Friday, January 30, 2026

CATEGORY

မှုခင်း

ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏ သနပ်ဖက်ဂိုဒေါင်ထဲ လောင်းကစားဖွင့်နေ

သျှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာ၊ကံသာအုပ်စုတွင် ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏သနပ်ဖက်ဂိုဒေါင်တွင်လောင်းကစားဝိုင်းဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ဇူလိူင်လနောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး လေးကောင်ဂျင် လောင်ကစားဝိုင်းအမျိုးအစားဖွင့်ကာ ယင်းလောင်းကစားဝိုင်းကြောင့် ဒေသခံများ ပျက်စီးနေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ "လောင်းကစားကြောင့်ဘဝပျက်သူတွေ အများကြီး သားမယားတွေနဲ့ပါ ကွဲကြတာ၊ မိသားစုတွေ မျက်ရည်မျက်ခွက် ဒုက္ခပေါင်းစုံခံနေရတာ။ ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်သန်း ရဲကင်းမှူးဒုရဲအုပ်(အမည်မသိ)ရပ်ကျေးစာရေးဇေယျာကျော်ဝင်းတို့ ပူးပေါင်း...

အိပ်မောနေသည့် ဇနီးဖြစ်သူပါးစပ်ထဲ ၎င်းအမျိုးသားက ဗြောက်အိုးထည့် ဖောက်ခဲ့

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသားတစ်ဦးသည် အိပ်မောနေသည့် ဇနီးဖြစ်သူ၏ ပါးစပ်ထဲသို့ ဗြောက်အိုးထည့်ပြီး ဖောက်ခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။​ ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်မြို့နယ် မောက်စံပယ်အုပ်စုရှိ ရပ်ကွက် ၄ တွင် ဖြစ်ပွားခဲ့ပြီး တိုင်းကြားမှုအရ ရဲတပ်ဖွဲ့များက ယမန်နေ့ (သြဂုတ် ၆ )ရက်တွင်...

အော်ရီဒူး ဆင်းမ်ကဒ်ဖြင့်ဖွင့်ထားသော KBZ Pay အကောင့်မှ ပိုင်ရှင်မသိဘဲ ငွေထုတ်ယူခံနေရ

ယခုရက်ပိုင်း အော်ရီဒူး (Ooredoo) ဖုန်း ဆင်းမ်ကဒ်ဖြင့် KBZPay အကောင့် ဖွင့်ထားသော့ ပြည်သူအချို့၏ အကောင့်များမှ ငွေများကို ပိုင်ရှင်မသိဘဲ ငွေထုတ်ယူမှုရှိနေကြောင်း ကြုံတွေ့နေရသည့် သူများထံ စုံစမ်းသိရသည်။ လွန်ခဲ့သည့် သြဂုတ် ၄ရက်တွင် အော်ရီဒူး ဖုန်းဆင်းမ်ကဒ် ဖြင့် KBZ Pay အကောင့်ဖွင့်ထားသော...

ညောင်ရွှေမြို့နယ်ရောက်စစ်ဘေးရှောင်လူငယ် တစ်ဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် လွိုင်ကော်မှ စစ်ဘေးရှောင်လာသော လူငယ်တစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အသတ်ခံရပြီး သေဆုံးသွားသည့် စစ်ရှောင်လူငယ်သည် အေးသာယာမြို့ နည်းပညာတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေသော‌ ကျောင်းသားတစ်ဦးဖြစ်ပြီး ဩဂုတ်လ ၂ ရက် သောကြာနေ့ညနေတွင် အေးသာယာမြို့မှ စစ်ရှောင်ရင်းနေထိုင်ရာ ညောင်ရွှေမြို့သို့ ပြန်လာစဉ် လမ်းတွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။ “ရဲတွေကတော့...

စစ်ကောင်စီ တပ်သားအချင်းချင်း ပစ်ခတ် စစ်သား ၃ ဦး နှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် မိုင်းရယ်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁ ဦး နှင့် စစ်ကောင်စီ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ်လ ၄ ရက်) နေ့လည် ၁၁ နာရီကျော်တွင် မိုင်းရယ်မြို့ ပြည်သူ့ ဆေးရုံအရှေ့တွင် စစ်ကောင်စီ...

တရုတ်ကျားဖြန့် ၁၀ ဦးကို UWSA က တရုတ်ရဲတပ်ဖွဲ့ထံ လွှဲအပ်

သျှမ်းပြည် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၀ ဦးကို ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့ရှိ...

နမ့်လန်မြို့တွင်း တစ်ရက်တည်း သူခိုး (၃၄) ဦး ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့တွင်း သူခိုးများ သောင်းကျန်းနေသဖြင့် ဒေသခံများ ဝိုင်းဝန်း ဖမ်းဆီးရာ တစ်ရက်တည်း သူခိုး (၃၄)ဦး ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့ (ဇူလိုင် ၃၁)ရက်ညနေပိုင်း တွင် နမ့်လန်မြို့တွင်း တစ်အိမ်လျှင် အမျိုးသားတစ်ဦးစုကာ မြို့တွင်း သောင်းကျန်း နေသည့် သူခိုးများကို ဝိုင်းဝန်းဖမ်းဆီးရာ...

သီပေါမြို့နယ် MNDAA လုံခြုံရေးယူထားစဉ် ဖုန်းဆိုင် ဖောက်ထွင်းခံရ

သျှမ်းပြည် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်နေထိုင်ပြီး လုံခြုံရေး ယူထားချိန် ဖုန်းဆိုင်တစ်ဆိုင် ဝင်ရောက် ဖောက်ထွင်းခိုးယူခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက် သီ‌ပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ ( MNDAA) တို့...

လားရှိုးမှ စစ်ရှောင်လာသူ ကား ပျောက်ဆုံး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် စစ်ဘေးရှာင် တစ်ဦး၏ ကား ယမန်နေ့ (ဇူလိုင် ၂၁)ရက် ညတွင် ခိုးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကားသမားသည် လက်ရှိ စစ်ရေးပြင်းထန်နေသည့် လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာပြီး ဆောင်ကြဲကျေးရွာသို့ ကားခေတ္တရပ်ဆိုင်းနေစဉ် ယမန်နေ့ (ဇူလိုင် ၂၁)ရက် ကားမှန်ဖောက်ခွဲပြီး...

တာချီလိတ်မြို့ပေါ် ဆိုင်ကယ်သူခိုးများ နေ့စဉ်သောင်းကျန်းနေ

သျှမ်းပြည် တာချီလိတ်မြို့တွင် နေ့စဉ်နီးပါး ဆိုင်ကယ်များ ခိုးယူခံနေရပြီး သူခိုးများ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၈ ရက်) နံနက် ၉ နာရီ ဝန်းကျင်တွင် တာချီလိတ်မြို့ရှိ စျေးအဝင်နား ဆိုင်ကယ်ရပ်ထားပြီး အမျိုးသမီးတစ်ဦး ဈေးသွားဝယ်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးမှ ၎င်းဆိုင်ကယ်ကို ခိုးယူသွားခဲ့ကြောင်း...

Latest news