တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦး မှတ်ပုံတင်စစ်ဆေးရာမှ PDF နှင့်ချိတ်ဆက်မှုရှိသည်ဟုဆိုပြီး ဖမ်းဆီးခံရ

သျှမ်းပြည် တောင်ကြီးနည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦးကို လမ်းခရီးတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ မှတ်ပုံတင်စစ်ဆေးခဲ့ရာ PDF ဖြင့်ချိတ်ဆက်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။

မေလ ၂၅ ရက် နံနက်ပိုင်းတွင် နမ့်စန်မြို့နေ ကျောင်းသူတစ်ဦးသည် တောင်ကြီးမြို့သို့ တက္ကသိုလ်တက်ရောက်ရန် ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နမ့်စန်မြို့အဝင် ထင်းရှူးမြိုင် စစ်ဆေးရေးဂိတ်၌ တက်ဘလက် Tablet ဖြင့် မှတ်ပုံတင် တိုက်စစ်ဆေးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀ (ည) ဖြင့် ဖမ်းဆီးခံလိုက်ရကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

“ရှေ့ရက်က တောင်ကြီးကို ကျောင်းတက်မယ်ဆိုပြီး သွားတဲ့အချိန် ဆိုင်းခေါင်မှာ မှတ်ပုံတင်စစ်တာ၊ စက်ထဲ ထည့်လိုက်တဲ့အချိန် ဘယ်သူတွေပါလဲဆိုတာ လူစာရင်းထွက်လာတာ။ ၂၀၂၂ ကတည်းက တရားစွဲခံထားရတာလို့ ပြောတယ်၊ ကာယကံရှင် သူကိုယ်တိုင်လည်း မသိဘူး။ KPay ကနေ PDF တွေကို ပိုက်ဆံလွှဲပေးတယ် ဆိုပြီး တရားစွဲထားတာလို့ ပြောတာ”ဟု ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ ဖမ်းဆီးလိုက်သည့် ၎င်းကျောင်းသူမှာ အသက် ၂၅ နှစ်အရွယ်ရှိ နန်းချယ်ရီထွန်း ဖြစ်ပြီး တောင်ကြီးနည်းပညာတက္ကသိုလ်ရှိ သတင်းအချက်အလက်နည်းပညာ IT ဌာနတွင် ပဉ္စမနှစ် တက်ရောက်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

တောင်ကြီးနည်းပညာတက္ကသိုလ်

နမ့်စန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာစဉ် လမ်းခရီးတွင် စစ်ကောင်စီ၏ PSMS (Person Scrutinization and Monitoring System) နည်းပညာ အသုံးပြု၍ မှတ်ပုံတင် စစ်ဆေးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(ည) ဖြင့် အေးသာယာ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ခံထားရကြောင်း သိရသည်။

“အခု အေးသာယာကို ခေါ်သွားပြီး အမှုဖွင့်ထားတယ်။ ပိုက်ဆံပေးပြီး ပြန်ထုတ်လာဖို့ အဲ့လောက် မလွယ်ဘူး၊ အမှုရင်ဆိုင်ရဦးမယ်လို့ ကြားတယ်။ မှတ်ပုံတင်ကို စက်နဲ့ တိုက်စစ်နေတာ အခု လေးလပိုင်းတုန်းကမှ စတာ”ဟု ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ မေလ ၂၂ ရက်ကလည်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး လဲချား-မိုင်းနောင်-ကျေးသီး လမ်းဆုံရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ယာဉ်များကို မှတ်ပုံတင် တိုက်ဆိုင်စစ်ဆေးခဲ့သည်။

ထိုသို့ PSMS ဆော့ဖ်ဝဲဖြင့် စစ်ဆေးခဲ့ရာ ကျေးသီးမြို့မှ နမ့်စန်မြို့သို့ ဦးတည်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်တွင် ဒဂုံ(မြို့သစ်) တောင်ပိုင်းမြို့နယ်မှ အသက် (၂၅) နှစ်အရွယ် မချစ်စု ဆိုသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီလက်ဝေခံ မီဒီယာများတွင် ဖော်ပြသည်။

စစ်ကောင်စီ အသုံးပြုနေသည့် PSMS (Person Scrutinization and Monitoring System) နည်းပညာသည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ သီးသန့် ကိုယ်ရေးအချက်အလက်များကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပြီး AI ၊ Facial Recognition ၊ CCTV Analysis နှင့် Biometric Data တို့ဖြင့် တိကျစွာ စောင့်ကြည့်နိုင်သည်။

အဆိုပါ PSMS နည်းပညာကို တရုတ်နိုင်ငံ၏ ဟွာဝေး Huawei နည်းပညာကုမ္ပဏီမှ စစ်ကောင်စီအတွက် ကူညီပေးကြောင်း သတင်းများအရ ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ CDM ဝန်ထမ်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို e-ID မှတ်ပုံတင်စစ်ဆေးပြီး National Database ကွန်ပျူတာစနစ်တွင် အသေးစိတ် စာရင်းသွင်းထားပြီး လူတစ်ဦးချင်းအလိုက် PSMS (Person Scrutinization and Monitoring System) နည်းပညာဖြင့် ပြည်တွင်းနှင့် နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များတွင် အသုံးပြုနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...