ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းထဲ အမျိုးသားအလောင်းတွေ့

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်နေစဉ် ချောင်းထဲတွင် အမျိုးသားတစ်ဦး၏ သေဆုံးနေလျက် အလောင်းမျောပါလာခဲ့ကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့ မေလ ၂၅ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေလျက် အလောင်းမျောပါလာခဲ့သဖြင့် ဒေသအတွင်း လူမှုကူညီရေးအသင်းမှ ဆယ်ယူခဲပြီး ထိုအလောင်းကို ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ မယ်ဆိုင်ချောင်းရေသည် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၏ စိုးရိမ်ရေအမှတ်ကို နောက် ၁၂ နာရီအတွင်း ရောက်ရှိနိုသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ် ၁ နာရီတွင် ထုတ်ပြန်ထားသည်။

“အခုရေတွေပြန်တက်လာနေပြီ၊ ဒီညနေအထိတော့ စောင့်ကြည့်ရမယ်” ဟု တာချီလိတ်မြို့ဒေသခံ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေလျှံကာ တာချီလိတ်မြို့ပေါ် ရပ်ကွက်နှင့် လမ်းများပေါ်သို့ ရေများတက်ရောက်ခဲ့သည်။

မိုးဇလ၏ ခန့်မှန်းချက်အရ မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ တနိုင်လုံးအတိုင်းအတာနှင့် မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့ဒေသမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သိရသည်။

မိုးသည်းထွန်ရွာခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၂ လက်မခန့် ကျော်လွန်နေ၊ ရေထပ်တက်လာနိုင်ကြောင်း မိုးဇလအသိပေး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ...

တာချီလိတ်မြို့တွင် ရေထပ်ကြီးပြန်

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယနေ့ (သြဂုတ် ၁၆ )ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် ရေကြီးမှုထပ်မံဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ မယ်ဆိုင်ချောင်း၏ ရေအမှတ်မှာ ၄၁၀ စင်တီမီတာသို့ ရောက်ရှိနေပြီး တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မဟာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း (က) ရပ်ကွက်နှင့် မယ်ခေါင် ရပ်ကွက်များရှိ နေအိမ်များနှင့်...