ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ကို တင်ပို့မည့် လက်လုပ်ပစ္စတိုသေနတ် ၂၅ လက်ကို မယ်ဆိုင်တံတားတွင် ဖမ်းဆီးရမိကြောင်း သိရသည်။
မေလ ၃၁ ရက်နေ့ ညနေပိုင်း ၆ နာရီဝန်းကျင်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ ဝင်ရောက်ရန် တံတားတွင် တန်းစီးနေသည့် သုံးဘီးယာဉ်တစ်စီးကို ထိုင်းအကောက်ခွန်ဂိတ်မှ စစ်ဆေးရာ ကောက်ရိုးထုံးအတွင်းဝှက်ထားသည့် လက်လုပ်ပစ္စတိုသေနတ် ၂၅ လက်ကို ဖမ်းရမိခြင်းဖြစ်ကြောင်း မယ်ဆိုင်သတင်းက ဖော်ပြသည်။
ထို့အပြင် သုံးဘီးယာဉ်နှင့်ပါလာသူ အသက် ၃၄ နှစ်နှင့် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား နှစ်ဦးကိုလည်း ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးမိသူများ၏ ထွက်ဆိုချက်အရ နယ်စပ်တံတားသို့ မရောက်မီ မီတာ ၅၀၀ ခန့်အကွာ မီးပွိုင့်လမ်းဆုံတွင် အမျိုးသားတစ်ဦးမှ ၎င်းတို့ကို ဘတ် ၄၀၀ ပေး၍ ကောက်ရိုးထုံးကို တာချီလိတ်ဘက်သို့ တင်ပို့ခိုင်းကြောင်း၊ ၎င်းတို့မှာလည်း တံတားပိတ်ခါနီးဖြစ်သည့်အတွက် အလျင်စလိုဖြစ်၍ သေချာစွာမစစ်ဆေးဘဲ တင်ဆောင်လာမိခြင်း ဖြစ်ကြောင်း သိရသည်။

လက်လုပ်ပစ္စတိုသေနတ်များသည် တရားမဝင်သောကြောင့် ဖမ်းဆီးရမိသော သုံးဘီးယာဉ်နှင့်ပါလာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့ကို မယ်ဆိုင်အကောက်ခွန်မှ အကောက်ခွန်အက်ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။











Leave a Comments