရန် ‘ဝ’ပြင်ပ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

‘ဝ’တပ်သားနှစ်ဦးမှ ၎င်းတို့ခိုးယူခဲ့သည့် ကျည်တောင့် စုစုပေါင်း ၃၂၀၀၀ ထဲမှ ၁၀၀၀ ကို ကိုယ်တိုင်အသုံးပြုခဲ့ပြီး အခြားကျည်တောင့် ၃၁၀၀၀ ကို တစ်တောင့်လျှင် ၁၅ ယွမ်နှုန်းဖြင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထံ ရောင်းချခဲ့ခြင်းကြောင့် သေဒဏ်စီရင်ခံရခြင်းကြောင်း ဗွီဒီယိုမှတ်တမ်းများအရ သိရသည်။

UWSA ထိန်းချုပ် ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့သည့် ၎င်းတရားစီရင်ရေး အခမ်းအနားသို့ ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ‘ဝ’တပ်ဖွဲ့ဝင်များကို လာရောက်ကြည့်ရှုရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် စစ်ဦးစီးချုပ်ရုံးက ညွှန်ကြားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – သေနတ်ကျည်ဆံ ခိုးရောင်းသည့် ‘ဝ’တပ်သားနှစ်ဦးကို UWSA မှ ပန်ဆန်းမြို့တွင် ပြစ်ဒဏ်စီရင်နေစဉ်

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်ကလည်း ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်မလွှဲအပ်မီ ၎င်းတို့ ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှု ကျူးလွန်သူ (၈) ဦးကို အများပြည်သူရှေ့ သေဒဏ်နှင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် စီရင်ချမှတ်ခဲ့သည်။

၎င်းရာဇဝတ်မှု ကျူးလွန်သူ (၈) ဦးထဲမှ မုဒိမ်းမှုကျူးလွန်သူ တစ်ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ပြီး လူသတ်မှု၊ ခိုးမှုနှင့် လုယက်မှု ကျူးလွန်သူ အမျိုးသား (၇) ဦးတို့ကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် လားရှိုးလေဆိပ်ဘက်တွင် MNDAA မှ ချက်ချင်းကွပ်မျက်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

ပုံစာ – သေနတ်ကျည်ဆံ ခိုးရောင်းသည့် ‘ဝ’တပ်သားနှစ်ဦးကို UWSA မှ ပန်ဆန်းမြို့တွင် ပြစ်ဒဏ်စီရင်နေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...